ဒဂုံမြို့သစ် (မြောက်ပိုင်း) ပြည်ခိုင်ဖြိုးပါတီ ၀ူရှူးအားကစားသင်တန်းဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် ပြည်ထောင်ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်မှ ကြီးမှူး၍ ဝူရှူးအားကစားသင်တန်းဖွင့်ပွဲကို ဧပြီ (၂၅) ရက် နံနက် (၈) နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

 

အဆိုပါအခမ်းအနားတွင် ပြည်ခိုင်ဖြိုးပါတီ အရံဗဟိုကော်မတီဝင် အရှေ့ပိုင်းခရိုင်ပါတီဥက္ကဌ ဦးစိန်မြင့်မှ အဖွင့်အမှာစကား ပြောကြားပြီး သင်တန်းနည်းပြ ဆရာဦးလှဝေမှ သင်တန်းနှင့် ပတ်သတ်သည်များကို ရှင်းလင်းပြောကြားခဲ့သည်။

အခမ်းအနားသို့ တိုင်းပါတီနာယက ဦးထွန်းလွင်၊ ဗဟိုအရံကော်မတီဝင် အရှေ့ပိုင်းခရိုင် ဥက္ကဌ ဦးစိန်မြင့်နှင့် ခရိုင်ပါတီကော်မတီဝင်များ၊ မြို့နယ်ပါတီဥက္ကဌ ဦးခင်မောင်ဇော်နှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ စည်းမှူး၊ အမှုဆောင်များနှင့် သင်တန်းသူ/သားများ တက်ရောက်ခဲ့ ကြကြောင်း သိရသည်။

Ma Pyae (Usdp North Dagon)