မွန်ပြည်နယ်ပါတီနှင့်ခရိုင်၊ မြို့နယ်များ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

 

မွန်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်နယ်၊ ခရိုင်၊ မြို့နယ်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၁၇ ခုနှစ် ဧပြီလ ၂၈ ရက်နေ့ နံနက် ၁၁းဝဝ နာရီအချိန်တွင် မွန်ပြည်နယ်ပါတီရုံး၌ ကျင်းပ ပြုလုပ်ရာ မွန်ပြည်နယ်ပါတီဥက္ကဋ္ဌ ဦးအောင်ကြည်သိန်း၊ ပြည်နယ်ပါတီ အတွင်ရေးမှူး ဦးဝင်းမော်ဦး၊ ပြည်နယ်ပါတီကော်မတီဝင်များ၊ ခရိုင်ဥက္ကဋ္ဌ များ၊ မြို့နယ်ပါတီဥက္ကဋ္ဌများ တက်ရောက်ကြသည်။

အဆိုပါအစည်းအဝေးတွင် ပြည်နယ်ပါတီဥက္ကဋ္ဌမှ လုပ်ငန်းလမ်းညွှန် အဖွင့် အမှာစကားပြောကြားပြီး ပြည်နယ်ကော်မတီဝင်များ၊ ခရိုင်ဥက္ကဋ္ဌများ၊ မြို့နယ်ဥက္ကဋ္ဌများမှ ခရိုင်၊ မြို့နယ်များ၏ လုပ်ငန်းဆောင်ရွက်ချက်များ အား တင်ပြဆွေးနွေကြပြီး ပြည်နယ်ပါတီအတွင်းရေးမှူး ဆောင်ရွက်ရ မည့် လုပ်ငန်းစဉ်များအား ဆွေးနွေးပါသည်။

ထို့နောက် ပြည်နယ်ပါတီဥက္ကဋ္ဌမှ ပြန်လည်ဖြည့်စွပ်ရှင်းလင်းကာ နိဂုံးချုပ် အမှာစကားပြောကြားပြီး ပြည်နယ်ပါတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

#Ayemintun