အိမ်မဲပြည်ခိုင်ဖြိုးပါတီမှ (၆၉)နှစ်မြောက် အာဇာနည်နေ့ တက်ရောက်လွမ်းသူ့ပန်းခွေချ အလေးပြု

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဇူလိုင်လ (၁၉) ရက်နေ့တွင် ကျရောက်သော (၆၉)နှစ်မြောက် အာဇာနည်နေ့ နံနက်(၈)နာရီအချိန်က အိမ်မဲမြို့ လွတ်လပ်ရေး ပန်းခြံရှိ ဗိုလ်ချုပ်ကြေးရုပ်ရှေ့တွင် လွမ်းသူ့ပန်းခွေချ အလေးပြုခဲ့ကြသည်။

69 EMe`4

အဆိုပါအခမ်းအနားကို အိမ်မဲမြို့နယ် ပါတီဥက္ကဋ္ဌ ဦးခင်မောင်ဝင်းနှင့် မြို့နယ်ပါတီကော်မတီဝင်များ ပါတီရုံးအဖွဲ့များ၊ ရပ်ကွက်စည်းရုံးမှူးများ၊ စုစုပေါင်း အင်အား (၃၀) ဦးမှ ချီတက်၍ လွမ်းသူ့ပန်းခွေချ အလေးပြုခဲ့ကြကြောင်း သိရသည်။

USDP Ayeyarwady Region News 


Leave a Reply