“Green Sky “ပရဟိတ လူငယ်အဖွဲ့ ဖွဲ့စည်းခြင်း၊ တွေ့ဆုံမိတ်ဆက်ပွဲ ပြုလုပ်

” Green Sky ” ပရဟိတ လူငယ်အဖွဲ့ ဖွဲ့စည်းခြင်းနှင့် တွေ့ဆုံမိတ်ဆက်ပွဲ အခမ်းအနားကို သံဖြူဇရပ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဦးဆောင်၍ မြို့ပေါ်နှင့် ရပ်ကွက်/ ကျေးရွာ သီးသီးမှ လူငယ်များစုစည်း၍ ” Green Sky ပရဟိတလူငယ်အဖွဲ့” အား ဖွဲ့စည်းခြင်းကို ၂၀၁၆ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့ နံနက် ၁၀း၃၀ နာရီအချိန်တွင် သံဖြူဇရပ်မြို့နယ် ပြည်ခိုင်ဖြိုးရုံး၌ ကျင်းပခဲ့သည်။

g9

အဆိုပါ အခမ်းအနားသို့ သံဖြူဇရပ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးစိုးနိုင်၊ ပြည်နယ် ကော်မတီဝင် ဦးသန်းအေး၊ မြို့နယ်လူငယ်ရေးရာတာဝန်ခံနှင့်လူငယ်များ၊ ရပ်ကွက်/ကျေးရွာများမှ ပ-ခေါင်ဆောင် များ စုစုပေါင်း (၇၀) ဦးခန့် တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် လူငယ် ၄၀ ဦးတို့မှ အစုဖွဲ့လိုက်​​ဆွေး​နွေးခြင်း၊ လူငယ်များအဖွဲ့ ဖွဲ့စည်းရခြင်း အကြောင်းများအား လူငယ်များနှင့် အပြန်အလှန်ဆွေးနွေးခဲ့ကြပါသည်။

ထို့နောက် Green Sky ပရဟိတလူငယ်အဖွဲ့ ဥက္ကဌအဖြစ် မငြိမ်းငြိမ်းခိုင်အား အဖွဲ့ဝင်များမှ ရွေးချယ်ကြပြီး ၄င်းပရဟိတလူငယ်အဖွဲ့အား အဖွဲ့ဝင် ၅ ဦးမှ ဦးဆောင်ကာ အဖွဲ့ဝင်စုစုပေါင်း ၄၀ ဦးဖြင့် ဦးစွာဖွဲ့စည်းပြီး ပရဟိတလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မွန်ပြည်နယ်


Leave a Reply