ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ စည္း႐ုံးေရးဆိုင္ရာေခါင္းေဆာင္မႈသင္တန္း အမွတ္စဥ္(၁)ဖြင့္လွစ္

မတ္ ၁၈၊ ေနျပည္ေတာ္

ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီမွ စည္း႐ုံးေရးဆိုင္ရာေခါင္းေဆာင္မႈသင္တန္း အမွတ္စဥ္(၁)ကို ၂၀၂၄ ခုႏွစ္၊ မတ္လ ၁၈ ရက္ေန႔ နံနက္ ၀၉၂၀ အခ်ိန္၌ ပါတီဌာနခ်ဳပ္ရွိ ညီလာခံခန္းမတြင္ ဖြင့္လွစ္ရာ ပါတီဥကၠ႒ ဦးခင္ရီ၊ ဒုတိယဥကၠ႒မ်ားျဖစ္ၾကသည့္ ဦးျမတ္ဟိန္း၊ ဦးလွထြန္း၊ ဦးမ်ိဳးေဇာ္သိန္း၊ အေထြေထြအတြင္းေရးမႉး ဦးေသာင္းေအး၊ တြဲဖက္အေထြေထြအတြင္းေရးမႉး ဦးတင္ေအာင္ခ်စ္၊ ဗဟိုအတြင္းေရးမႉးမ်ား၊ ဗဟိုအလုပ္အမႈေဆာင္မ်ား၊ ဗဟိုေကာ္မတီဝင္မ်ား၊ တိုင္းေဒသႀကီး/ျပည္နယ္မ်ားမွ သင္တန္းသား/သင္တန္းသူမ်ား တက္ေရာက္ၾကပါသည္။
သင္တန္းဖြင့္ပြဲအခမ္းအနားကို တက္ေရာက္လာေသာ တာဝန္ရွိသူမ်ားႏွင့္ သင္တန္းသား/သင္တန္းသူမ်ားမွ နိုင္ငံေတာ္အလံအေလးျပဳၿပီး နိုင္ငံေတာ္သီခ်င္းသီဆို၍ ဖြင့္လွစ္ခဲ့ၾကပါသည္။ ထို႔ေနာက္ ပါတီဥကၠ႒မွ အဖြင့္အမွာစကားေျပာၾကားရာ “နိုင္ငံေရးသမားေကာင္းမွ တိုင္းျပည္ေကာင္းမယ္ဆိုတာကို ယုံၾကည္ပါေၾကာင္း၊ မိမိအေနနဲ႔ စည္လုံးညီညြတ္မႈနဲ႔ အခ်င္းအခ်င္းအျပန္အလွန္ နားလည္ကူညီမႈေတြဟာ ရည္မွန္းခ်က္ကို အရွိန္အဟုန္နဲ႔ ေအာင္ျမင္နိုင္တဲ့ ေသာ့ခ်က္လို႔လည္း ခံယူထားပါေၾကာင္း၊ ေလ့က်င့္မွ ကၽြမ္းက်င္၊ ကၽြမ္းက်င္မွ ယုံၾကည္၊ ယုံၾကည္မွ ရဲရင့္၊ ရဲရင့္မွ ေအာင္ျမင္ဆိုတဲ့ ေဆာင္ပုဒ္ကိုလည္း အေလးအနက္ထားပါေၾကာင္း၊ ဒီလိုအခ်က္ေတြေၾကာင့္လည္းပဲ ေခါင္းေဆာင္မႈသင္တန္းကို ဖြင့္ရျခင္းျဖစ္ေၾကာင္း၊ ပါတီ၏ ေရတိုေရရွည္ ရည္မွန္းခ်က္မ်ားကို ေဆာင္ရြက္ရမည္ျဖစ္ေၾကာင္း၊ သင္တန္းမွ သင္ၾကားလိုက္ေသာ သင္ခန္းစာမ်ားျဖင့္ ျပည္သူမ်ား ပါဝင္လာေအာင္ ေဆာင္ရြက္ရမွာျဖစ္ေၾကာင္း၊ မိမိတစ္ဦး တစ္ေယာက္မွ ပါတီဝင္အသစ္မ်ား ပိုမိုရရွိေအာင္ ေဆာင္ရြက္ရမွာျဖစ္ေၾကာင္းႏွင့္ မိမိတို႔ပါတီ အဖြဲ႕အစည္းအေပၚမွာ ထာ၀ရသစၥာရွိၾကဖို႔ လိုေၾကာင္း” ေျပာၾကားၿပီး အခမ္းအနားကို နံနက္ ၀၉၄၅ အခ်ိန္တြင္႐ုတ္သိမ္းခဲ့ပါသည္။
ထို႔ေနာက္ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီမွ စည္း႐ုံးေရးဆိုင္ရာေခါင္းေဆာင္မႈသင္တန္း အမွတ္စဥ္(၁) သင္တန္းပထမေန႔ နံနက္ပိုင္းတြင္ ပါတီဥကၠ႒ ဦးခင္ရီႏွင့္ ေန႔လည္ပိုင္းတြင္ အေထြေထြအတြင္းေရးမႉး ဦးေသာင္းေအးတို႔မွ သင္ခန္းစာမ်ား ပို႔ခ်င္သင္ၾကားခဲ့ပါသည္။

=========

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ စည်းရုံးရေးဆိုင်ရာခေါင်းဆောင်မှုသင်တန်း အမှတ်စဉ်(၁)ဖွင့်လှစ်

မတ် ၁၈၊ နေပြည်တော်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ စည်းရုံးရေးဆိုင်ရာခေါင်းဆောင်မှုသင်တန်း အမှတ်စဉ်(၁)ကို ၂၀၂၄ ခုနှစ်၊ မတ်လ ၁၈ ရက်နေ့ နံနက် ၀၉၂၀ အချိန်၌ ပါတီဌာနချုပ်ရှိ ညီလာခံခန်းမတွင် ဖွင့်လှစ်ရာ ပါတီဥက္ကဋ္ဌ ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် ဦးမြတ်ဟိန်း၊ ဦးလှထွန်း၊ ဦးမျိုးဇော်သိန်း၊ အထွေထွေအတွင်းရေးမှူး ဦးသောင်းအေး၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးတင်အောင်ချစ်၊ ဗဟိုအတွင်းရေးမှူးများ၊ ဗဟိုအလုပ်အမှုဆောင်များ၊ ဗဟိုကော်မတီဝင်များ၊ တိုင်းဒေသကြီး/ပြည်နယ်များမှ သင်တန်းသား/သင်တန်းသူများ တက်ရောက်ကြပါသည်။
သင်တန်းဖွင့်ပွဲအခမ်းအနားကို တက်ရောက်လာသော တာဝန်ရှိသူများနှင့် သင်တန်းသား/သင်တန်းသူများမှ နိုင်ငံတော်အလံအလေးပြုပြီး နိုင်ငံတော်သီချင်းသီဆို၍ ဖွင့်လှစ်ခဲ့ကြပါသည်။ ထို့နောက် ပါတီဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားရာ “နိုင်ငံရေးသမားကောင်းမှ တိုင်းပြည်ကောင်းမယ်ဆိုတာကို ယုံကြည်ပါကြောင်း၊ မိမိအနေနဲ့ စည်လုံးညီညွတ်မှုနဲ့ အချင်းအချင်းအပြန်အလှန် နားလည်ကူညီမှုတွေဟာ ရည်မှန်းချက်ကို အရှိန်အဟုန်နဲ့ အောင်မြင်နိုင်တဲ့ သော့ချက်လို့လည်း ခံယူထားပါကြောင်း၊ လေ့ကျင့်မှ ကျွမ်းကျင်၊ ကျွမ်းကျင်မှ ယုံကြည်၊ ယုံကြည်မှ ရဲရင့်၊ ရဲရင့်မှ အောင်မြင်ဆိုတဲ့ ဆောင်ပုဒ်ကိုလည်း အလေးအနက်ထားပါကြောင်း၊ ဒီလိုအချက်တွေကြောင့်လည်းပဲ ခေါင်းဆောင်မှုသင်တန်းကို ဖွင့်ရခြင်းဖြစ်ကြောင်း၊ ပါတီ၏ ရေတိုရေရှည် ရည်မှန်းချက်များကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သင်တန်းမှ သင်ကြားလိုက်သော သင်ခန်းစာများဖြင့် ပြည်သူများ ပါဝင်လာအောင် ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ မိမိတစ်ဦး တစ်ယောက်မှ ပါတီဝင်အသစ်များ ပိုမိုရရှိအောင် ဆောင်ရွက်ရမှာဖြစ်ကြောင်းနှင့် မိမိတို့ပါတီ အဖွဲ့အစည်းအပေါ်မှာ ထာ၀ရသစ္စာရှိကြဖို့ လိုကြောင်း” ပြောကြားပြီး အခမ်းအနားကို နံနက် ၀၉၄၅ အချိန်တွင်ရုတ်သိမ်းခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ စည်းရုံးရေးဆိုင်ရာခေါင်းဆောင်မှုသင်တန်း အမှတ်စဉ်(၁) သင်တန်းပထမနေ့ နံနက်ပိုင်းတွင် ပါတီဥက္ကဋ္ဌ ဦးခင်ရီနှင့် နေ့လည်ပိုင်းတွင် အထွေထွေအတွင်းရေးမှူး ဦးသောင်းအေးတို့မှ သင်ခန်းစာများ ပို့ချင်သင်ကြားခဲ့ပါသည်။