မောင်တောပြည်ခိုင်ဖြိုး ကျေးရွာများရှိ အိမ်ထောင်စုများအတွက် ဆန်အိတ်များလှူဒါန်း

new-picture

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရခိုင်ပြည်နယ်၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် မောင်တောမြို့နယ် မြိုတိုင်းရင်းသားများ နေထိုင်လျက်ရှိသော နန်းရာကိုင်းကျေးရွာအုပ်စု၊ နန်းရာကိုင်း ကျေးရွာနေ အိမ်ထောင်စု (၁၀၀) စု၊ လူဦးရေ (၅၀၀) ခန့်နှင့် သစ်တုံးနားခွဆုံကျေးရွာအုပ်စုရှိ လေးမြို့ကေဒီ၊ ခရုချောင်း၊ ကုံးရွာ၊ ဘန်တိုက်၊ မျောက်ခေါင်းတောင်၊ ပန်းချောင်း၊ ပျားရည်၊ ကျောက်လုံး၊ အင်းချောင်းအထက်နှင့် အင်းချောင်းအောက်ကျေးရွာများနေ အိမ်ထောင်စု (၂၃၈) စု၊ လူဦးရေ (၉၀၀) ခန့်တို့အား ဆန်အိတ် (၁၀၀)၊ တန်ဖိုးငွေ (၂၃) သိန်းကို လည်းကောင်း၊ ဟိန္ဒူလူမျိုးများနေထိုင်သော အိုးထိမ်းရွာရှိ အိမ်ခြေ (၄၀) အား ဆန်အိတ် (၂၀) အိတ်အားလည်းကောင်း၊ ၇-၁၁-၂၀၁၆ နံနက် (၁၀) နာရီအချိန်က မောင်တော မြို့နယ်ပါတီရုံး အစည်းအဝေးခန်းမ၌ ခရိုင်ပါတီဥက္ကဋ္ဌ ဦးထွန်းလှစိန် (ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်) နှင့် ခရိုင်ပါတီကော်မတီဝင်များ၊ မြို့နယ်ပါတီ ဥက္ကဋ္ဌ ဦးဦးခင်မောင်နှင့် မြို့နယ် ပါတီကော်မတီဝင်များမှ ပေးအပ်လှူဒါန်းခဲ့ရာ ကျေးရွာများကိုယ်စားလှယ် ပါတီဝင် တစ်ဦးဖြစ်သူ ဦးမင်အောင် (နန်းရာကိုင်းကျေးရွာ) မှ လက်ခံရယူခဲ့ကြောင်း သတင်းရရှိသည်။

 


Leave a Reply