ကျောက်ဆည်မြို့နယ်ပါတီရုံး၌ Online Media သင်တန်းဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးမှ ကြီးမှူးဖွင့်လှစ်သည့် ၂ဝ၁၆ Online Media သင်တန်းကို နိုဝင်ဘာ (၇) ရက် နံနက် ၈နာရီခွဲက မြို့နယ်ပါတီရုံး သင်တန်းခန်းမဆောင်၌ ဖွင့်လှစ်ခဲ့သည်။

14956377_1122486777846804_2469751343765056162_n

သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ကျောက်ဆည်ခရိုင်ပါတီ ဥက္ကဌ ဦးအောင်မြင့်သန်း မှ အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ပါတီဥက္ကဌ ဦးစိုးစိုးထွန်းမှ သင်တန်းဖွင့်လှစ် ရခြင်းရည်ရွယ်ချက်နှင့် သင်တန်းသားများ လိုက်နာရမည့် စည်းကမ်းများ ဆွေးနွေးမှာကြားခဲ့ပြီး သင်တန်းနည်းပြများအဖြစ် မန္တလေးခရိုင်ပါတီအတွင်းရေးမှူး ဦးကျော်စန်း၊ ခရိုင်ပါတီ ကော်မတီဝင် ဦးဝင်းလှိုင်ငြိမ်၊  အမရပူရမြို့နယ်ပါတီကော်မတီဝင် ဦးဇော်အောင်ထက် တို့က (၂)ရက်တာ ပို့ချဆွေးနွေးသွားမည်ဖြစ်ပြီး ရပ်ကွက်/ကျေးရွာ(၉၆)အုပ်စုမှ ပါတီဝင်လူငယ် သင်တန်းသား/သူ (၆၀)ဦး တက်ရောက်ကြကြောင်း သိရသည်။

credit : ကျောက်ဆည်ပြည်ခိုင်ဖြိုး


Leave a Reply