ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးသန်းဋ္ဌေးအားမြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှ သံအမတ်ကြီး H.E Mr. Andrew Partick မှ လာရောက်တွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဋ္ဌေးသည် မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှသံအမတ်ကြီး H.E Mr. Andrew Partick ဦးဆောင် သည့်ကိုယ်စားလှယ်အဖွဲ့အား အောက်တိုဘာ (၂၆) ရက် မွန်းလွဲ (၁၄း၀၀) နာရီအချိန်တွင် နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဌာနချုပ် ဧည့်ခန်းမ တွင် လက်ခံတွေ့ဆုံခဲ့ပါသည်။

13879434_446332665541866_5957125759712604628_n

ယင်းသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ဆောင်ရွက်ရေး၊ ပြည်တွင်း ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များနှင့် လတ်တလောဖြစ်ပေါ်နေသော အခြေအနေများအပေါ် ပြည်ခိုင်ဖြိုးပါတီ၏ ပူးပေါင်းဆောင်ရွက်မှုတို့ကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ပါသည်။

တွေ့ဆုံပွဲသို့ ပါတီဥက္ကဋ္ဌနှင့်အတူ ဒုတိယဥက္ကဋ္ဌ ဦးမြတ်ဟိန်း၊ အထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်းနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။


Leave a Reply