ကျိုင်းတုံမြို့နယ် ပြည်နယ်လွှတ်တော်အမှတ်(၂)မဲဆန္ဒနယ်မြေတွင် အနိုင်ရရှိခဲ့သည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးရှာမွေလရှဲန်နှင့်တွေ့ဆုံခြင်း

 

၂ဝ၁၇ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် ကျိုင်းတုံမြို့နယ် ပြည်နယ်လွှတ်တော်အမှတ်(၂) မဲဆန္ဒနယ်မြေ၌ ဆန္ဒမဲပေးပိုင်ခွင့် ရှိသူ ၅၆၁၃၆ ဦးရှိသည့်အနက် လာရောက်ဆန္ဒမဲပေးသူ ၂၂၇၆၂ ဦးရှိခဲ့သည်။ ယင်းဆန္ဒမဲပေးသူများအနက်မှ မဲအရေအတွက် ၇ဝ၂၆ မဲဖြင့် အနိုင်ရရှိခဲ့သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကိုယ်စားပြု ဦးရှာမွေလရှဲန်အား တွေ့ဆုံမေးမြန်းမှုများအား ဖော်ပြပေးလိုက်ပါသည်။
ပြည်ခိုင်ဖြိုးကိုယ်စားပြု ဝင် ရောက်ယှဉ်ပြိုင်ပြီး အနိုင်ရရှိ တာနဲ့ပတ်သက်ပြီးတော့ ရင်တွင်း စကားပြောပြပေးပါဦးခင်ဗျ။
ဟုတ်ကဲ့ပါ။ ပြည်သူတွေက ယုံယုံ ကြည်ကြည်နဲ့မဲပေးတဲ့အတွက် အများ ကြီးကျေးဇူးတင်ပါတယ်။ ဝမ်းသာပါ တယ်ဗျာ။ ကျွန်တော်ရဲ့ လုပ်ဆောင် ချက်တွေလည်း အများကြီးရှိလို့ ယုံယုံ ကြည်ကြည်နဲ့ မဲပေးတယ်လို့ ထင်ပါ တယ်။ ပြည်သူကပေးအပ်တဲ့တာဝန်ကို ဆက်လက်ပြီး ထမ်းဆောင်သွားမှာဖြစ် ပါတယ်လို့ ပြောချင်ပါတယ်။ အစွမ်း ကုန်စွမ်းစွမ်းတမံ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
ပြည်နယ်အကျိုးအတွက် ဘာ တွေများ လုပ်ဆောင်မယ်ဆိုတဲ့ ရည်မှန်းချက်များ ချထားတာရှိ ပါသလဲ။
ကျွန်တော့်မဲဆန္ဒနယ်ကိုကြည့်မယ် ဆိုရင် ရပ်ကွက်က နှစ်ခုပဲရှိပါတယ်။ကျန်တာ ကျေးရွာအုပ်စုတွေပါပဲ။ ကျေးရွာအုပ်စု ၁၆ အုပ်စုဆိုတော့ တောင်ပေါ်ဒေသတွေ ကျပါတယ်။တောင်ပေါ်ဒေသမှာ အဓိကလိုအပ်ချက် ဖြစ်မယ်လို့ ကျွန်တော်က သုံးသပ်မိပါ တယ်။ ဒါကြောင့်မို့ ကျွန်တော်ကတော့ ပညာရေးကို ကြိုးစားပြီးတော့ ဆောင် ရွက်သွားမှာ ဖြစ်ပါတယ်။
ဆရာအနေနဲ့ရော မဲဆွယ်ကာလ တုန်းက ပြည်သူကို ဘာတွေများ ကတိကဝတ်တွေ ပေးခဲ့တာရှိ ပါသလဲ။
ကျွန်တော်က ပြောခဲ့တာများတော့ အဓိကတော့ ပညာရေးပါပဲ။၂ဝဝဝ ပြည့် နှစ်ကတည်းက မြို့နယ်လက်ထောက် ပညာရေးမှူးလုပ်ခဲ့တော့ ကျွန်တော် မလုပ်နိုင်ခဲ့တာတွေ အများကြီးရှိပါသေး တယ်။ အဓိကထားပြီးတော့ တောင် ပေါ်ဒေသပညာရေးက မြို့ပေါ်နဲ့စာရင် တော်တော်လေးကွာခြားနေတယ်။ ဒါကို အဓိကထားပြီး ဆောင်ရွက်ပေးမယ်လို့ ပြောခဲ့တော့ ပညာရေးကို ဦးစားပေး ဆောင်ရွက်သွားမယ်။
ပြည်နယ်လွှတ်တော်ထဲရောက် တော့မယ်ဆိုရင် စိန်ခေါ်မှုတွေ ရှိလာနိုင်ပါတယ်။ ဘယ်လိုများ ကြိုတင်ပြင်ဆင်ပြီး ဆောင်ရွက် သွားမလဲဆိုတာ သိလိုပါတယ်။
ကျွန်တော်က ၂ဝ၁ဝ တုန်းကလည်း လွှတ်တော်တက်ခဲ့ဖူးပါတယ်။ ငါးနှစ် တက်ခဲ့တယ်ဆိုတော့ ခက်ခဲလိမ့်မယ် မထင်ဘူး။ ပြည်သူရဲ့လိုအပ်ချက်တွေကို တော့ ရဲရဲဝံ့ဝံ့တင်ပြသွားမှာဖြစ်ပါတယ်။
ဆရာအနေနဲ့ရော ပြည်သူကို ဘာများ စကားလက်ဆောင် ပါးလိုပါသလဲခင်ဗျ။
ပြည်သူတွေကိုတော့ သူတို့မဲပေးတဲ့ အတွက်ကြောင့် အများကြီးကျေးဇူးတင် ပါတယ်။ ပြည်သူတွေရဲ့ လိုအပ်ချက် တွေကိုလည်း ကိုယ်စွမ်း၊ဥာဏ်စွမ်းရှိ
သမျှ ဆောင်ရွက်ပေးသွားမယ်လို့ ပြောချင် ပါတယ်။

နေထက်ဝေ