ပြည်ကြီးတံခွန်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ မိုးရာသီသစ်ပင်စိုက်ပျိုး

ပြည်ကြီးတံခွန်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ၏ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ငွေတော် ကျီကုန်းရပ်ကွက် မင်္ဂလာကန် ဘေးဝန်းကျင်တွင် အောက်တိုဘာလ (၅) ရက် နံနက် ၈နာရီက ကျင်းပခဲ့သည်။

pyi-gyi-tagon

မိုးရာသီသစ်ပင်စိုက်ပျိုးရာသို့ မန္တလေးတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးဝင်းမောင်၊ တိုင်းဒေသကြီး ပါတီကော်မတီ ဝင်များ၊ မန္တလေးခရိုင် ပါတီဥက္ကဋ္ဌ ဦးဘိုသင်းနှင့် ခရိုင် ပါတီ ကော်မတီဝင်များ၊ ပြည်ကြီးတံခွန်မြို့နယ်ပါတီ ဥက္ကဋ္ဌ ဦးစိုးအေးနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ပါတီဝင်များ စုစုပေါင်း အင်အား ၁၅ဝ ခန့် တပျော်တပါး အမှတ်တရ သစ်ပင်စိုက်ပျိုးပေး ခဲ့ကြသည်။

”ပါတီအနေနဲ့ ပြည်သူလူထု အကျိုးစီးပွားကို အမြဲဦးထိပ်ပန်ဆင်ပါတယ်။ အခုလို မင်္ဂလာကန်ဘေးမှာ အရိပ်ရပင် စိုက်ပျိုးပေးတာကလည်း နောင်အခါကျရင် ပြည်သူလူထုအနေနဲ့ ဒီကန်ဘေးက အရိပ်ရပင်တွေအောက်မှာ နားနားနေနေ အနားယူအပန်းဖြေလို့ရပါတယ်။ ပြည်ကြီးတံခွန်မြို့နယ်အတွင်းက ပြည်သူတွေအတွက်ဆိုရင် ကျွန်တော်တို့ပါတီအနေနဲ့ အခုလို သစ်ပင်စိုက်ပျိုးပေးတာအပြင် ပြည်သူလူထုအကျိုးရှိမယ့် ကိစ္စရပ်မှန်သမျှကို တတ်နိုင် သလောက် ပါဝင်ကူညီဆောင်ရွက် ပေးသွားမှာပါ” ဟု သစ်ပင်စိုက် ပျိုးရခြင်းနှင့်ပတ်သက်၍ ပြည်ကြီး တံခွန်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးစိုးအေးက ပြောကြားသည်။

မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် အရိပ်ရသစ်ပင်မျိုးများဖြစ်ကြသည့် ကျွန်း၊ စိန်ပန်း၊ သပြေ၊ ပိတောက် နှင့် ခရေ အစရှိသော အရိပ်ရပင် စုစုပေါင်း ၂၅ဝ ကို စိုက်ပျိုးပေးခဲ့ကြောင်း သိရသည်။

သုတ

 


Leave a Reply