ပြည်နယ်လူငယ်ဖိုရမ်ဖြစ်မြောက်ရေး ပြည်ခိုင်ဖြိုးပါတီမှ ကူညီဖြည့်ဆည်း

အောက်တိုဘာလ ၁၉-၂၀ ရက်နေ့တွင် မင်းပြားမြို့အခြေစိုက် Arakan Youth Forum (ရခိုင်ပြည်နယ်ရုံး) မှ ကျင်းပပြုလုပ်မည့် ပြည်နယ်လူငယ်ဖိုရမ် ဖြစ်မြောက်ရေး အတွက်  ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟို အလုပ်အမှုဆောင်၊ ရခိုင်ပြည်နယ်ပါတီဥက္ကဋ္ဌ ဒေါက်တာစန်းရွှေမှ ထောက်ပံ့ငွေ ဆယ်သိန်းကျပ်ကို ပေးအပ်ပွဲကို အောက်တိုဘာ (၅) ရက် နေ့လည် (၂) နာရီက ရခိုင်ပြည်နယ်ပြည်ခိုင်ဖြိုးပါတီရုံး ဥက္ကဋ္ဌခန်းမအတွင်း၌ ပြုလုပ်ခဲ့သည်။

nay-cho-thway2

အဆိုပါလှူဒါန်းငွေအား ပြည်နယ်ပါတီဥက္ကဋ္ဌ ဒေါက်တာစန်းရွှေမှ ပေးအပ်ခဲ့ရာ ပြည်နယ်လူငယ်ဖိုရမ်စည်းရုံးရေးနှင့် ပူးတွဲစီမံ ကိုဇော်ဇော်ငြိမ်းနှင့် အဖွဲ့ဝင်များက လက်ခံရယူခဲ့သည်။

 “Arakan Youth Forum ကနေပြီးတော့ ပြည်နယ်လူငယ်ဖိုရမ်ကျင်းပဖို့အတွက် ကျွန်တော်တို့ပါတီက အကူအညီ တောင်းခံထားရှိပါတယ်။ အဓိကတော့ ကျွန်တော်တို့ ပါတီဟာ ရခိုင်ပြည်နယ်ရဲ့ဘယ်လိုလူမှုရေးကိစ္စရပ်များကိုမဆို ကျွန်တော်တို့ပါတီအနေနဲ့လည်း အတတ်နိုင်ဆုံးလုပ်ပါတယ်။ ကျွန်တော်တို့ မလုပ်နိုင်တဲ့ကိစ္စမှာ သူများတွေ လုပ် နေတာကိုလည်း ပံ့ပိုးကူညီလိုစိတ်အမြဲတမ်းရှိပါတယ်။ ပံ့ပိုးခဲ့ပါတယ်။ ပံ့ပိုးနေဆဲပါ။ နောက်လည်း ရခိုင်ပြည်နယ် အကျိုးအတွက် တကယ်လိုအပ်တဲ့နေရာမှာ ပံ့ပိုးသွားမှာလည်းဖြစ်ပါတယ်။ ဒါကြောင့် အခုလို ရခိုင်ပြည်နယ် လူငယ်တွေရဲ့အကျိုးအတွက် ပြုလုပ်ကျင်းပမဲ့ ဒီလူငယ်ဖိုရမ်ကျင်းပရေး အတွက် အားတက်သရောနဲ့ ပေးအပ် ခဲ့တာဖြစ်ပါတယ်။ ဖိုရမ်ကျင်းပတဲ့အခါမှာလည်း ကျွန်တော်တို့ပါတီက လူငယ်ကိုယ်စားလှယ်များလည်း တက်ရောက် ဆွေးနွေး သွားဖို့လည်ရှိပါတယ်။” ရခိုင်ပြည်နယ်ပါတီဥက္ကဋ္ဌ ဒေါက်တာစန်းရွှေမှ ဆိုသည်။

နေချိုသွေး

 

 


Leave a Reply