ပြည်ခိုင်ဖြိုးပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေသဖွံ့ဖြိုးတိုးတက်မှု ကြည်ရှုစစ်ဆေး

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးဝင်းသည် နိုဝင်ဘာ (၈) ရက် နံနက်ပိုင်းက ဇေယျာသီရိမြို့နယ်တွင်းရှိ ဒေသဖွံ့ဖြိုးတိုးတက်မှု အခြေအနေများအား သွားရောက်ကြည့်ရှု စစ်ဆေးသည်။

14915509_222082698205782_3168279507263356189_n

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးဝင်းသည် ဇေယျာသီရိမြို့နယ် အုပ်ချုပ်ရေးမှူး ဦးတင်နွယ်နှင့်အတူ တာဝန်ရှိသူများလိုက်ပါလျက် နိုဝင်ဘာ (၈) ရက် နံနက် (၁၀)နာရီအချိန်က ကျည်တောင်ကျေးရွာ၌ ကျည်တောင်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံကာ နယ်မြေလုံခြုံရေး၊ မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေး၊ ရပ်ရွာဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး လိုအပ်ချက်များအား ညှိနှိုင်းဆွေးနွေးခဲ့သည်။

ဆက်လက်၍ ကျည်တောင်ကျေးရွာ ဘုန်တော်ကြီးကျောင်းနှင့် သာယာဝှမ်းကျေးရွာ ဘုန်းတော်ကြီးကျောင်းများသို့ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

Photo # Pethanoo Oo 

Leave a Reply