ရခိုင်အမျိုးသားပါတီ မျက်နှာစုံညီအစည်းအဝေး အောက်တိုဘာတွင် ပြုလုပ်မည်

14518268_1247889905235157_537044929_n

ရခိုင်အမျိုးသားပါတီ မြို့နယ်ပေါင်းစုံမျက်နှာ စုံညီအစည်းအဝေးကို လာမည့် အောက်တိုဘာလဆန်းတွင် ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်၌ ပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

အောက်တိုဘာ ၃ ရက်နှင့် ၄ ရက်တွင် နှစ်ရက်ကြာ ပြုလုပ်မည်ဖြစ်ကာ မြို့နယ်ပါတီကော်မတီဥက္ကဋ္ဌ၊ အတွင်း ရေးမှူး၊ ပါတီအလုပ်အမှုဆောင်ကော်မတီတစ်ဦးနှင့် မြို့နယ်အသီးသီး၏ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ မပျက်မကွက် တက်ရောက်ကြရန် ဖိတ်ကြားထားသည်ဟု ပါတီအထွေထွေအတွင်းရေးမှူး ဦးထွန်းအောင် ကျော် က ပြောကြားသည်။
‘‘အဓိကကတော့ မြို့နယ်တွေမှာ ပါတီရဲ့အခြေအနေက ဘယ်လိုရှိလဲ အဲဒါကိုသိချင်လို့ မျက်နှာစုံညီ အစည်း အဝေးကို လုပ်တာပါ။ အဲဒါတွေသိတော့မှ ရှေ့ဆက်သွား မယ့် ပါတီမူဝါဒတွေကိုချလို့ရမှာ’’ ဟု ဦးထွန်း အောင်ကျော်က ပြောကြားသည်။

အစည်းအဝေးတွင် ရခိုင်ပြည်နယ်၏ လက်ရှိနိုင်ငံရေးအခင်းအကျင်း၊ ၂၀၁၇ ရခိုင်အမျိုးသားပါတီ၏ ပါတီညီလာခံ ကျင်းပရေး၊ ရခိုင်လူမျိုးများ လတ်တလောကြုံ တွေ့နေရသော အကျပ်အတည်းအခက်အခဲများ ဆွေးနွေးမည် ဖြစ်သည်။
ထို့ပြင် ပါတီ၏ မြို့နယ်တစ်ခုချင်းစီရှိ ပါတီဝင်အင်အား၊ ပါတီစည်းရုံးရေးအခြေအနေ၊ ပါတီအပေါ် မြို့နယ်လူထု သဘောထား၊ မြို့နယ်၏ နိုင်ငံရေးအခြေအနေများနှင့် အကြံပြုတင်ပြလိုသော အချက်များပါဝင်သည့် စာတမ်း တစ်စောင်စီကို မြို့နယ်တစ်ခုချင်းစီက တင်သွင်းရမည်ဟု ဦးထွန်းအောင်ကျော်ထံမှ သိရသည်။

ရခိုင်အမျိုးသားပါတီသည် ရခိုင်ပြည်နယ်အတွင်း နေရာအများစု ရရှိထားပြီး ပြည်နယ်လွှတ်တော်တွင် မဲဆန္ဒနယ် ၃၅ နေရာရှိရာ ရခိုင်အမျိုးသားပါတီက ၂၃ နေရာ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကိုးနေရာနှင့် ပြည်ခိုင်ဖြိုး ပါတီက သုံးနေရာအနိုင်ရရှိသည်။

# 7Day



Leave a Reply