မုန်တိုင်းအကြွင်းအကျန် တိမ်တိုက်များကြောင့် ဒေသအချို့ မိုးသက်လေပြင်း ကျရောက်နိုင်

13081804_1136480829709399_320826700_n

ထိုင်ဝမ်ကျွန်းသို့ ၀င်ရောက် တိုက်ခတ်နေသည့် တိုင်ဖွန်းမုန်တိုင်း MEGI ၏ အကြွင်းအကျန် တိမ်တိုက်များ ရွေ့လျားလာနိုင်ခြင်းကြောင့် မြန်မာနိုင်ငံ ကမ်းရိုးတန်း ဒေသများနှင့် ဒေသအချို့တွင် မိုးသက်လေပြင်း ကျရောက် နိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ကြေညာချက် ထုတ်ပြန်သည်။

မြစ်ဝကျွန်းပေါ်ဒေသ၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မိုးသက်လေပြင်း ကျရောက်နိုင်ပြီး လှိုင်းကြီးနိုင်ကြောင်း၊ မိုးသက်လေပြင်း ကျရောက်စဉ် လေတိုက်နှုန်း ၃၅ မိုင် အထိ တိုက်ခတ်နိုင်ကြောင်း အဆိုပါဌာနက ခန့်မှန်းထားသည်။

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ် တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး နေရာကွက် ၍ မိုးကြီးနိုင်ကြောင်း ယင်းဌာနထံမှ သိရသည်။

တိုင်ဖွန်းမုန်တိုင်း MEGI သည် စက်တင်ဘာလ ၂၇ ရက်နေ့တွင် ထိုင်ဝမ်ကျွန်းကို ဖြတ်ကျော် ၀င်ရောက် ခဲ့ပြီးနောက် အားလျော့နည်းသွားခြင်းမရှိဘဲ အများဆုံး လေတိုက်နှုန်း တစ်နာရီလျှင် ၁၀၅ မိုင် နှုန်းဖြင့် တရုတ်နိုင်ငံ အရှေ့အလယ်ပိုင်းကမ်းခြေသို့ ဦးတည်ရွေ့လျားနေကြောင်း၊ အဆိုပါ တိုင်ဖွန်းမုန်တိုင်း ဖြတ်သည့် Landfall Point (ရောက်ရှိမှတ်) မှာ မြင့်နေသည့်အတွက် မြန်မာနိုင်ငံဘက်သို့ ၀င်ရောက်လာနိုင်ခြေ မရှိကြောင်း မိုးလေ၀သ ပညာရှင် ဒေါက်တာထွန်းလွင်က ပြောကြား သည်။

# The Voice


Leave a Reply