တောင်ကိုရီးယား Shinhan Bank ကို မြန်မာနိုင်ငံတွင် ဘဏ်ခွဲ ဖွင့်လှစ်ခွင့်ပြု

14483924_1247889908568490_1876275151_n

ကိုရီးယားနိုင်ငံ Shinhan Bank အား စက်တင်ဘာ ၂ဝ ရက်မှစတင်ကာ မြန်မာ နိုင်ငံတွင် ဘဏ်ခွဲဖွင့်လှစ်ခွင့်အား လုပ်ကိုင်ခွင့်ပြုခဲ့ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ စက်တင်ဘာ၂၇ ရက်က သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းအပြင် နိုင်ငံခြားဘဏ်စိစစ်ရေးကော်မတီအနေဖြင့် အိန္ဒိယနိုင်ငံမှ State Bank of India နှင့် E.Sun Commercial Bank တို့အား ဘဏ်ခွဲဖွင့်လှစ်ခွင့်ပြုရေး အတွက် စိစစ်လျက်ရှိပြီး မကြာမီလပိုင်းအတွင်း ခွင့်ပြုပေး သွားမည်ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြချက်အရ သိရသည်။

လက်ရှိ မြန်မာနိုင်ငံတွင် ကိုယ်စားလှယ်ရုံးခွဲ ဖွင့်လှစ်ထားသည့် နိုင်ငံခြားဘဏ် ၄ဝ ကျော်မှ ၂ဝ၁၄ အောက်တိုဘာလတွင် နိုင်ငံခြားဘဏ် ကိုးခု နှင့် ၂ဝ၁၅ မတ်လ ၄ ရက်တွင် နိုင်ငံခြားဘဏ် လေးခု စုစုပေါင်း နိုင်ငံခြားbဏ် ၁၃ ခုအား တရားဝင် ဘဏ်လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင် ချပေးခဲ့ကြောင်း သိရသည်။

အဆိုပါ နိုင်ငံခြားဘဏ်များမှ ဘဏ် ၁၁ ခုမှ ပြည်တွင်း၌ ဘဏ်ခွဲဖွင့်လှစ်ပြီး ကိုရီးယားနိုင်ငံ Shinhan Bank အား ဖွင့်လှစ်ခွင့်ပြုလိုက်သည့်အတွက် မြန်မာနိုင်ငံတွင် ဖွင့်လှစ်ထားသည့် နိုင်ငံခြားဘဏ်ခွဲပေါင်း ၁၂ ခုအထိ ရှိလာ မည်ဖြစ်ကြောင်း သိရသည်။

စီးပွားရေးပညာရှင် ဦးလှမောင်က ”နိုင်ငံခြားဘဏ်တွေ မြန်မာနိုင်ငံမှာ ဖွင့်လှစ်ခွင့်ပေးတာတော့ ကောင်းပါတယ်။ အခု နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ဖိတ်ခေါ်နေတဲ့ အချိန် ပြည်တွင်းဘဏ်တွေရဲ့ အင်အားနဲ့တော့ အဆင်မပြေဘူး ပေါ့နော်။ ဖွင့်ခွင့်ပေးလိုက်ပေမယ့် သူတို့ကို လုပ်ပိုင်ခွင့်အပြည့် မပေးသေးဘူး။ ပြည်တွင်းဘဏ်တွေ ထိခိုက်မှု မရှိအောင် တစ်ဆင့်ချင်းပေးဖို့ ဗဟိုဘဏ်က စီစဉ်ထားတယ်။ အခု Micro Loan ပေးတယ်။ နောက်ပိုင်း တစ်ဆင့်ချင်း တိုးပေးသွားတာကောင်းပါတယ်” ဟု စက်တင်ဘာ ၂၇ရက် ပြောသည်။

# Democracytoday


Leave a Reply