မြန်မာ့ရွှေဈေးသမိုင်းတစ်လျှောက် ရွှေဈေး စံချိန်တင် ဆက်လက်မြင့်တက်နေ

13081804_1136480829709399_320826700_n

ဒေါ်လာလဲလှယ်ဈေးနှုန်း ဆက်လက်မြင့်တက်နေတာကြောင့် မြန်မာ့ရွှေဈေးလည်း သမိုင်းတစ်လျှောက် စံချိန်တင် မြင့်တက်နေတယ်လို့ ရွှေလုပ်ငန်းရှင် အသိုင်းအ၀ိုင်း က သိရပါတယ်။

စက်တင်ဘာ(၂၇)ရက်မှာတော့ ပြည်တွင်းရွှေဈေးနှုန်းမှာ (၈၉၄၀၀၀) ကျပ်ထိ စံချိန်တင် မြင့်တက်ခဲ့ပြီး ပြည်တွင်း ဒေါ်လာဈေးနှုန်းမှာ (၁၂၆၅)ကျပ်ထိဖြစ်ကာ ကမ္ဘာ့ရွှေဈေးမှာလည်း ဒီနှစ်ပိုင်းမှာ အမြင့်ဆုံးဖြစ်တယ်လို့ မြန်မာ့ ရွှေလုပ်ငန်းရှင် အသိုင်းအ၀ိုင်းက သိရပါတယ်။

အခုလိုရွှေဈေးနှုန်း ရှစ်သိန်းကျော်၊ ကိုးသိန်းနီးပါးထိ မြင့်တက်ခြင်းမှာ မြန်မာ့ရွှေဈေးသမိုင်းတစ်လျှောက်မှာ စံချိန်တင်မြင့်တက်နေတာဖြစ်တယ်လို့ တိတ်စိန်ရွှေဆိုင်က ဦးဇော်အောင်က ပြောပါတယ်။

ပြည်တွင်းရွှေဈေးနှုန်းဟာ စက်တင်ဘာ(၂၀)ရက်မှာ ရုတ်တရက်မြင့်တက်ခဲ့ရာ (၈၇၆၀၀၀) ကျပ်ဝန်းကျင်ထိ ဈေးနှုန်းဖြစ်ပေါ်ခဲ့ပြီး ပြည်တွင်းဒေါ်လာဈေးနှုန်းကတော့ (၁၂၆၀)ကျပ်ဝန်းကျင်ထိ မြင့်တက်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့စက်တင်ဘာ(၂၁)ရက်မှာတော့ ရွှေဈေးနှုန်းဟာ (၈၆၈၄၀၀) ကျပ်ကို ပြန်လည်ကျဆင်းခဲ့ကာ ဒေါ်လာ လဲလှယ်ဈေးနှုန်းကတော့ (၁၂၃၆) ကျပ်ကို ကျဆင်းခဲ့ပါ တယ်။ အခုလိုအချိန်မှာ ရွှေဝယ်ယူရာမှာ အရှုံးပေါ် နိုင်ပေမယ့်ရွှေစုလိုတာကြောင့် ရွှေဈေးတက်ပေမယ့် ၀ယ်ယူနေတာဖြစ်တယ်လို့ ရွှေဝယ်သူတစ်ဦးက ပြောပါတယ်။

(၂၀၁၆)နှစ်စပိုင်းမှာ ရွှေဈေးနှုန်းမှာ (၇)သိန်းကျော်သာ ရှိခဲ့ပေမယ့် အခုလအတွင်း ရွှေဈေးစံချိန်တင် မြင့်တက် နေတာကြောင့် ရွှေဆိုင်တွေအနေနဲ့ အခက်အခဲ တွေရှိနေပြီး ပန်းထိမ်လုပ်ငန်းတွေပါ အလုပ်မရှိ ဖြစ်နေတယ်လို့ သိရပါတယ်။

ရွှေဈေး အတက်၊ အကျဟာ ဒေါ်လာဈေးအပေါ် မူတည်နေတာကြောင့် ဒေါ်လာဈေးတည်ငြိမ်မှ ရွှေဈေးလည်း တည်ငြိမ်မှာဖြစ်တယ်လို့ ရွှေလုပ်ငန်းရှင် အသိုင်းအ၀ိုင်း က သိရပါတယ်။

# Central News Bureau


Leave a Reply