၅.၅ လက်မ Super AMOLED display ပါဝင်သည့် Samsung Galaxy On8

14528427_190743101359331_1210112089_n

Samsung သည် Galaxy On8 စမတ်ဖုန်းကို အိန္ဒိယနိုင်ငံတွင် မိတ်ဆက်ကြေညာခဲ့သည်။ Galaxy On8 ကို အောက်တိုဘာလ ၂ ရက်မှစတင်ကာ Flipkart ပေါ်တွင် ရောင်းချမည်ဖြစ်သည်။

Samsung Galaxy On8 တွင် ၅.၅ လက်မ full HD (1920×1080) Super AMOLED display ကို အသုံးပြုထားသည်။ 1.6GHz Octa-Core processor နှင့် 3GB RAM ဖြင့် အသုံးပြုနိုင်ပြီး သိုလှောင်မှုပမာဏက 16GB ဖြစ်သည်။

MicroSD card ကို အသုံးပြုပြီး သိုလှောင်မှုပမာဏကို 128GB အထိ တိုးမြှင့် သိမ်းဆည်းနိုင်သည်။ ကျောဘက် ကင်မရာ 13MP ဖြစ်ပြီး အရှေ့ဘက်ကင်မရာက 5MP ဖြစ်သည်။ ဘက်ထရီက 3300mAh ဖြစ်ပြီး Android Marshmallow 6.0 ဖြင့် အသုံးပြုနိုင်သည်။ အရွယ်အစား ၁၅၁.၇ x ၇၆ x ၇.၈ မီလီမီတာဖြစ်ပြီး အလေးချိန်က ၁၆၉ ဂရမ်ဖြစ်သည်။

Galaxy On8 ကို ရွှေရောင်၊ အနက်ရောင်နှင့် အဖြူရောင်ဖြင့် ရရှိနိုင်ပြီး တန်ဖိုးက ၁၅,၉၀၀ ရူပီး (၂၄၀ ဒေါ်လာ) ဖြစ်ကြောင်း သိရသည်။

Ref: AndroidAuthority


Leave a Reply