မင်းသမီး ဆောင်းဟေကို ‘Goddess of Asia’ အဖြစ် သတ်မှတ်ခံရ

14528236_190743104692664_1243333924_n

တောင်ကိုရီးယားမင်းသမီး ဆောင်းဟေကိုဟာ အာရှနတ်မိမယ် ‘Goddess of Asia’ အဖြစ် သတ်မှတ်ခံခဲ့ရ ပါတယ်။ ပြီးခဲ့တဲ့ဖေဖော်ဝါရီလက “Descendants of the Sun” ဇာတ်ကားနဲ့ တရှိန်ထိုး နာမည်ကြီးလာတဲ့ မင်းသမီး ဆောင်းဟေကိုဟာ စက်တင်ဘာလမှာတော့ အာရှရဲ့နတ်မိမယ်အဖြစ် သတ်မှတ်ခံခဲ့ရတာဖြစ်
ပါတယ်။

ဒီဘွဲ့ထူးကိုတော့ အွန်လိုင်းမဲပေးပြီး ရွေးချယ်ကြတာဖြစ်ပါတယ်။ ဆောင်းဟေကိုရဲ့ ပရိသတ်တွေက တရုတ် မင်းသမီး Zheng Shuang (ကျဲန်စွမ်း) ကိုအနိုင်ရအောင် မဲပေးကြဖို့ လှုံ့ဆော်ပေးခဲ့တာဖြစ်ပါတယ်။ စက်တင်ဘာ (၂၅)ရက်နေ့ကရလာတဲ့ နောက်ဆုံးအချက်အလက်မှာတော့ ဆောင်းဟေကိုဟာ အာရှနတ်မိမယ် ဆိုတဲ့ ဘွဲ့ထူးကို ပိုင်ဆိုင်နိုင်ခဲ့တာဖြစ်ပါတယ်။

အွန်လိုင်းကနေ မဲပေးရွေးချယ် အပ်နှင်းတဲ့ အာရှနတ်မိမယ်ဘွဲ့ထူးကိုတော့ တရုတ်ဝက်ဘ်ဆိုက် Asian Goddess Entertainment Network ကနေ ပြုလုပ်တာဖြစ်ပြီး ဒီပွဲဟာ တရုတ်မင်းသမီးတွေအပေါ် ဘက်လိုက်လွန်းတယ်လို့ ပရိသတ်တစ်ချို့က ဝေဖန်တာတွေလည်း ရှိပါတယ်။

နံပါတ်တစ် မဲအများဆုံးနေရာမှာ ဆောင်းဟေကို၊ နံပါတ်နှစ်နေရာမှာတော့ ဆောင်းဂျီဟို၊ နံပါတ်သုံးနေရာမှာတော့ Zhao Li Ying (ကျောင်လီ ယင်း)၊ နံပါတ်(၄) Jin Tae Yan (ကျင်တေယန်)နဲ့ နံပါတ်ငါးနေရာမှာတော့ Jessica Jung (ဂျက်ဆီကာဂျွန်း) တို့ အသီးသီးရှိနေခဲ့ကြောင်း morningledger.com မှာဖော်ပြထားပါတယ်။

Central News Bureau


Leave a Reply