‘ပြင်သစ်နိုင်ငံသည် ရောင်းရန်မဟုတ်’ဟု လက်ယာစွန်းခေါင်းဆောင် လီပင်း ကြွေးကြော်

French far-right Front National (FN) party's President, Marine Le Pen, delivers a speech on stage during the FN's summer congress in Frejus, southern France, on September 18, 2016. Marine Le Pen's slogan reading "In the name of the [French] people" is seen on the rostrum. / AFP PHOTO / Franck PENNANT

ပြင်သစ်တောင်ပိုင်း ဖရီဂျူစ်မြို့ ပါတီညီလာခံတွင် မိန့်ခွန်းပြောကြားနေသော လက်ယာစွန်း ပြင်သစ်အမျိုးသား တပ်ဦးပါတီ ခေါင်းဆောင် မာရင်းလီပင်း

(Franck PENNANT/AFP)

 

‘ပြင်သစ်နိုင်ငံသည် ရောင်းရန်မဟုတ်’ ဟု ၎င်း၏ ထောက်ခံသူများက ပြောကြားပြီး ပြင်သစ်  အမျိုးသားရေးတပ်ဦး ပါတီခေါင်းဆောင် မစ္စစ်မာရင်းလီပင်းက ၂၀၁၇ သမ္မတရွေးကောက်ပွဲအတွက် မဲဆွယ်မှုကို စတင်လိုက်သည်။

အမျိုးသားရေးတပ်ဦးပါတီသည် ရွှေ့ပြောင်းနေထိုင်မှုနှင့် ဥရောပသမဂ္ဂကို ဆန့်ကျင်ပြီး မစ္စစ်လီပင်းသည်လည်း နှစ်ဆင့်ခွဲ ကျင်းပမည့် သမ္မတရွေးကောက်ပွဲ ဒုတိယအဆင့်အထိ ရောက်မည်ဖြစ်ကာ ဒုတိယအဆင့်တွင်မှ ပင်မပါတီကြီး၏ ကိုယ်စားလှယ်ကို ရှုံးနိမ့်မည်ဟု လူထုစစ်တမ်းများက ပြဆိုခဲ့သည်။

ပြည်သူများ၏ ကိုယ်စားလှယ်ဟု ကြွေးကြော်ရင်း ပြင်သစ်နိုင်ငံသည် ပြင်သစ်လူမျိုးများ လက်ထဲတွင် မရှိတော့ဟု  မိန့်ခွန်း တစ်လျှောက် အလေးအနက်ထား ပြောကြားခဲ့သည်။

‘‘၂၀၁၇ ရွေးကောက်ပွဲဟာ ခက်ခဲတဲ့ ရွေးချယ်မှုပါ။ တစ်ဖက်မှာ အချုပ်အခြာအာဏာနဲ့ ကိုယ်ပိုင်ပုံစံ၊ တန်ဖိုးနဲ့ ရပ်တည်တဲ့ ပြင်သစ်နဲ့ တခြားတစ်ဖက်မှာ ကျွန်မတို့ မမှတ်မိဘဲ စိမ်းကားနေတဲ့ ပြင်သစ်တို့ကြား ရွေးချယ်မှုပါ’’ ဟု မစ္စစ်လီပင်းက ပြောသည်။

ထို့အပြင် ၎င်း၏ မိန့်ခွန်းအတွင်း လူဝင်မှုကြီးကြပ်ရေးကိစ္စ နှင့် နိုင်ငံခြားမှလာသော နိုင်ငံရေး၊ ဘာသာရေး အလေ့အထများဟု ပြောကာ မွတ်စလင်များကို သွယ်ဝိုက်ရည်ညွှန်း၍ အကြိမ်ကြိမ် ရှုတ်ချပြောဆိုခဲ့သည်။

—Ref: Reuters


Leave a Reply