လွိုင်ကော်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌနှင့်အဖွဲ့ နွားလဝိုးကျေးရွာအုပ်စုပါတီဝင်များနှင့် တွေ့ဆုံပွဲကျင်းပ

 

လွိုင်ကော် မတ် ၆

လွိုင်ကော်မြို့နယ်ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ နှင့်အဖွဲ့သည် ယနေ့နံနက် ၁ဝ နာရီတွင် နွားလဝိုးကျေးရွာအုပ်စု လယ်ထွဲရွာဘုန်းတော်ကြီးကျောင်း ၌ ပါတီဝင်များနှင့် သွားရောက် တွေ့ဆုံခဲ့သည်။

မယ်စဲ့မြို့နယ် ဟိုစဲ့ကျေးရွာ ပြည်ခိုင်ဖြိုးပါတီဝင် လူငယ်များနှင့် တွေ့ဆုံခြင်း

 

မယ်စဲ့မြို့ ၊မတ်လ ၆ ရက်

(၆-၃-၂၀၁၈) ရက်နေ့ နံနက် ၁၀း၁၅ နာရီအချိန်တွင် ဟိုစဲ့ကျေးရွာ ရပ်/ကျေးကော်မတီဝင် နေအိမ်တွင် ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီ မယ်စဲ့မြို့နယ် ပြည်ခိုင်ဖြိုးပါတီနှင့် ဟိုစဲ့ကျေးရွာ ပါတီဝင်များနှင့်သွားရောက်တွေ့ဆုံပါသည်။
၎င်းတွေ့ဆုံရာတွင် ပြည်နယ်ကော်မတီဝင် ဦးကျော်မြင့်(မယ်စဲ့မြို့နယ်တာဝန်ခံ)က မိမိဒေသမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များ၊ ပါတီကိစ္စများ၊ နိုင်ငံရေးအခြေအနေများ၊ ပါတီဝင်လူငယ်များနှင့် အပြန်အလှန်ဆွေးနွေးကြပါသည်။
ယင်းနောက် မယ်စဲ့မြို့နယ် မြို့နယ်ကောက်မတီဝင် ဒေါ်အေးထွန်းမှ ဟိုစဲ့လူငယ်များအတွက် အလှူငွေကျပ် (၆၅၀၀၀ိ/-) ပေးအပ်လှူဒါန်းခဲ့ပါသည်။
ယင်းသို့သွားရောက်ရာတွင် ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီ ပြည်နယ်ကော်မတီဝင် ဦးကျော်မြင့် (မယ်စဲ့မြို့နယ်တာဝန်ခံ)နှင့် ပြည်နယ်ကော်မတီဝင် ဒေါ်ဗျားမြာမောင် မယ်စဲ့မြို့နယ် ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ကော်မတီဝင်များ ရုံးအဖွဲ့များ လိုက်ပါသွားကြောင်း သိရှိရသည်။

ဒီးမော့ဆိုမြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ နန်းမယ်ခုံမြို့ မြို့မ ကယန်းရပ်ကွက် ပါတီဝင်များနှင့်တွေ့ဆုံပွဲ

 

လွိုင်ကော်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒေါပေါ်ကလဲကျေးရွာအုပ်စု ပါတီဝင်နှင့်တွေ့ဆုံပွဲ

 

လွိုင်ကော်မြို့၊ ဖေဖော်ဝါရီ၂၃

ကယားပြည်နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အပတ်စဉ်ပုံမှန် အစည်းအဝေး

 

လွိုင်ကော်၊ ဖေဖော်ဝါရီ ၂၂

ယနေ့ ၂၂-၂-၂၀၁၈ ရက်နေ့ နံနက်(၁၀း၃၀)နာရီမှ နေ့လည်(၁၂း၁၅)နာရီ အချိန် အထိ ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ အပတ်စဉ် ပုံမှန်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ပြည်နယ်ပါတီရုံး အစည်းအဝေး ခန်းတွင် ကျင်းပပြုလုပ်ပါသည်။

ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးပိုးရယ်အောင်သိန်းနှင့်အဖွဲ့ ကျန်းမာရေးကုသမှုခံယူနေသော ချိကယ်ဆရာတော်အား သွားရောက်ဖူးမြော်လှူဒါန်းခြင်း

 

လွိုင်ကော်၊ ဖေဖော်ဝါရီ ၂၁

၂၁-၂-၂၀၁၈ ရက်နေ့ နေ့လည်(၂း၀၀)နာရီ အချိန် ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးပိုးရယ်အောင်သိန်းနှင့်အဖွဲ့ သည် လွိုင်ကော်မြို့၊ ပြည်နယ်ပြည်သူ့ဆေးရုံကြီးတွင် ကျန်းမာရေးဆေးဝါးကုသ ခံယူနေသော ချိကယ်ဆရာတော် ဦးကလျာဏအား သွားရောက်ကြည့်ရှု ကာ ဆေးဝါးကုသခံယူရန်အတွက် အလှူငွေ (၆၅၀၀၀ိ/-)ကျပ် ပေးအပ်လှူဒါန်းခဲ့ ပါသည်။

လွိုင်ကော်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မထောခူကျေးရွာအုပ်စု ပါတီဝင်များနှင့်တွေ့ဆုံပွဲ

 

လွိုင်ကော်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ မထောခူကျေးရွာအုပ်စု လောလာ လိကျေးရွာဘုန်းတော်ကြီးကျောင်းတွင် ဝမ့်ကွန်နှင့် လောလာလိရွာပါတီဝင်များနှင့် ယနေ့နံနက် ၁ဝ နာရီခွဲတွင် သွားရောက်တွေ့ဆုံသည်။

ယင်းသို့တွေ့ဆုံရာတွင် ပြည်နယ်ပြည်ခိုင်ဖြိုး ပါတီ၊ လွိုင်ကော်ခရိုင် ပြည်ခိုင်ဖြိုးပါတီနှင့် လွိုင် ကော်မြို့နယ်ပါတီဥက္ကဋ္ဌနှင့်အဖွဲ့များက ပြည်ခိုင်ဖြိုး ပါတီရှေ့ဆက်လက်လုပ်ဆောင်ရမည့်ပါတီလုပ်ငန်း စဉ်များ၊ ရည်ရွယ်ချက်များ၊ ပါတီဝင်များသိသင့် သိအပ်သောအကြောင်းအရာများ၊ နိုင်ငံရေး၊ စီးပွား ရေး၊ လူမှုရေး၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး အစရှိသောကိစ္စရပ်များအား အကျယ်တဝင့်ဆွေး နွေးခဲ့သည်။

လွိုင်ကော်မြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီေ လာပိတ ကျေးရွာအုပ်စု ပါတီဝင်နှင့်တွေ့ဆုံပွဲ

 

လွိုင်ကော်မြို့၊ ဖေဖော်ဝါရီ ၁၉

ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတြီ ပည်နယ်၊ ခရိုင်၊ မြို့နယ် ပါတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

 

လွိုင်ကော်၊ ဖေဖော်ဝါရီ ၁၆

ကယားပြည်နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အပတ်စဉ်ပုံမှန် အစည်းအဝေး

 

ယနေ့ ၁၅-၂-၂၀၁၈ ရက်နေ့ နံနက်(၁၀း၁၅)နာရီမှ နေ့လည်(၁၂း၃၀)နာရီ အချိန် အထိ ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ အပတ်စဉ် ပုံမှန်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ပြည်နယ်ပါတီရုံး အစည်းအဝေး ခန်းတွင် ကျင်းပပြုလုပ်ပါသည်။

ယင်းအစည်းအဝေးသို့ ကယားပြည်နယ်၊ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ၊ ဦးပိုးရယ်အောင်သိန်း၊ ပြည်နယ်ကော်မတီဝင်များ ဖြစ်ကြသော ဦးကျော်မြင့်၊ ဦးရဲဝင်း၊ ဦးကျော်သင်း၊ ဦးတင်ဦး၊ ဦးအောင်နိုင်ဦး       ဒေါ်မော်မော်ခိုင်၊ ဒေါ်ဗျားမြာမောင်၊ ဒေါ်ဒေါရစ်လေးနှင့် ဒေါ်နန်းယဉ်သီတာထွေးတို့ တက်ရောက်ကြောင်း သိရှိရသည်။