ကယားပြည်နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အပတ်စဉ်ပုံမှန် အစည်းအဝေး

 

ယနေ့ ၁၅-၂-၂၀၁၈ ရက်နေ့ နံနက်(၁၀း၁၅)နာရီမှ နေ့လည်(၁၂း၃၀)နာရီ အချိန် အထိ ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ အပတ်စဉ် ပုံမှန်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ပြည်နယ်ပါတီရုံး အစည်းအဝေး ခန်းတွင် ကျင်းပပြုလုပ်ပါသည်။

ယင်းအစည်းအဝေးသို့ ကယားပြည်နယ်၊ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ၊ ဦးပိုးရယ်အောင်သိန်း၊ ပြည်နယ်ကော်မတီဝင်များ ဖြစ်ကြသော ဦးကျော်မြင့်၊ ဦးရဲဝင်း၊ ဦးကျော်သင်း၊ ဦးတင်ဦး၊ ဦးအောင်နိုင်ဦး       ဒေါ်မော်မော်ခိုင်၊ ဒေါ်ဗျားမြာမောင်၊ ဒေါ်ဒေါရစ်လေးနှင့် ဒေါ်နန်းယဉ်သီတာထွေးတို့ တက်ရောက်ကြောင်း သိရှိရသည်။

လမင်း ချစ်သူ