ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတြီ ပည်နယ်၊ ခရိုင်၊ မြို့နယ် ပါတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

 

လွိုင်ကော်၊ ဖေဖော်ဝါရီ ၁၆

၁၆-၂-၂၀၁၈ ရက်နေ့ နေ့လည် (၁း၀၀) နာရီ အချိန်တွင် ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနှင့် ခရိုင်/မြို့နယ် ပြည်ခိုင်ဖြိုးပါတီ များနှင့် တွေ့ဆုံကာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ပြည်နယ် ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေးခန်း တွင် ကျင်းပပြုလုပ်ပါသည်။
ပထမဦးစွာ ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးပိုးရယ်အောင်သိန်းမှ အမှာစကားပြောကြားပါသည်။ ယင်းနောက် ပြည်နယ်ကော်မတီဝင်လူငယ်ရေးရာတာဝန်ခံ ဦးအောင်နိုင်ဦးမှ ဆွေးနွေးတင်ပြပါသည်။ ဆက်လက်ပြီး ပြည်နယ်ကော်မတီဝင် အသီးသီးမှ လုပ်ငန်းစဉ်များ ချပြဆွေးနွေးပါသည်။ တက်ရောက်လာကြသော လွိုင်ကော်ခရိုင်၊လွိုင်ကော်မြို့နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဖရူဆိုမြို့နယ် ရှားတောမြို့နယ်၊ ဘောလခဲမြို့နယ်၊ ဖါးဆောင်းမြို့နယ်နှင့် မယ်စဲ့မြို့နယ် ပါတီဥက္ကဌများ မှ ရှေ့ဆက်လုပ်ဆောင်ရမည့် ပါတီလုပ်ငန်းများအား အသီးသီး ဆွေးနွေး တင်ပြကြပါသည်။
၎င်းအစည်းအဝေးသို့ ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးပိုးရယ်အောင်သိန်း၊ ပြည်နယ်ပါတီနာယက ဦးတော့ရယ်နှင့် ပြည်နယ်ကော်မတီဝင်များ လွိုင်ကော်ခရိုင်၊ လွိုင်ကော်မြို့နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဖရူဆိုမြို့နယ် ရှားတောမြို့နယ်၊ ဘောလခဲမြို့နယ်၊ ဖါးဆောင်းမြို့နယ်နှင့် မယ်စဲ့မြို့နယ် အသီးသီးမှ ပါတီဥက္ကဌတို့တက် ရောက်ကာ စုစုပေါင်း အင်အား (၁၉) ဦးတက်ရောက် ပြီး အစည်းအဝေးကို နေ့လည်( ၃း၄၅ )နာရီ အချိန်တွင် ပြီးစီးကြောင်း သိရှိရသည်။

Crd;