ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးပိုးရယ်အောင်သိန်းနှင့်အဖွဲ့ ကျန်းမာရေးကုသမှုခံယူနေသော ချိကယ်ဆရာတော်အား သွားရောက်ဖူးမြော်လှူဒါန်းခြင်း

 

လွိုင်ကော်၊ ဖေဖော်ဝါရီ ၂၁

၂၁-၂-၂၀၁၈ ရက်နေ့ နေ့လည်(၂း၀၀)နာရီ အချိန် ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးပိုးရယ်အောင်သိန်းနှင့်အဖွဲ့ သည် လွိုင်ကော်မြို့၊ ပြည်နယ်ပြည်သူ့ဆေးရုံကြီးတွင် ကျန်းမာရေးဆေးဝါးကုသ ခံယူနေသော ချိကယ်ဆရာတော် ဦးကလျာဏအား သွားရောက်ကြည့်ရှု ကာ ဆေးဝါးကုသခံယူရန်အတွက် အလှူငွေ (၆၅၀၀၀ိ/-)ကျပ် ပေးအပ်လှူဒါန်းခဲ့ ပါသည်။

ယင်းသို့သွားရောက်ရာတွင် ပြည်နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးပိုးရယ်အောင်သိန်းနှင့် ပြည်နယ်ကော်မတီဝင် ဦးကျော်မြင့်၊ ဒေါ်ဗျားမြာမောင်၊ လွိုင်ကော်ခရိုင်ကော်မတီ ဒေါ်ခင်မေလတ်နှင့် ကော်မတီဝင်များ၊ လွိုင်ကော်မြို့ နယ် ပါတီဥက္ကဌ ဦးမောင်ရွှေနှင့် မြို့နယ်ကော်မတီဝင်များ၊ ရုံးအဖွဲ့များ လိုက်ပါသွားကြောင်း သိရှိရသည်။

လမင်း ချစ်သူ