အမှားမြင်၍ အမှန်ပြင်မည်

 

၂ဝ၁၇ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲက နီးကပ်လာပြီဖြစ်သည်။ မဲဆန္ဒရှင် ပြည်သူတွေ၏ တစ်နှစ်တာနီးပါး ခါးစည်းခံစားခဲ့ရသည့်ဒုက္ခတွေက ရင်နှင့် အမျှ ဖြစ်၍ ပွင့်အန် ထုတ်ဖော်ပြောလာကြသည်ကို မီဒီယာများတွင် နေ့စဉ် မြင်တွေ့နေရသည်။ ဒေသချင်း အနီးကပ်ဆုံးဖြစ်နေသည့် ရန်ကုန်တိုင်းဒေသ ကြီးရှိ လှိုင်သာယာမြို့နယ်မှ မဲဆန္ဒရှင် ပြည်သူအချို့၏ ပြည်သူ့အသံကို မတ်လ ၁၃ရက်က မီဒီယာတစ်ခုတွင် ဖတ်မှတ်ခဲ့ရ၍ ထပ်ဆင့်ကောက်နုတ် ဖော်ပြအပ်ပါသည်။ (more…)


ဒီမိုကရေစီအသွင်ကူးပြောင်းရေးနှင့် အမြော်အမြင်ကြီးမားသည့် အတိုက်အခံအင်အား

”ဒီမိုကရေစီဆိုပြီး ပြည်သူ့ဆန္ဒ၊ ပြည်သူ့အာဏာလို့ ကြွေးကြော်အော်ဟစ်ပြီး ညာတဲ့စနစ်လည်းရှိတယ်။ လူတွေက တိုင်းသူပြည်သားတွေက အစိုးရအာဏာအပ်လိုက်တုန်းက ကျုပ်တို့ အတွက် ကောင်းအောင်လုပ်ပေးပါဆိုပြီး အပ်လိုက်တာ။ ဒါပေမဲ့ နောက်တော့ ကျုပ်တို့ကို ခင်ဗျားတို့ အုပ်စိုးတဲ့လူတွေက နှိပ်ကွပ်အုပ်ချုပ်ပါဆိုတဲ့ အချက်သာဖြစ်နေခဲ့တယ်။ လူတွေက တင်မြှောက်ပြီး လူတွေရဲ့အကျိုးကိုလုပ်တဲ့လူတွေရဲ့ အစိုးရသာလျှင် ဒီမိုကရေစီဖြစ်နိုင်တယ်”
ဗိုလ်ချုပ်အောင်ဆန်း
(၁၉၄၇ ခုနှစ် မေလ ၁၉ ရက်၊ ဂျူဗလီဟော၌ ကျင်းပခဲ့သည့် ဖဆပလညီလာခံတွင် ဒီမိုကရေစီနှင့် ပတ်သက် သည့်ဆိုခြင်း)

ဒီမိုကရေစီတိုးတက်ခိုင်မာဖို့ ပြည်သူ့ကိုယ်စားလှယ်စစ်များဖြင့် ဖွဲ့စည်းသည့်လွှတ်တော်များ၊ ပြည်သူ့ကိုယ်စားလှယ် စစ်စစ်များမှတစ်ဆင့် ရွေးချယ်ဖွဲ့စည်းသည့် အစိုးရအဖွဲ့တို့ လိုအပ်သကဲ့သို့ လွှတ်တော်တွင်း၊ လွှတ်တော်ပ၌ တောင့်တင်းခိုင်မာသော အတိုက်အခံလည်း လိုအပ်မှာ အမှန်ပင်ဖြစ်ပါတယ်။

 

(more…)


ပြောင်းလဲတိုင်းကောင်းပါရဲ့လား

နေပြည်တော်ရှိ အားကစားတက္ကသိုလ် အဆောက်အအုံအားအမျိုး သားပြန်လည်သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) အဆောက်အအုံအဖြစ် ပြောင်းလဲအသုံးပြုသွားရန် နိုင်ငံတော် သမ္မတရုံးမှ စီစဉ်နေကြောင်း သိရပါသည်။ (NRPC) အတွက်အဆောက်အအုံမရှိသေးသဖြင့် အားကစားတက္ကသိုလ်အဆောက်အအုံကို ခေတ္တ ယာယီအသုံးပြုပြီး နိုင်ငံတော်မှဘတ်ဂျက်ရန်ပုံငွေ တောင်းခံ၍ရရှိလာပါက NRPC အဆောက်အအုံကို သင့်တော် သည့်မြေနေရာတွင် အသစ်ဆောက်လုပ်အသုံးပြုရန် အစီအစဉ်ဆိုပါက လက်ခံနိုင်ပါသည်။ သို့မဟုတ်ဘဲ အပြီး အပိုင် ပြောင်းလဲအသုံးပြုမည်ဆိုပါက ပြည်သူထဲက ပြည်သူတစ်ဦးအနေဖြင့် အလေးအနက် ကန့်ကွက်တင်ပြလိုပါသည်။

14993516_675898995912948_2747299482659852420_n

(more…)


ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အပေးအယူရှိသည်

”ကျွန်ုပ်တို့က အခြေခံဥပဒေမှ ရယူကြသောညီမျှမှုသည် ကျွန်ုပ်တို့အခြေခံဥပဒေသို့ အပေးအယူညီမျှမှုပေါ်၌ တည်နေသည်”
ထိုစာသားကို ဒေါက်တာမောင်မောင်ရေးသားသည့် ‘တို့ပြည်ထောင်စုမြန်မာနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံ’ စာအုပ်တွင် ဖတ်မှတ်ခဲ့ရပါသည်။ ဒေါက်တာမောင်မောင်ဆိုသည်မှာ ဟော်လန်နိုင်ငံThe Hague မြို့တော်ရှိ Academy of Inter-nationl Law မှ အပြည်ပြည်ဆိုင်ရာ ဥပဒေ ဒီပလိုမာ၊ ၁၉၅၆ ခုနှစ်တွင် Utrecht တက္ကသိုလ် မှ အပြည်ပြည်ဆိုင်ရာ ဥပဒေဘာသာရပ်တွင် ဥပဒေပါရဂူဘွဲ့၊ ၁၉၆ဝ-၁၉၆၂ ခုနှစ်များတွင် အမေရိကန်နိုင်ငံ Yale တက္ကသိုလ်၌ အပြည်ပြည် ဆိုင်ရာ ဥပဒေဘာသာရပ်အတွက် ဒေါက်တာဘွဲ့ J.S.D ကိုရရှိခဲ့သူဖြစ်သည်။

2008_constitution

(more…)


ရခိုင်အရေး အပြောနှင့် မဟုတ်ဘဲ အလုပ်နဲ့ သက်သေပြသင့်ပြီ

maxresdefault

ရခိုင်ပြည်နယ် မောင်တောခရိုင်အတွင်း ယခုလ ၉ရက်နေ့က နယ်ခြားစောင့်ရဲတပ်ဖွဲ့ကင်းစခန်းများကို အကြမ်း ဖက် ဘဂါင်္လီလက်နက်ကိုင်လူတစ်စုကို ၀င်ရောက်တိုက်ခိုက်ခဲ့သည့်အတွက် ရဲတပ်ဖွဲ့ဝင်များ နိုင်ငံတော်အ တွက် အသက်ပေးဆပ်ရခြင်း၊ယင်းနောက် တပ်မတော်မှ တည်ငြိမ်အေးချမ်းရေးအတွက် ၀င်ရောက်ဆောင်ရွက် ရာတွင် တပ်မတော်သားများနှင့်အကြမ်းဖက်ဘဂါင်္လီများ အပြန်အလှန်တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းကြောင့် တပ်မ တော် သားအချို့ ထိခိုက်ဒဏ်ရာရရှိခြင်း၊နိုင်ငံတော်အတွက် အသက်ပေးလှူခဲ့ရ သည့်ဖြစ်စဉ်များနှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေစီပါတီသစ်ဥက္ကဌ ဦးသိန်းညွှန့်နှင့်တွေ့ဆုံမေးမြန်းမှုကို ဖော်ပြပေးလိုက်ပါ သည်။

ရခိုင်အသံသည် မြန်မာအသံသာဖြစ်သင့်

လေးစားအပ်သော နိုင်ငံ့ခေါင်းဆောင်တစ်ဦးဖြစ်သော တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လာရောက် တွေ့ဆုံသူ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် (ဟောင်း) နိုဘယ်ငြိမ်းချမ်းရေးဆုရ ‘ကိုဖီအာနန်’ ကို ”အဓိကလိုရင်းမှာ ဒေသခံ ရခိုင်လူမျိုးတို့ ကျေနပ်ဖို့ပဲ″ ဟု ပြောကြားလိုက်ကြောင်း၊ မီဒီယာမှာ ဖတ်ရတွေ့ရသည်။

မှန်ပါ၏။ ရခိုင်အရေးကို ရခိုင်ကျေနပ်ဖို့သာ အဓိကပါ။ အဲဒီမှာ ကိုဖီအာနန် ကိုယ်နှိုက်က လူကြီးလူကောင်းပီသစွာ မြန်မာ့သမိုင်းကို သူမသိတာသိရလို့ ကျေးဇူးတင်ပါကြောင်း လေးနက်မိပါကြောင်း ဝန်ခံစကားပြောသွားသည်။

ပြည်ခိုင်ဖြိုးအသင်းကြီးမှ ပြည်ခိုင်ဖြိုးပါတီသို့၂၁ နှစ်ခရီးစဉ်တစ်လျှောက် အမျိုးသားနိုင်ငံရေးအလံလွှင့်ထူဆဲ ပါတီတွင်းဒီမိုကရေစီရှင်သန်ဆဲ

မြန်မာနိုင်ငံသည် ကိုယ့်ထီးကိုယ့်နန်းကိုယ့် ကြငှန်းဖြင့် ဝင့်ဝင့်ထည်ထည် သမိုင်းထွန်းပြောင် ခဲ့သည်။ မြန်မာတို့သည် ခရုဆန်လွတ်၊ ငှက် တောင်ကျွတ်ပမာ တိုင်းတစ်ပါးသားနယ်ချဲ့ လက် အောက်သို့ ကျွန်သပေါက်အဖြစ် ကျရောက်ခဲ့ သည်။ မြန်မာတို့သည် အင်္ဂလိပ်နယ်ချဲ့နှင့် ဂျပန် ဖက်ဆစ်နယ်ချဲ့တို့လက်အောက်မှ လွတ်မြောက် ကာ အချုပ်အခြာအာဏာပိုင် လွတ်လပ်သော ပြည် ထောင်စုကြီးကို ထူထောင်ခဲ့သည်။ မြန်မာတို့ သည် လွတ်လပ်ရေးရစမှာပင် အာဏာရရှိရေး အတွက် ဝါဒကွဲ၊ လက်ဝဲ၊ လက်ယာသူပုန်မျိုးစုံ ထကြသဖြင့် ပြည်တွင်းစစ်မီးတောက်လောင် သည့်ဒဏ်ခံရသည်။

_DSC2576

(more…)


ပြန်လည်သင့်မြတ်ရေးညီညွတ်ရေးငြိမ်းချမ်းရေး ပြည်ထောင်စုဖွံ့ဖြိုးရေး ပြည်ထောင်စုထာဝရတည်မြဲရေးတို့ကို ပြည်ထောင်စု စိတ်ဓာတ်ဖြင့်သာ ဖော်ဆောင်နိုင်သည်

ပြည်တွင်းငြိမ်းချမ်းရေးသည် ပြည်ထောင်စု မြန်မာနိုင်ငံဖွားတိုင်းရင်းသားပြည်သူတစ်ရပ်လုံးက ကမ္ဘာဦးလူများ နေနှင့်လကိုတောင့်တကြသကဲ့သို့ တောင့်တကြသည်။ ပြည်တွင်းငြိမ်းချမ်းမှသာ နိုင်ငံတော်တည်တံ့ခိုင်မြဲမည်၊ ဖွံ့ဖြိုးတိုးတက်မည်၊ ပြည်သူတို့ ကောင်းကောင်းနေ၊ ကောင်းကောင်းအိပ်၊ ကောင်းကောင်းသွားလာ၊ ကောင်းကောင်း အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ လုပ်နိုင်ကြ မည်ဖြစ်သောကြောင့် ပြည်သူတို့က ငြိမ်းချမ်းချင်ကြပြီ။
ပြည်တွင်းငြိမ်းချမ်းရေးဟူသော စကားရပ်သည် ပြည်တွင်းမငြိမ်းချမ်းသောကြောင့်၊ ဆူပူဆန့်ကျင်ပြီး အချင်းချင်းတိုက်ခိုက်သတ်ဖြတ်ရင်း ပြည်တွင်းစစ်ကြီး ဖန်တီးနေခဲ့ ကြသောကြောင့် ဆယ်စုနှစ်များစွာ အေးအေးချမ်းချမ်းမနေကြရ။ ပြည်သူတို့အသက်ကို ဖက်နှင့်ထုပ်ကာ ဟိုပြေးသည်လွှား နေခဲ့ကြရသောကြောင့် ပြည်သူတို့က ငြိမ်းချမ်းလိုကြခြင်းဖြစ်သည်။

14088512_636544846515030_8846314805813986226_n

(more…)