ပြည်ခိုင်ဖြိုးပါတီဌာနချုပ် (ရန်ကုန်) တွင်ကျင်းပခဲ့သည့် အဆိုပါသတင်းစာရှင်းလင်းပွဲတွင် တက်ရောက်လာသည့် မီဒီယာများ၏ မေးမြန်းမှုများကို သက်ဆိုင်ရာပါတီတာဝန်ရှိသူများ၏ ပြန်လည်ဖြေကြားချက်များမှ ကောက်နှုတ်ဖော်ပြ

 

နိုင်ငံတော်၏ အချုပ်အခြာအာဏာ ပိုင်နက်နယ်မြေ တည်တံ့ခိုင်မြဲရေးနှင့် ပြည်ပစွက်ဖက်မှု အန္တရာယ်ကာကွယ် တားဆီးရေးအတွက် မိမိတို့ပြည်ခိုင်ဖြိုး ပါတီ၏ အရေးကြီးအဆိုကို လွှတ်တော်တွင်း အင်အားအများစု အသာစီးဖြင့် အတည်မပြုရေး ဆောင်ရွက်ခဲ့တာ တွေ့ရပါတယ်။ နိုင်ငံတော်နှင့်ပြည်သူတစ်ရပ်လုံး၏ အမျိုးသားအကျိုးစီးပွား အချုပ်အခြာအာဏာနှင့် ပိုင်နက်နယ်မြေ တည်တံ့ခိုင်မြဲရေးကို တစ်နည်းနည်းဖြင့် ထိပါး ထိခိုက်လာပါက လက်ရှိအစိုးရနဲ့ လွှတ်တော်မှာသာ တာဝန်ရှိမည်ဖြစ်ကြောင်း အသိပေးအပ်ပါတယ်။
တစ်ဆက်တည်း ပြောလိုတာက ဒီနေ့ ပေါင်းစုအင်အား အမျိုးသားရင်ကြားစေ့ရေး။ ဒီကိစ္စတွေကလည်း တကယ်တော့ ကြားရတာ အလွန်အင်မတန်မှ နားဝင်ချို ပါတယ်။ ဖြစ်လာရင် အင်မတန် ကောင်းပါတယ်။ အပြောနဲ့ အလုပ် ဒီကနေ့ ကိုက်ညီရဲ့လားဆိုတာ သတင်းထောက်ကြီးများ စဉ်းစားကြည့်ပါ။ ပေါင်းစု အင်အားဆိုတဲ့နေရာမှာ All Inclusiveလို့ တစ်နည်းအားဖြင့် နားလည်လို့ရပါတယ်။ All Inclusive ဖြစ်ဖို့ နိုင်ငံရေးပါတီတွေ နဲ့ တွေ့ဆုံညှိနှိုင်း အဖြေမရှာသင့်ဘူးလား ဗျာ။ နိုင်ငံရေးပါတီများက နေပြီးတော့ သမ္မတနဲ့တွေ့ခွင့်တောင်းတဲ့ အခြေအနေကို လက်ခံစဉ်းစားဖို့ မသင့်ဘူးလားဗျာ။ ဒီကနေ့လွှတ်တော်အတွင်းမှာ ပြည်သူကို ကိုယ်စားပြုပြီးတော့မှ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့အသံကို နားမထောင်သင့်ဘူးလားဗျာ။ အမျိုးသား ရင်ကြားစေ့ရေး လို့ဆိုတာမှာ ဒီကနေ့ မွန်ပြည်နယ် မော်လမြိုင်နဲ့ ချောင်းဆုံကိုကူးတဲ့ တံတား အမည်ပေးတဲ့နေရာမှာ ဒေသခံမွန်တိုင်းရင်းသားတွေရဲ့ ဆန္ဒကို မစဉ်းစားသင့်ဘူးလားဗျာ။ ဒီကနေ့ ကျွန်တော်တို့ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်မှာ ပြည်နယ်လွှတ်တော် အများဆုံးနိုင်ကြတဲ့ တိုင်းရင်းသားတွေရဲ့ ဆန္ဒအရ ပြည်နယ်လွှတ်တော်များရဲ့ ရွေးချယ်တင်မြှောက်တဲ့သူကို ဝန်ကြီးချုပ် မခန့်သင့်ဘူးလား ဗျာ။ အဲဒီအခါကျတော့ ၂ဝဝ၈ အခြေခံ ဥပဒေအရ ဆောင်ရွက်ခြင်းဖြစ်သည်လို့ ပြောတာတွေ တွေ့ရပါတယ်။ ဒါကြောင့်မို့ အုပ်စုအင်အား၊ အမျိုးသားရင်ကြားစေ့ရေးဆိုတဲ့ ကိစ္စတွေမှာလည်းပဲ အပြောနဲ့ အလုပ် ကိုက်ညီဖို့၊ တကယ်စိတ်ကောင်း စေတနာနဲ့ တိုင်းချစ်ပြည်ချစ်စိတ်နဲ့ နိုင်ငံနဲ့ လူမျိုး၊ အကျိုးစီးပွားကို တကယ်ဆောင် ရွက်လိုတဲ့သစ္စာ အမှန်တွေနဲ့ ဆောင်ရွက် ဖို့ သင့်ပါကြောင်း တင်ပြလိုပါတယ်။
နောက် သတင်းထောက်ကြီးမေးတဲ့ ကိစ္စ ထပ်မံတင်ပြလိုပါတယ်။ ဒီကနေ့ ရေဘေးကယ်ဆယ်ရေးမှာ ကျွန်တော်တို့ ပြည်ခိုင်ဖြိုးပါတီ ဆောင်ရွက်ချက်။ ကျွန် တော်တို့ပါတီက ပါတီဥက္ကဋ္ဌဦးသန်းဌေးက သူဥက္ကဋ္ဌဖြစ်ပြီးကတည်းက ပြောတဲ့ စကား။ တစ်နိုင်ငံလုံးမှာ သဘာဝဘေး အန္တရာယ်ကျရောက်ပြီဆိုတာနဲ့ မည်သူ့ အမိန့်ကိုမှ မစောင့်ဘဲနဲ့ ဒီကနေ့ တို့ပါတီ က အမြန်ဆုံး သွားရောက်ပြီးတော့မှ ကူညီပါ။ ကာကွယ်ပါ။ စောင့်ရှောက်ပါ ဆိုတာ ပြောပြီးဖြစ်ပါတယ်။ ဒီဥက္ကဋ္ဌရဲ့ လမ်းညွှန်ချက် မူဝါဒအတိုင်းပဲ ဘယ် နေရာ၊ ဘယ်ဒေသပဲဖြစ်ဖြစ် ပြည်သူ လူထု ဒုက္ခရောက်ရင် အမြန်ဆုံးသွား ရောက်ပြီး ဖြေရှင်းပါတယ်။ ဒါဟာ ကျွန် တော်တို့ အာဏာရမှ မဟုတ်ပါဘူး။ ကျွန်တော်တို့ တတ်နိုင်တဲ့အပိုင်းနဲ့ ပြည်သူလူထုရဲ့အရေးကိစ္စတွေကို ထပ်တူထပ်မျှ ခံစားပြီး ဝင်ရောက်ကူညီပေးဆပ်တာ ဖြစ်ပါတယ်။ ဒါက လက်ရှိ အခြေအနေ ပြောတာ။ ပြီးခဲ့တဲ့ အစိုးရကာလမှာ သတင်းထောက်များ သိတယ်။ သဘာဝဘေး ကြုံတွေ့လာရင် ပါတီဥက္ကဋ္ဌ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်က ကလေး ရေဘေးမှာ ကြည့်ပါ။ မကွေးတိုင်း ရေဘေးမှာ ကြည့်ပါ။ ဒီလောက် ရာသီဥတုတွေ ဆိုးရွားတဲ့ကြားက လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေနဲ့ အရောက်သွားပြီးတော့ အားပေးနှစ်သိမ့်တယ်။ ဒေသခံ တွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်း ပေးတယ်။ ယုတ်စွအဆုံး မကွေးတိုင်းမှာ ဗျာ မုန်းချောင်းကြီးက တအားရေများပြီး အန္တရာယ်ဖြစ်လာပြီ။ ကျွန်တော်တို့ လုံလုံခြုံခြုံမှ အိပ်ရပါ့မလားဆိုတော့ အဲဒီမှာ ကျွန်တော်တို့ ပြောလိုက်ပါတယ်။ အဲဒီဆည်ပေါ်မှာ သမ္မတကြီးနေပါတယ်။ ကင်းစောင့်ပေးနေပါတယ်။ ပြည်သူလူထု အေးအေးချမ်းချမ်းနဲ့ အိပ်နေကြပါလို့။ ဒီလိုဖြစ်စဉ်မျိုးဖြစ်ခဲ့တာ ဖြစ်ပါတယ်။ ကျွန်တော်တို့သည် ဒီကနေ့ပြည်သူ့ပါတီ အဖြစ် ခံယူပြီး ဆောင်ရွက်တဲ့အချိန်မှာ ပြည်သူ့အရေးပဲကြည့်ပါတယ်။ ပါတီ အရေးနဲ့ ပြည်သူ့အရေး ယှဉ်လာရင် ပြည်သူ့အရေးကိုပဲ ဦးစားပေးရမှာပါ။ ကျွန်တော်တို့ရဲ့ ကိုယ်ရေးကိုယ်တာတွေ၊ ကျွန်တော်တို့ အထိမ်းအမှတ်တွေ မလုပ် ပါဘူး။ ဒါအားလုံးအသိပါ။ ဒါကြောင့် ကျွန်တော်တင်ပြချင်တာက ဒီကနေ့ ပြည်ခိုင်ဖြိုးပါတီသည် ၂ဝ၁၆ ခုနှစ် ဒုတိယအကြိမ် ပါတီညီလာခံကနေပြီး တော့မှ ပါတီဥက္ကဋ္ဌသစ် ဦးသန်းဌေးကို ရွေးချယ်တင်မြှောက်ပြီးတော့မှ ဥက္ကဋ္ဌ သစ်နဲ့ စိတ်သစ်၊ လူသစ်၊ မူသစ်နဲ့ ကျွန်တော်တို့ ပါတီကောင်းအောင် ဆောင် ရွက်နေသလို ဒီကနေ့ နိုင်ငံတော်နဲ့ နိုင်ငံသားအကျိုးကိုလည်း ယခုထက် ပိုမိုသယ်ပိုးဆောင်ရွက်နိုင်အောင် ကြိုးပမ်း နေပါတယ်။ ပြည်သူနဲ့အတူဆိုတာ လုပ်ရပ်နဲ့သက်သေပြပြီးတော့မှ ပြည်သူ့ အကျိုးစီးပွားကို ဆောင်ရွက်နေတယ်ဆို တာ တင်ပြလိုပါတယ်။