မေလးရွားနိုင္ငံမွ ျမန္မာအပါအဝင္ နိုင္ငံျခားသား အလုပ္သမားေခၚယူမႈ ရပ္ဆိုင္းမည္

မတ္ ၁၄

မေလးရွားနိုင္ငံအေနျဖင့္ Calling Visa က်ၿပီး လက္က်န္အလုပ္သမားမ်ားကို ဧၿပီလကုန္အထိသာ ေနာက္ဆုံးဝင္ေရာက္ခြင့္ေပးေတာ့မွာ ျဖစ္ပါတယ္။ လာမည့္ ဇြန္လ ၁ ရက္မွစတင္ကာ ျမန္မာအပါအဝင္ နိုင္ငံျခား သား အလုပ္သမားေခၚယူမႈကို ရပ္ဆိုင္းေတာ့မွာျဖစ္ေၾကာင္း မေလးရွားနိုင္ငံ လူဝင္မႈႀကီးၾကပ္ေရးဌာနက ထုတ္ျပန္ ထားပါတယ္။

ဒါ့အျပင္ မေလးရွားနိုင္ငံရွိ စက္႐ုံ၊ အလုပ္႐ုံမ်ားမွ ယခင္က ခြင့္ျပဳခဲ့သည့္ နိုင္ငံျခားသား အလုပ္သမား ေခၚယူ ခြင့္ KSM Approval လက္က်န္မွ မေလးရွား အလုပ္ရွင္အေနျဖင့္ Calling Visa ေလၽွာက္ထားမႈကိုလည္း မတ္လ ၃၁ ရက္ ေနာက္ဆုံးထားခြင့္ျပဳေပးသြားမွာျဖစ္ေၾကာင္း သိရပါတယ္။

Calling Visa ရရွိၿပီးတဲ့ နိုင္ငံျခားသား အလုပ္သမား မ်ားကို ေမလ ၃၁ ရက္ ေနာက္ဆုံးထားၿပီး ေခၚယူခြင့္ျပဳသြားမွာျဖစ္ေၾကာင္း သိရပါတယ္။

မေလးရွားနိုင္ငံရွိ စက္႐ုံ၊ စိုက္ပ်ိဳးေရး၊ ေဆာက္လုပ္ေရးလုပ္ငန္းခြင္မ်ားတြင္ ျမန္မာ၊ ဘဂၤလားေဒ့ရွ္ႏွင့္ နီေပါ စတဲ့နိုင္ငံသားအမ်ားစု ေရႊ႕ေျပာင္း လုပ္ကိုင္ေနၾကျခင္း ျဖစ္ပါတယ္။

ဒါ့အျပင္ ၂၀၂၄ ခုႏွစ္ မတ္လ ၁ ရက္ ကေန ဒီဇင္ဘာလ ၃၁ ရက္အထိ နိုင္ငံအတြင္း တရားမဝင္ ေရာက္ရွိ ေနၾကသည့္ နိုင္ငံျခားသားမ်ားကို ၁၄ ရက္အတြင္း မေလးရွားနိုင္ငံမွ ျပန္လည္ထြက္ခြာရန္ မေလးရွား အစိုးရက အသိေပးထားပါတယ္။

၂၀၂၃ ခုႏွစ္ ဒီဇင္ဘာလ ၃၁ ရက္အထိ ေအဂ်င္စီအစီအစဥ္ျဖင့္လည္းေကာင္း၊ မိမိအစီအစဥ္ ျဖင့္လည္းေကာင္း ခြင့္ျပန္/ PR အစီအစဥ္မ်ားျဖင့္ မေလးရွားနိုင္ငံသို ျမန္မာနိုင္ငံသားဦးေရ ၃၉၀,၇၇၇ ကို ေစလႊတ္ ခြင့္ ျပဳခဲ့ေၾကာင္း အလုပ္သမားဝန္ႀကီးဌာနက ထုတ္ျပန္ထားတဲ့စာရင္းမ်ားအရ သိရပါတယ္။

ဒါ့အျပင္ မေလးရွားနိုင္ငံမွ Calling Visa က်ၿပီး လက္က်န္အလုပ္သမားမ်ားကို ဧၿပီလကုန္အထိသာ ေနာက္ဆုံးဝင္ေရာက္ခြင့္ေပးေတာ့မည္ျဖစ္တဲ့အတြက္ ျပည္တြင္းရွိ ေအဂ်င္စီတခ်ိဳ႕က အခ်ိဳ႕ေသာပြဲစားမ်ားရဲ့ အြန္လိုင္းမွတစ္ဆင့္ အလုပ္သမားေခၚယူေနမႈမ်ားကို သတိထားရန္ သတိေပးထားပါတယ္။

========

မလေးရှားနိုင်ငံမှ မြန်မာအပါအဝင် နိုင်ငံခြားသား အလုပ်သမားခေါ်ယူမှု ရပ်ဆိုင်းမည်

မတ် ၁၄

မလေးရှားနိုင်ငံအနေဖြင့် Calling Visa ကျပြီး လက်ကျန်အလုပ်သမားများကို ဧပြီလကုန်အထိသာ နောက်ဆုံးဝင်ရောက်ခွင့်ပေးတော့မှာ ဖြစ်ပါတယ်။ လာမည့် ဇွန်လ ၁ ရက်မှစတင်ကာ မြန်မာအပါအဝင် နိုင်ငံခြား သား အလုပ်သမားခေါ်ယူမှုကို ရပ်ဆိုင်းတော့မှာဖြစ်ကြောင်း မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာနက ထုတ်ပြန် ထားပါတယ်။

ဒါ့အပြင် မလေးရှားနိုင်ငံရှိ စက်ရုံ၊ အလုပ်ရုံများမှ ယခင်က ခွင့်ပြုခဲ့သည့် နိုင်ငံခြားသား အလုပ်သမား ခေါ်ယူ ခွင့် KSM Approval လက်ကျန်မှ မလေးရှား အလုပ်ရှင်အနေဖြင့် Calling Visa လျှောက်ထားမှုကိုလည်း မတ်လ ၃၁ ရက် နောက်ဆုံးထားခွင့်ပြုပေးသွားမှာဖြစ်ကြောင်း သိရပါတယ်။

Calling Visa ရရှိပြီးတဲ့ နိုင်ငံခြားသား အလုပ်သမား များကို မေလ ၃၁ ရက် နောက်ဆုံးထားပြီး ခေါ်ယူခွင့်ပြုသွားမှာဖြစ်ကြောင်း သိရပါတယ်။

မလေးရှားနိုင်ငံရှိ စက်ရုံ၊ စိုက်ပျိုးရေး၊ ဆောက်လုပ်ရေးလုပ်ငန်းခွင်များတွင် မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နှင့် နီပေါ စတဲ့နိုင်ငံသားအများစု ရွှေ့ပြောင်း လုပ်ကိုင်နေကြခြင်း ဖြစ်ပါတယ်။

ဒါ့အပြင် ၂၀၂၄ ခုနှစ် မတ်လ ၁ ရက် ကနေ ဒီဇင်ဘာလ ၃၁ ရက်အထိ နိုင်ငံအတွင်း တရားမဝင် ရောက်ရှိ နေကြသည့် နိုင်ငံခြားသားများကို ၁၄ ရက်အတွင်း မလေးရှားနိုင်ငံမှ ပြန်လည်ထွက်ခွာရန် မလေးရှား အစိုးရက အသိပေးထားပါတယ်။

၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်အထိ အေဂျင်စီအစီအစဉ်ဖြင့်လည်းကောင်း၊ မိမိအစီအစဉ် ဖြင့်လည်းကောင်း ခွင့်ပြန်/ PR အစီအစဉ်များဖြင့် မလေးရှားနိုင်ငံသို မြန်မာနိုင်ငံသားဦးရေ ၃၉၀,၇၇၇ ကို စေလွှတ် ခွင့် ပြုခဲ့ကြောင်း အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့စာရင်းများအရ သိရပါတယ်။

ဒါ့အပြင် မလေးရှားနိုင်ငံမှ Calling Visa ကျပြီး လက်ကျန်အလုပ်သမားများကို ဧပြီလကုန်အထိသာ နောက်ဆုံးဝင်ရောက်ခွင့်ပေးတော့မည်ဖြစ်တဲ့အတွက် ပြည်တွင်းရှိ အေဂျင်စီတချို့က အချို့သောပွဲစားများရဲ့ အွန်လိုင်းမှတစ်ဆင့် အလုပ်သမားခေါ်ယူနေမှုများကို သတိထားရန် သတိပေးထားပါတယ်။