(​၂၀)ႀကိမ္ေျမာက္ ပါတီတြင္းေဆြးေႏြးပြဲ ျပည္ခိုင္ၿဖိဳးပါတီျပဳလုပ္

မတ္ ၁၃၊ ေနျပည္ေတာ္

ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီသည္ ပါတီတြင္းေဆြးေႏြးပြဲမ်ားကို အပတ္စဥ္ ဗုဒၶဟူးေန႔ နံနက္တိုင္းတြင္ က်င္းပျပဳလုပ္လ်က္ရွိရာ ၂၀၂၄ ခုႏွစ္၊ မတ္လ (၁၃)ရက္ေန႔၊ နံနက္ ၀၉:၀၀ အခ်ိန္တြင္ျပဳလုပ္ေသာ ေဆြးေႏြးပြဲသည္ အႀကိမ္ (၂၀)ျပည့္ေသာ ေဆြးေႏြးပြဲတစ္ခုျဖစ္ပါသည္။
အဆိုပါ အႀကိမ္ (၂၀)ေျမာက္ ပါတီတြင္းေဆြးေႏြးပြဲကို “စည္ပင္သာယာေရးဆိုင္ရာ ေဆာင္ရြက္ခ်က္မ်ား” ေခါင္းစဥ္ျဖင့္ ဗဟိုအလုပ္အမႈေဆာင္ ဦးတင့္လွိုင္ျမင့္ႏွင့္ ဗဟိုအလုပ္အမႈေဆာင္ ပဲခူးတိုင္းေဒသႀကီး ပါတီဥကၠ႒ ဦးရဲျမင့္ထြန္းတို႔မွ ဦးေဆာင္ေဆြးေႏြးကာ ေဆြးေႏြးခ်က္မ်ားႏွင့္ စပ္လ်ဥ္းၿပီး တက္ေရာက္လာၾကသည့္ ဗဟိုအတြင္းေရးမႉးမ်ား၊ ဗဟိုအလုပ္အမႈေဆာင္မ်ား၊ ဗဟိုေကာ္မတီဝင္မ်ားက မိမိတို႔ လုပ္ကိုင္ေဆာင္ရြက္ရာတြင္ ေတြ႕ၾကဳံခဲ့ရေသာ အေတြ႕အၾကဳံမ်ား၊ ​ေဖန္သုံးသပ္ခ်က္မ်ား၊ သိရွိလိုသည္မ်ားအား တင္ျပေဆြးေႏြးၾကပါသည္။
၎ေနာက္ ဒုတိယဥကၠ႒မ်ားႏွင့္ အေထြေထြအတြင္းေရးမႉးတို႔မွ ဦးေဆာင္ေဆြးေႏြးသူတို႔၏ ေဆြးေႏြးမႈမ်ား၊ တက္ေရာက္သူတို႔၏ ေဆြးေႏြးမႈမ်ားအေပၚ လိုအပ္သည္မ်ားျဖည့္စြက္၍ အႀကံျပဳေဆြးေႏြးခဲ့ပါသည္။ ေဆြးေႏြးမႈမ်ားအၿပီးတြင္ ပါတီဥကၠ႒က နိဂုံးခ်ဳပ္အမွာစကားေျပာၾကားရာ “မိမိတို႔ပါတီအေနနဲ႔ ယခုေဆြးေႏြးမႈက႑နဲ႔ပတ္သက္ၿပီး ေဆာင္ရြက္သင့္သည့္ကိစၥရပ္မ်ား၊ ေရြးေကာက္ပြဲကတိကဝတ္တြင္ ထည့္သြင္း ေရးဆြဲသင့္ သည့္အခ်က္မ်ား၊ ေသာက္သုံးေရရရွိေရး၊ ေရစီးေရလာေကာင္းမြန္ေရးႏွင့္ လိုင္စင္ အခြန္ကိစၥရပ္မ်ား၊ သဘာဝပတ္ဝန္းက်င္၊ က်န္းမာေရးႏွင့္ဆက္စပ္ေနသည့္ကိစၥရပ္မ်ား” အား အက်ယ္တဝံ့ရွင္းလင္းေျပာၾကားခဲ့ၿပီး ေဆြးေႏြးပြဲကို ေန႔လည္ ၁၃:၁၅ အခ်ိန္တြင္ ႐ုပ္သိမ္းခဲ့ပါသည္။
ပါတီတြင္းေဆြးေႏြးပြဲသို႔ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ ဥကၠ႒ ဦးခင္ရီ၊ ဒုတိယဥကၠ႒ ဦးျမတ္ဟိန္း၊ ဦးမ်ိဳးေဇာ္သိန္း၊ အေထြေထြအတြင္းေရးမႉး ဦးေသာင္းေအး၊ တြဲဖက္အေထြေထြအတြင္းေရးမႉး ဦးတင္ေအာင္ခ်စ္၊ ဗဟိုအတြင္းေရးမႉးမ်ား၊ ဗဟိုအလုပ္အမႈေဆာင္မ်ား၊ ဗဟိုေကာ္မတီဝင္မ်ား၊ ဌာနခ်ဳပ္မႉးႏွင့္ ဌာနမႉမ်ား တက္ေရာက္ခဲ့ပါသည္။

=========

(​၂၀)ကြိမ်မြောက် ပါတီတွင်းဆွေးနွေးပွဲ ပြည်ခိုင်ဖြိုးပါတီပြုလုပ်

မတ် ၁၃၊ နေပြည်တော်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် ပါတီတွင်းဆွေးနွေးပွဲများကို အပတ်စဥ် ဗုဒ္ဓဟူးနေ့ နံနက်တိုင်းတွင် ကျင်းပပြုလုပ်လျက်ရှိရာ ၂၀၂၄ ခုနှစ်၊ မတ်လ (၁၃)ရက်နေ့၊ နံနက် ၀၉:၀၀ အချိန်တွင်ပြုလုပ်သော ဆွေးနွေးပွဲသည် အကြိမ် (၂၀)ပြည့်သော ဆွေးနွေးပွဲတစ်ခုဖြစ်ပါသည်။
အဆိုပါ အကြိမ် (၂၀)မြောက် ပါတီတွင်းဆွေးနွေးပွဲကို “စည်ပင်သာယာရေးဆိုင်ရာ ဆောင်ရွက်ချက်များ” ခေါင်းစဥ်ဖြင့် ဗဟိုအလုပ်အမှုဆောင် ဦးတင့်လှိုင်မြင့်နှင့် ဗဟိုအလုပ်အမှုဆောင် ပဲခူးတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးရဲမြင့်ထွန်းတို့မှ ဦးဆောင်ဆွေးနွေးကာ ဆွေးနွေးချက်များနှင့် စပ်လျဥ်းပြီး တက်ရောက်လာကြသည့် ဗဟိုအတွင်းရေးမှူးများ၊ ဗဟိုအလုပ်အမှုဆောင်များ၊ ဗဟိုကော်မတီဝင်များက မိမိတို့ လုပ်ကိုင်ဆောင်ရွက်ရာတွင် တွေ့ကြုံခဲ့ရသော အတွေ့အကြုံများ၊ ​ဖေန်သုံးသပ်ချက်များ၊ သိရှိလိုသည်များအား တင်ပြဆွေးနွေးကြပါသည်။
၎င်းနောက် ဒုတိယဥက္ကဋ္ဌများနှင့် အထွေထွေအတွင်းရေးမှူးတို့မှ ဦးဆောင်ဆွေးနွေးသူတို့၏ ဆွေးနွေးမှုများ၊ တက်ရောက်သူတို့၏ ဆွေးနွေးမှုများအပေါ် လိုအပ်သည်များဖြည့်စွက်၍ အကြံပြုဆွေးနွေးခဲ့ပါသည်။ ဆွေးနွေးမှုများအပြီးတွင် ပါတီဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားရာ “မိမိတို့ပါတီအနေနဲ့ ယခုဆွေးနွေးမှုကဏ္ဍနဲ့ပတ်သက်ပြီး ဆောင်ရွက်သင့်သည့်ကိစ္စရပ်များ၊ ရွေးကောက်ပွဲကတိကဝတ်တွင် ထည့်သွင်း ရေးဆွဲသင့် သည့်အချက်များ၊ သောက်သုံးရေရရှိရေး၊ ရေစီးရေလာကောင်းမွန်ရေးနှင့် လိုင်စင် အခွန်ကိစ္စရပ်များ၊ သဘာဝပတ်ဝန်းကျင်၊ ကျန်းမာရေးနှင့်ဆက်စပ်နေသည့်ကိစ္စရပ်များ” အား အကျယ်တဝံ့ရှင်းလင်းပြောကြားခဲ့ပြီး ဆွေးနွေးပွဲကို နေ့လည် ၁၃:၁၅ အချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။
ပါတီတွင်းဆွေးနွေးပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌ ဦးမြတ်ဟိန်း၊ ဦးမျိုးဇော်သိန်း၊ အထွေထွေအတွင်းရေးမှူး ဦးသောင်းအေး၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးတင်အောင်ချစ်၊ ဗဟိုအတွင်းရေးမှူးများ၊ ဗဟိုအလုပ်အမှုဆောင်များ၊ ဗဟိုကော်မတီဝင်များ၊ ဌာနချုပ်မှူးနှင့် ဌာနမှူများ တက်ရောက်ခဲ့ပါသည်။