ကျိုက်ထိုမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်း

 

ကျိုက်ထို၊ သြဂုတ် ၂၄

ကျိုက်ထိုမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ယမန်နေ့နံနက် ၁၀နာရီတွင် စစ်တောင်စံပြ ကျေးရွာ ဟေမာမြိုင်ဆရာတော် အားဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲသို့ ဗဟိုပါတီ ကော်မတီ၀င် ဉီးဌေးလွင်၊မြို့နယ်ပါတီ နာယက ဦးစိုး၀င်း၊ဦးမြင့်ဆွေ၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးဇေယျာဦး၊အတွင်းရေးမှူး ဦးကြည်စိုး၊ မြို့နယ်ပါတီ ကော်မတီဝင်တို့သည် ဟေမာမြိုင် ဆရာတော် အား ဝါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်းခဲ့ကြ​ပါသည်။

ပြည်ခိုင်ဖြိုးပါတီ ကျိုက်ထိုမြို့နယ်