သံတွဲတွင် ပါတီမျက်နှာစုံညီ အစည်းအဝေးကျင်းပ

သံတွဲမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမျက်နှာ စုံညီအစည်းဝေးကို ဇွန် ၃ဝ ရက် နံနက် ၈ နာရီ ၄၅ မိနစ်မှ ညနေ ၅ နာရီအထိ သံတွဲခရိုင် ပါတီရုံး ခန်းမတွင်ကျင်းပခဲ့ရာ အခမ်းအနားတွင် သဘာပတိအဖြစ် ပြည်နယ် တွဲဖက်အတွင်းရေးမှူး ဦးသန်းဝေ က ဆောင်ရွက်ပြီး အဖွင့်အမှာ စကားပြောကြားသည်။

13592449_617148528454662_473924077526880673_n

သဘာ ပတိအဖွဲ့ဝင်များအဖြစ် မြို့နယ် ပါတီနာယက ဦးလှဟန်၊ ပြည်နယ် ကော်မတီဝင် ဦးတင်မောင်သန်း၊ ခရိုင်ဥက္ကဋ္ဌ ဦးဖိုးရီအောင်နှင့် ကော် မတီဝင် ဒေါ်ဝင်းမင်းမာထွန်းတို့က ဆောင်ရွက်ပြီး ရွေးကောက်ပွဲကို ဒီမိုကရေစီ နည်းလမ်းတကျ ဆောင်ရွက်ရွေးချယ်ခဲ့ကာ ဥက္ကဋ္ဌ ဦးစန်းနိုင်၊အတွင်းရေးမှူးဦးကြည်ရွှေနှင့် ဘဏ္ဍာရေးမှူး ဦးရဲမြင့်တို့အား အသီးသီး တာဝန်ပေးအပ်ခဲ့သည်။ မျက်နှာစုံညီအစည်းအဝေးသို့ စုစုပေါင်း အင်အား ၁၆၂ ဦး တက် ရောက်ကြပြီး ဥက္ကဋ္ဌနှင့် ကော်မတီ ဝင်များ၊ အရန်ကော်မတီဝင်များက သဘာပတိ၏ရှေ့မှောက်တွင် ကတိ သစ္စာခံယူကြကာ အခမ်းအနားကို ကြွေးကြော်သံများဖြင့် ရုပ်သိမ်းခဲ့ ကြောင်း သိရသည်။

မောင်ကြံ့ခိုင်(သံတွဲ)


Leave a Reply