႐ုရွားသည္ ကင္ဆာကာကြယ္ေဆးထုတ္ရန္ နီးစပ္ေနၿပီ–ပူတင္

ေမာ္စကို၊ေဖေဖာ္ဝါရီ ၁၅
႐ုရွားသမၼတဗလာဒီမာပူတင္က ႐ုရွားသည္ ကင္ဆာေရာဂါ ကာကြယ္ေဆးမ်ားကို ထုတ္နိုင္ေတာ့မည္ျဖစ္ရာ မၾကာမီ ကင္ဆာ ကာကြယ္ေဆးမ်ားကို ရရွိနိုင္ေတာ့မည္ျဖစ္ေၾကာင္းႏွင့္ ႐ုရွား၏သိပၸံပညာဆိုင္ရာႀကိဳးပမ္းမႈမ်ားမွ သိသာထင္ရွားေသာတိုးတက္မႈတစ္ရပ္အျဖစ္ထုတ္ျပန္ေၾကျငာခဲ့သည္။
႐ုပ္ျမင္သံၾကား၌မိန႔္ခြန္းေျပာၾကားစဥ္တြင္ ပူတင္က “ကၽြန္ေတာ္တို႔ဟာ ကင္ဆာကာကြယ္ေဆးေတြနဲ႔ ကိုယ္ခံအားျမင့္မားေစမယ့္ ေဆးေတြကို ထုတ္လုပ္တဲ့ နယ္ပယ္‌ေတြမွာ သိသာထင္ရွားတဲ့မွတ္တိုင္တစ္ခုကို ေရာက္ရွိေနၿပီျဖစ္ပါတယ္၊ဒီတိုးတက္မႈေတြဟာ သိပ္မၾကာခင္မွာပဲ ထိေရာက္တဲ့တစ္ဦးခ်င္းသီးသန႔္ကုထုံးေတြျဖစ္လာမယ္လို႔ေမၽွာ္လင့္ပါတာ္” ဟုလည္း ၎ကေျပာၾကားခဲ့သည္။
႐ုရွားထုတ္ကင္ဆာကာကြယ္‌ေဆးသည္ မည့္သည့္ကင္ဆာအမ်ိဳးအစားအတြက္ထုတ္လုပ္သည္ႏွင့္ မည္သို႔ေသာလုပ္ေဆာင္ခ်က္မ်ားရွိသည္ဟူ‌ေသာအခ်က္မ်ားႏွင့္ပတ္သက္၍ ပူတင္ကေျပာၾကားခဲ့ျခင္းမရွိေသာ္လည္း နိုင္ငံအမ်ားအျပားႏွင့္ အဖြဲ႕အစည္းမ်ားသည္ အလားတူသုေတသနလုပ္ငန္းမ်ားတြင္ တက္ႂကြစြာပါဝင္ေဆာင္ရြက္ေနၾကသည္ကိုလည္းေတြ႕ရသည္။
ဥပမာအားျဖင့္မူ ယမန္ႏွစ္က ယူေကအစိုးရသည္ ၂၀၃၀ ျပည့္ႏွစ္တြင္ လူနာ ၁၀,၀၀၀ ဦးအထိစမ္းသပ္ကုသနိုင္ရန္ေမၽွာ္မွန္းခ်က္ျဖင့္ တစ္ဦးခ်င္းကင္ဆာကုသမႈမ်ားအတြက္ လက္ေတြ႕စမ္းသပ္မႈမ်ားစတင္ရန္ ဂ်ာမနီနိုင္ငံအေျခစိုက္ BioNTech ႏွင့္ သေဘာတူညီခ်က္တစ္ခုလည္းရရွိခဲ့သည္။
ကမၻာ့က်န္းမာေရးအဖြဲ႕အေနျဖင့္လည္း သားအိမ္ေခါင္းကင္ဆာအပါအဝင္ ကင္ဆာအမ်ိဳးမ်ိဳးကိုျဖစ္ပြားေစသည့္ human papillomaviruses (HPV) ႏွင့္ အသည္းကင္ဆာျဖစ္ေစနိုင္သည့္အသည္းေရာင္အသားဝါ B (HBV) ပိုးတို႔အတြက္ရည္ရြယ္သည့္ လိုင္စင္ရကာကြယ္ေဆးေျခာက္မ်ိဳးကို ရနိုင္ေၾကာင္းကိုလည္းတင္ျပခဲ့ဖူးသည္။

source;reuters

=========

ရုရှားသည် ကင်ဆာကာကွယ်ဆေးထုတ်ရန် နီးစပ်နေပြီ–ပူတင်

မော်စကို၊ဖေဖော်ဝါရီ ၁၅
ရုရှားသမ္မတဗလာဒီမာပူတင်က ရုရှားသည် ကင်ဆာရောဂါ ကာကွယ်ဆေးများကို ထုတ်နိုင်တော့မည်ဖြစ်ရာ မကြာမီ ကင်ဆာ ကာကွယ်ဆေးများကို ရရှိနိုင်တော့မည်ဖြစ်ကြောင်းနှင့် ရုရှား၏သိပ္ပံပညာဆိုင်ရာကြိုးပမ်းမှုများမှ သိသာထင်ရှားသောတိုးတက်မှုတစ်ရပ်အဖြစ်ထုတ်ပြန်ကြေငြာခဲ့သည်။
ရုပ်မြင်သံကြား၌မိန့်ခွန်းပြောကြားစဉ်တွင် ပူတင်က “ကျွန်တော်တို့ဟာ ကင်ဆာကာကွယ်ဆေးတွေနဲ့ ကိုယ်ခံအားမြင့်မားစေမယ့် ဆေးတွေကို ထုတ်လုပ်တဲ့ နယ်ပယ်‌တွေမှာ သိသာထင်ရှားတဲ့မှတ်တိုင်တစ်ခုကို ရောက်ရှိနေပြီဖြစ်ပါတယ်၊ဒီတိုးတက်မှုတွေဟာ သိပ်မကြာခင်မှာပဲ ထိရောက်တဲ့တစ်ဦးချင်းသီးသန့်ကုထုံးတွေဖြစ်လာမယ်လို့မျှော်လင့်ပါတာ်” ဟုလည်း ၎င်းကပြောကြားခဲ့သည်။
ရုရှားထုတ်ကင်ဆာကာကွယ်‌ဆေးသည် မည့်သည့်ကင်ဆာအမျိုးအစားအတွက်ထုတ်လုပ်သည်နှင့် မည်သို့သောလုပ်ဆောင်ချက်များရှိသည်ဟူ‌သောအချက်များနှင့်ပတ်သက်၍ ပူတင်ကပြောကြားခဲ့ခြင်းမရှိသော်လည်း နိုင်ငံအများအပြားနှင့် အဖွဲ့အစည်းများသည် အလားတူသုတေသနလုပ်ငန်းများတွင် တက်ကြွစွာပါဝင်ဆောင်ရွက်နေကြသည်ကိုလည်းတွေ့ရသည်။
ဥပမာအားဖြင့်မူ ယမန်နှစ်က ယူကေအစိုးရသည် ၂၀၃၀ ပြည့်နှစ်တွင် လူနာ ၁၀,၀၀၀ ဦးအထိစမ်းသပ်ကုသနိုင်ရန်မျှော်မှန်းချက်ဖြင့် တစ်ဦးချင်းကင်ဆာကုသမှုများအတွက် လက်တွေ့စမ်းသပ်မှုများစတင်ရန် ဂျာမနီနိုင်ငံအခြေစိုက် BioNTech နှင့် သဘောတူညီချက်တစ်ခုလည်းရရှိခဲ့သည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့အနေဖြင့်လည်း သားအိမ်ခေါင်းကင်ဆာအပါအဝင် ကင်ဆာအမျိုးမျိုးကိုဖြစ်ပွားစေသည့် human papillomaviruses (HPV) နှင့် အသည်းကင်ဆာဖြစ်စေနိုင်သည့်အသည်းရောင်အသားဝါ B (HBV) ပိုးတို့အတွက်ရည်ရွယ်သည့် လိုင်စင်ရကာကွယ်ဆေးခြောက်မျိုးကို ရနိုင်ကြောင်းကိုလည်းတင်ပြခဲ့ဖူးသည်။

source;reuters