ကလပ္ကစားသမားဘ၀ ပြဲ(၁၀၀၀)ျပည့္ေျမာက္ပြဲတြင္ သြင္းဂိုးရယူနိုင္ခဲ့တဲ့ ေရာ္နယ္လ္ဒို

ေဖေဖာ္ဝါရီ ၁၅

ယေန႔နံနက္ အေစာပိုင္းက ကစားခဲ့တဲ့ AFC အာရွခ်န္ပီယံလိဂ္ရႈံးထြက္ပြဲစဥ္တြင္ Al Nassr အသင္းက Al- Fayha အသင္းကို ေရာ္နယ္လ္ဒို၏ တစ္လုံးတည္းေသာ သြင္းဂိုးျဖင့္ အနိုင္ရရွိခဲ့ေၾကာင္းလည္း သိရပါတယ္။

အဆိုပါသြင္းဂိုးေၾကာင့္ စီေရာ္နယ္လ္ဒိုအေနနဲ႔ ကလပ္ကစားသမားဘ၀ပြဲေပါင္း (၁၀၀၀)ျပည့္ေျမာက္တြင္ သြင္းဂိုးရယူနိုင္ခဲ့ျခင္းျဖစ္ၿပီး ပေရာ္ဖက္ရွင္နယ္ကစားသမားဘ၀ (၂၃) ႏွစ္ဆက္တိုက္ ဂိုးသြင္းယူနိုင္သည့္ကစားသမားအျဖစ္ မွတ္တမ္းသစ္ထပ္မံ ေရးထိုးနိုင္ခဲ့ျခင္းျဖစ္ပါတယ္။

ေရာ္နယ္လ္ဒိုဟာ ကလပ္ကစားသမားဘ၀ ပြဲ(၁၀၀၀)တြင္ (၇၄၆)ဂိုးသြင္းယူထားနိုင္ၿပီး (၂၁၄)ဂိုးဖန္တီးေပးထားနိုင္သူလည္းျဖစ္ပါတယ္။

==========

ကလပ်ကစားသမားဘ၀ ပွဲ(၁၀၀၀)ပြည့်မြောက်ပွဲတွင် သွင်းဂိုးရယူနိုင်ခဲ့တဲ့ ရော်နယ်လ်ဒို

ဖေဖော်ဝါရီ ၁၅

ယနေ့နံနက် အစောပိုင်းက ကစားခဲ့တဲ့ AFC အာရှချန်ပီယံလိဂ်ရှုံးထွက်ပွဲစဉ်တွင် Al Nassr အသင်းက Al- Fayha အသင်းကို ရော်နယ်လ်ဒို၏ တစ်လုံးတည်းသော သွင်းဂိုးဖြင့် အနိုင်ရရှိခဲ့ကြောင်းလည်း သိရပါတယ်။

အဆိုပါသွင်းဂိုးကြောင့် စီရော်နယ်လ်ဒိုအနေနဲ့ ကလပ်ကစားသမားဘ၀ပွဲပေါင်း (၁၀၀၀)ပြည့်မြောက်တွင် သွင်းဂိုးရယူနိုင်ခဲ့ခြင်းဖြစ်ပြီး ပရော်ဖက်ရှင်နယ်ကစားသမားဘ၀ (၂၃) နှစ်ဆက်တိုက် ဂိုးသွင်းယူနိုင်သည့်ကစားသမားအဖြစ် မှတ်တမ်းသစ်ထပ်မံ ရေးထိုးနိုင်ခဲ့ခြင်းဖြစ်ပါတယ်။

ရော်နယ်လ်ဒိုဟာ ကလပ်ကစားသမားဘ၀ ပွဲ(၁၀၀၀)တွင် (၇၄၆)ဂိုးသွင်းယူထားနိုင်ပြီး (၂၁၄)ဂိုးဖန်တီးပေးထားနိုင်သူလည်းဖြစ်ပါတယ်။