ျပည္ခိုင္ၿဖိဳးပါတီမွ ဒုတိယအႀကိမ္ေျမာက္ Book Review အစီအစဥ္ျပဳလုပ္

ေဖေဖာ္ဝါရီ ၂၊ ေနျပည္ေတာ္

ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီမွ ဒုတိယအႀကိမ္ေျမာက္ Book Review အစီအစဥ္တစ္ရပ္ကို ၂၀၂၄ ခုႏွစ္၊ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ နံနက္ပိုင္းတြင္ ပါတီဌာနခ်ဳပ္၊ စာၾကည့္တိုက္ခန္းမမွာ ျပဳလုပ္ခဲ့ပါသည္။
အဆိုပါအစီအစဥ္တြင္ နိုင္ငံတကာေရးရာေကာ္မတီမွ ေဒၚနန္းျမျမမီမီေဇာ္ႏွင့္ ဌာနမႉး ဦးလွစိုးတို႔က ၎တို႔ေရြးခ်ယ္ထားသည့္ “Thucydides Trap”၊ “ငါတို႔လိုခ်င္တဲ့ ဒီမိုကေရစီနိုင္ငံေတာ္သစ္” စာအုပ္ (၂)အုပ္ႏွင့္စပ္လ်ဥ္းၿပီး အႏွစ္ခ်ဳပ္ေဆြးေႏြးျခင္း၊ သုံးသပ္ျခင္းႏွင့္ အႀကံျပဳခ်က္မ်ားအား ေဆြးေႏြးၾကၿပီး တက္ေရာက္လာသူမ်ားႏွင့္ အျပန္အလွန္ေဆြးေႏြးခဲ့ၾကပါသည္။
ဆက္လက္ၿပီး ပါတီဒုတိယဥကၠ႒မ်ားျဖစ္သည့္ ဦးျမတ္ဟိန္းႏွင့္ ဦးလွထြန္း၊ အေထြေထြအတြင္းေရးမႉး ဦးေသာင္းေအးတို႔မွ ေဆြးေႏြးမႈမ်ားႏွင့္စပ္လ်ဥ္းၿပီး လိုအပ္ခ်က္မ်ားအား ျဖည့္စြက္ေဆြးေႏြးၾကပါသည္။ ထို႔ေနာက္ ပါတီဥကၠ႒ ဦးခင္ရီမွ နိဂုံးခ်ဳပ္အမွာစကားေျပာၾကားရာ ” ယခုအစီအစဥ္ဟာ Book Review ျဖစ္လို႔ ေဆြးေႏြးတဲ့ စာအုပ္ေတြထဲကေန အခ်ိန္တိုအတြင္း လိုခ်င္တဲ့ အခ်က္လက္ေတြနဲ႔ အႏွစ္သာရေတြကို ထုတ္ႏုတ္ေျပာဆိုနိုင္ဖို႔၊ အျခားေသာ အခ်က္အလက္ေတြနဲ႔ ေပါင္းစပ္ၿပီး သုံးသပ္တတ္ဖို႔နဲ႔ နိုင္ငံေရးပါတီတစ္ခုအတြက္ေရာ နိုင္ငံေတာ္အတြက္ပါ ထိေရာက္စြာ အက်ိဳးျပဳနိုင္တဲ့ အၾကမ္းဖ်ဥ္းအစီအမံေတြကိုပါ ရနိုင္ေအာင္ေလ့က်င့္ေပးတာျဖစ္ေၾကာင္း” ေျပာၾကားခဲ့ပါသည္။
အဆိုပါ အစီအစဥ္သို႔ ပါတီဥကၠ႒ ဦးခင္ရီ၊ ဒုတိယဥကၠ႒မ်ားျဖစ္ၾကသည့္ ဦးျမတ္ဟိန္း၊ ဦးလွထြန္း၊ အေထြေထြအတြင္းေရးမႉး ဦးေသာင္းေအး၊ တြဲဖက္အေထြေထြအတြင္းေရးမႉး ဦးတင္ေအာင္ခ်စ္၊ ဗဟိုအတြင္းေရးမႉးမ်ား၊ ဗဟိုအလုပ္အမႈေဆာင္မ်ား၊ ဗဟိုေကာ္မတီဝင္မ်ား၊ ဌာနခ်ဳပ္မႉးႏွင့္ ဌာနမႉးမ်ား၊ စာအုပ္စာေပစိတ္ဝင္စားၾကသည့္ ပါတီဝင္မ်ား တက္ေရာက္ခဲ့ၾကပါသည္။

==========

ပြည်ခိုင်ဖြိုးပါတီမှ ဒုတိယအကြိမ်မြောက် Book Review အစီအစဉ်ပြုလုပ်

ဖေဖော်ဝါရီ ၂၊ နေပြည်တော်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဒုတိယအကြိမ်မြောက် Book Review အစီအစဉ်တစ်ရပ်ကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက်ပိုင်းတွင် ပါတီဌာနချုပ်၊ စာကြည့်တိုက်ခန်းမမှာ ပြုလုပ်ခဲ့ပါသည်။
အဆိုပါအစီအစဉ်တွင် နိုင်ငံတကာရေးရာကော်မတီမှ ဒေါ်နန်းမြမြမီမီဇော်နှင့် ဌာနမှူး ဦးလှစိုးတို့က ၎င်းတို့ရွေးချယ်ထားသည့် “Thucydides Trap”၊ “ငါတို့လိုချင်တဲ့ ဒီမိုကရေစီနိုင်ငံတော်သစ်” စာအုပ် (၂)အုပ်နှင့်စပ်လျဥ်းပြီး အနှစ်ချုပ်ဆွေးနွေးခြင်း၊ သုံးသပ်ခြင်းနှင့် အကြံပြုချက်များအား ဆွေးနွေးကြပြီး တက်ရောက်လာသူများနှင့် အပြန်အလှန်ဆွေးနွေးခဲ့ကြပါသည်။
ဆက်လက်ပြီး ပါတီဒုတိယဥက္ကဋ္ဌများဖြစ်သည့် ဦးမြတ်ဟိန်းနှင့် ဦးလှထွန်း၊ အထွေထွေအတွင်းရေးမှူး ဦးသောင်းအေးတို့မှ ဆွေးနွေးမှုများနှင့်စပ်လျဉ်းပြီး လိုအပ်ချက်များအား ဖြည့်စွက်ဆွေးနွေးကြပါသည်။ ထို့နောက် ပါတီဥက္ကဋ္ဌ ဦးခင်ရီမှ နိဂုံးချုပ်အမှာစကားပြောကြားရာ ” ယခုအစီအစဉ်ဟာ Book Review ဖြစ်လို့ ဆွေးနွေးတဲ့ စာအုပ်တွေထဲကနေ အချိန်တိုအတွင်း လိုချင်တဲ့ အချက်လက်တွေနဲ့ အနှစ်သာရတွေကို ထုတ်နုတ်ပြောဆိုနိုင်ဖို့၊ အခြားသော အချက်အလက်တွေနဲ့ ပေါင်းစပ်ပြီး သုံးသပ်တတ်ဖို့နဲ့ နိုင်ငံရေးပါတီတစ်ခုအတွက်ရော နိုင်ငံတော်အတွက်ပါ ထိရောက်စွာ အကျိုးပြုနိုင်တဲ့ အကြမ်းဖျဉ်းအစီအမံတွေကိုပါ ရနိုင်အောင်လေ့ကျင့်ပေးတာဖြစ်ကြောင်း” ပြောကြားခဲ့ပါသည်။
အဆိုပါ အစီအစဉ်သို့ ပါတီဥက္ကဋ္ဌ ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် ဦးမြတ်ဟိန်း၊ ဦးလှထွန်း၊ အထွေထွေအတွင်းရေးမှူး ဦးသောင်းအေး၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးတင်အောင်ချစ်၊ ဗဟိုအတွင်းရေးမှူးများ၊ ဗဟိုအလုပ်အမှုဆောင်များ၊ ဗဟိုကော်မတီဝင်များ၊ ဌာနချုပ်မှူးနှင့် ဌာနမှူးများ၊ စာအုပ်စာပေစိတ်ဝင်စားကြသည့် ပါတီဝင်များ တက်ရောက်ခဲ့ကြပါသည်။