ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ ဖြံ့ၿဖိဳးပါတီဌာနခ်ဳပ္သို႔ ေလ့လာေရးလာေရာက္ၾကသည့္ ရန္ကုန္တိုင္းေဒသႀကီးမွ ၿမိဳ႕နယ္ပါတီဥကၠ႒ႏွင့္ ၿမိဳ႕နယ္ေကာ္မတီဝင္မ်ား၊ ရပ္ကြက္ပါတီဥကၠ႒မ်ား၊ လူငယ္ႏွင့္အမ်ိဳးသမီးပါတီဝင္မ်ားအား ႀကိဳဆိုႏႈတ္ခြန္းဆက္

ေနျပည္ေတာ္ ဇန္နဝါရီ ၁၂

ယေန႔ ဇန္နဝါရီ (၁၂)ရက္ေန႔နံနက္ပိုင္းက ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးပါတီဌာနခ်ဳပ္သို႔ ရန္ကုန္တိုင္းေဒသႀကီးမွၿမိဳ႕နယ္ပါတီဥကၠ႒ႏွင့္ ၿမိဳ႕နယ္ေကာ္မတီဝင္မ်ား၊ရပ္ကြက္ပါတီဥကၠ႒မ်ား၊ လူငယ္ႏွင့္အမ်ိဳးသမီးပါတီဝင္မ်ားေလ့လာေရး လာေရာက္ခဲ့ၾကပါသည္။
ေလ့လာေရးလာေရာက္ၾကသူမ်ားကို ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးပါတီဌာနခ်ဳပ္၊ ညီလာခံခန္းမ၌ပါတီဒုတိယဥကၠ႒ဦးလွထြန္း၊ အေထြေထြအတြင္းေရးမႉးဦးေသာင္းေအး၊တြဲဘက္ အေထြေထြအတြင္းေရးမႉးဦးတင္ေအာင္ခ်စ္၊ဗဟိုအတြင္းေရးမႉးမ်ား၊ဗဟိုအလုပ္အမႈေဆာင္မ်ား၊ဗဟို ေကာ္မတီဝင္မ်ားမွ ေႏြးေထြးစြာႀကိဳဆိုခဲ့ၾကပါသည္။
၎ေနာက္ပါတီဒုတိယဥကၠ႒ဦးလွထြန္းမွ ႀကိဳဆိုႏႈတ္ခြန္းဆက္စကားေျပာၾကားရာတြင္ ျပည္ခိုင္ၿဖိဳးပါတီျဖစ္ေပၚလာပုံ၊ ျပည္ခိုင္ၿဖိဳးပါတီျဖတ္သန္းခဲ့ရပုံအဆင့္ဆင့္ ႏွင့္လူငယ္၊အမ်ိဳးသမီးမ်ား သိရွိလိုက္နာ မွတ္သားထားရမည့္အခ်က္မ်ားအားလမ္းညႊန္မွာၾကားခဲ့ၿပီးအေထြေထြအတြင္းေရးမႉးဦးေသာင္းေအးမွျပည္သူအတြက္ပါတီအေနျဖင့္ဆက္လက္လုပ္ေဆာင္သြားရမည့္ကိစၥရပ္မ်ား ရွင္းလင္းေျပာၾကားခဲ့ပါသည္။
ဆက္လက္၍ေလ့လာေရးလာေရာက္ၾကသူမ်ားအား ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီျဖတ္သန္း ခဲ့ေသာသမိုင္းပုံရိပ္မ်ား Video မွတ္တမ္းအားျပသခဲ့ၿပီးၿမိဳ႕နယ္ပါတီဥကၠ႒မွပါတီဌာနခ်ဳပ္မွ ယခုလို ေႏြးေထြးစြာႀကိဳဆိုမႈအတြက္ ေက်းဇူးတင္စကားျပန္လည္ေျပာၾကားခဲ့ပါသည္။
၎ေနာက္ ျပည္ခိုင္ၿဖိဳးပါတီလူငယ္ေရးရာတာဝန္ခံဗဟိုအလုပ္အမႈေဆာင္ေဒါက္တာေအာင္ျမတ္ဦးႏွင့္ ေအာက္ျမန္မာျပည္အမ်ိဳးသမီးေရးရာတာဝန္ခံ​ဗဟိုအလုပ္အမႈေဆာင္ေဒၚခင္ေရႊျမင့္တို႔မွ လူငယ္ႏွင့္အမ်ိဳးသမီးဆိုင္ရာကိစၥရပ္မ်ား ရွင္းလင္းေျပာၾကားခဲ့ၿပီးအမွတ္တရ စုေပါင္းမွတ္တမ္းတင္ဓာတ္ပုံရိုက္ကူးခဲ့ေၾကာင္း သိရွိရပါသည္။

=============

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးပါတီဌာနချုပ်သို့ လေ့လာရေးလာရောက်ကြသည့် ရန်ကုန်တိုင်းဒေသကြီးမှ မြို့နယ်ပါတီဥက္ကဋ္ဌနှင့် မြို့နယ်ကော်မတီဝင်များ၊ ရပ်ကွက်ပါတီဥက္ကဋ္ဌများ၊ လူငယ်နှင့်အမျိုးသမီးပါတီဝင်များအား ကြိုဆိုနှုတ်ခွန်းဆက်

နေပြည်တော် ဇန်နဝါရီ ၁၂

ယနေ့ ဇန်နဝါရီ (၁၂)ရက်နေ့နံနက်ပိုင်းက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးပါတီဌာနချုပ်သို့ ရန်ကုန်တိုင်းဒေသကြီးမှမြို့နယ်ပါတီဥက္ကဋ္ဌနှင့် မြို့နယ်ကော်မတီဝင်များ၊ရပ်ကွက်ပါတီဥက္ကဋ္ဌများ၊ လူငယ်နှင့်အမျိုးသမီးပါတီဝင်များလေ့လာရေး လာရောက်ခဲ့ကြပါသည်။
လေ့လာရေးလာရောက်ကြသူများကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးပါတီဌာနချုပ်၊ ညီလာခံခန်းမ၌ပါတီဒုတိယဥက္ကဋ္ဌဦးလှထွန်း၊ အထွေထွေအတွင်းရေးမှူးဦးသောင်းအေး၊တွဲဘက် အထွေထွေအတွင်းရေးမှူးဦးတင်အောင်ချစ်၊ဗဟိုအတွင်းရေးမှူးများ၊ဗဟိုအလုပ်အမှုဆောင်များ၊ဗဟို ကော်မတီဝင်များမှ နွေးထွေးစွာကြိုဆိုခဲ့ကြပါသည်။
၎င်းနောက်ပါတီဒုတိယဥက္ကဋ္ဌဦးလှထွန်းမှ ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားရာတွင် ပြည်ခိုင်ဖြိုးပါတီဖြစ်ပေါ်လာပုံ၊ ပြည်ခိုင်ဖြိုးပါတီဖြတ်သန်းခဲ့ရပုံအဆင့်ဆင့် နှင့်လူငယ်၊အမျိုးသမီးများ သိရှိလိုက်နာ မှတ်သားထားရမည့်အချက်များအားလမ်းညွှန်မှာကြားခဲ့ပြီးအထွေထွေအတွင်းရေးမှူးဦးသောင်းအေးမှပြည်သူအတွက်ပါတီအနေဖြင့်ဆက်လက်လုပ်ဆောင်သွားရမည့်ကိစ္စရပ်များ ရှင်းလင်းပြောကြားခဲ့ပါသည်။
ဆက်လက်၍လေ့လာရေးလာရောက်ကြသူများအား ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဖြတ်သန်း ခဲ့သောသမိုင်းပုံရိပ်များ Video မှတ်တမ်းအားပြသခဲ့ပြီးမြို့နယ်ပါတီဥက္ကဋ္ဌမှပါတီဌာနချုပ်မှ ယခုလို နွေးထွေးစွာကြိုဆိုမှုအတွက် ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပါသည်။
၎င်းနောက် ပြည်ခိုင်ဖြိုးပါတီလူငယ်ရေးရာတာဝန်ခံဗဟိုအလုပ်အမှုဆောင်ဒေါက်တာအောင်မြတ်ဦးနှင့် အောက်မြန်မာပြည်အမျိုးသမီးရေးရာတာဝန်ခံ​ဗဟိုအလုပ်အမှုဆောင်ဒေါ်ခင်ရွှေမြင့်တို့မှ လူငယ်နှင့်အမျိုးသမီးဆိုင်ရာကိစ္စရပ်များ ရှင်းလင်းပြောကြားခဲ့ပြီးအမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရှိရပါသည်။