ညောင်ဦးပြည်ခိုင်ဖြိုး လစဉ်ပုံမှန်အစည်းအဝေးပြုလုပ်

 

ညောင်ဦးမြို့ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးတွင် ယခုလ ၉ရက် လပတ်ပုံမှန်အစည်း အဝေးပွဲပြုလုပ်ခဲ့ကြောင်းသိရသည်။အဆိုပါအစည်းအဝေးပွဲတွင် ရှေးဦးစွာ မန္တလေးတိုင်း   ဒေသကြီးခရိုင် နယ်မြေတာဝန်ခံဦးသန်းဌေးက အဖွင့်အမှာစကားပြော ကြားခဲ့သည်။

ဆက်လက်၍ ခရိုင်ဥက္ကဋ္ဌဦး ညွန့်ဝင်းက ပါတီလုပ်ငန်းတာဝန်များကို ရပ်/ကျေးစည်းမှူးများမှ ကျေပွန်စွာထမ်းဆောင်ပေးရန် ထမ်းဆောင်နိုင်ခြင်းမရှိက လူစားအသစ်လဲလှယ် ပေးရန်           ရှင်းလင်း ပြောကြားသည်။

ယင်းနောက် တက်ရောက်လာသော ပါတီစည်းရုံးရေးမှူးများက ပါတီအင်အား တောင့် တင်း ခိုင်မာစေရန် အကြံပြုဆွေးနွေး ခဲ့ကြသည်။

အဆိုပါ အကြံပြုချက်များ အပေါ် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးဌေး လွင်က ပြန်လည်ဖြေကြား ဆွေးနွေး ပေးခဲ့ကြောင်း သိရသည်။

ကျော်ဌေး(ညောင်ဦး)