ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးအောင်တင်မြင့် မင်းဝင်တောင် နေလစေတီရှင်သို့ အလှူငွေ ဆက်ကပ်လှူဒါန်း

 

နေပြည်တော် ဖေဖော်ဝါရီ ၆

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် တောင်သူလယ်သမားရေးရာ တာဝန်ခံ ဦးအောင်တင်မြင့်သည် ဗဟိုကော်မတီဝင် ဦးအောင်ကျော်ညွန့်နှင့် အဖွဲ့ဝင်များ လိုက်ပါလျက် ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော် ပျဉ်းမနားမြို့ မင်းဝင်တောင်စိန္တာမုနိ ကျောင်းတိုက်ကြီး၏ ဦးစီးပဓာနနာယက ဆရာတော် အရှင်စန္ဒိမာသာရအား ဖူးမြော်ပြီး”နေလ စေတီရှင်”အတွက် နဝကမ္မအလှူငွေကျပ် ခုနစ်ဆယ့်ငါးသိန်းကို ဆက်ကပ် လှူဒါန်းသည်။ ဗဟိုအလုပ်အမှုဆောင်နှင့်အဖွဲ့သည် ယမန်နေ့ နံနက် ၇ နာရီတွင် နေလစေတီရှင်၏ အထက်ဌာပနာများ ထည့်သွင်းတင်လှူ ပူဇော်ခဲ့ပြီး ယခုလ ၈ ရက် (တပို့တွဲ လပြည့်နေ့) နံနက် ၇ နာရီ ၄ မိနစ်တွင် ရွှေထီးတော်တင် လှူမည်ဖြစ်ကြောင်း ဆရာတော်ကြီး၏ ဝိဇာတမွေးနေ့ပူဇော်ပွဲကျင်းပမည့် ယခုလ ၁၅ ရက်တွင် အနေကဇာတင် မင်္ဂလာကျင်းပမည်ဖြစ်ကြောင်း သိရသည်။