မေကြးၿမိဳ႕တြင္ ဗုဒၶဘာသာဝင္မ်ား အထြဋ္အျမတ္ထားရာ ေစတီပုထိုးမ်ား၊ ဗုဒၶဆင္းတုေတာ္မ်ားအား ဖ်က္ဆီးေနသည့္ အၾကမ္းဖက္ေသာင္းက်န္းသူမ်ားအား ကန႔္ကြက္ရႈတ္ခ်ပြဲ ျပဳလုပ္

ဇန္နဝါရီ ၁၂

ယေန႔နံနက္ပိုင္းက မေကြးတိုင္းေဒသႀကီး၊ မေကြးၿမိဳ႕ ရွိ ကန္သာမဂၤလာကန္ေတာ္၌ ဗုဒၶဘာသာဝင္မ်ား အထြဋ္အျမတ္ထား ရာ ေစတီပုထိုးမ်ား၊ ဗုဒၶဆင္းတုေတာ္မ်ားအား ဖ်က္ဆီးေနသည့္ အၾကမ္းဖက္ေသာင္းက်န္းသူမ်ားႏွင့္ ျပည္ဖ်က္မိစၧာမ်ား အား ကန႔္ကြက္ရႈတ္ခ်ပြဲကို ျပဳလုပ္ခဲ့ေၾကာင္း သိရွိရပါသည္။
ေရွးဦးစြာ ဆရာေတာ္သံဃာေတာ္မ်ားႏွင့္ ျပည္သူစုစုေပါင္း ၇၀၀ ဦးခန႔္က မေကြးခရိုင္ အားကစားကြင္းေရွ႕မွ စတင္၍ အ.ထ.က(၁)လမ္းမွ ကန္သာမဂၤလာကန္ေတာ္အထိ “သာသနာကို ဖ်က္ဆီးေနေသာ အၾကမ္းဖက္သူပုန္မ်ားအား ရွင္းလင္း ေရး”၊ “ဗုဒၶသာသနာအား ေစာ္ကားဖ်က္စီးေနေသာ အၾကမ္းဖက္သူပုန္မွန္သမၽွ ဆန႔္က်င္ၾက”၊ “ဘုရားေစတီမ်ားအား ဖ်က္ဆီးေနသည့္ လူသတ္အၾကမ္းဖက္ သူပုန္မွန္သမၽွ က်ဆုံးပါေစ” စသည့္ စာသာမ်ားပါဝင္သည့္ ဗီနိုင္မ်ားကိုင္ေဆာင္၍ ေႂကြးေၾကာ္ကာ ကန႔္ကြက္ရႈတ္ခ်ခဲ့ၾကသည္။
ထိုေနာက္ ကန္သာမဂၤလာကန္ေတာ္တြင္ ကန႔္ကြက္ရႈတ္ခ်ပြဲ ဦးေဆာင္သူမ်ားက ဗုဒၶဘာသာဝင္မ်ား အထြဋ္အျမတ္ထားရာ ေစတီပုထိုးမ်ား၊ ဗုဒၶဆင္းတုေတာ္မ်ားအား ဖ်က္ဆီးေနသည့္ အၾကမ္းဖက္ေသာင္းက်န္းသူမ်ား၊ ျပည္ဖ်က္မိစၧာမ်ားႏွင့္ ပတ္သက္၍ အသီးသီး ကန႔္ကြက္ရႈတ္ခ် ေဟာေျပာခဲ့ၿပီး ဇာတိမာန္သီခ်င္းသီဆို၍ အခမ္းအနားကို ႐ုတ္သိမ္းခဲ့ေၾကာင္း သိရွိရပါသည္။

PAN

==============

မကွေးမြို့တွင် ဗုဒ္ဓဘာသာဝင်များ အထွဋ်အမြတ်ထားရာ စေတီပုထိုးများ၊ ဗုဒ္ဓဆင်းတုတော်များအား ဖျက်ဆီးနေသည့် အကြမ်းဖက်သောင်းကျန်းသူများအား ကန့်ကွက်ရှုတ်ချပွဲ ပြုလုပ်

ဇန်နဝါရီ ၁၂

ယနေ့နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ ရှိ ကန်သာမင်္ဂလာကန်တော်၌ ဗုဒ္ဓဘာသာဝင်များ အထွဋ်အမြတ်ထား ရာ စေတီပုထိုးများ၊ ဗုဒ္ဓဆင်းတုတော်များအား ဖျက်ဆီးနေသည့် အကြမ်းဖက်သောင်းကျန်းသူများနှင့် ပြည်ဖျက်မိစ္ဆာများ အား ကန့်ကွက်ရှုတ်ချပွဲကို ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
ရှေးဦးစွာ ဆရာတော်သံဃာတော်များနှင့် ပြည်သူစုစုပေါင်း ၇၀၀ ဦးခန့်က မကွေးခရိုင် အားကစားကွင်းရှေ့မှ စတင်၍ အ.ထ.က(၁)လမ်းမှ ကန်သာမင်္ဂလာကန်တော်အထိ “သာသနာကို ဖျက်ဆီးနေသော အကြမ်းဖက်သူပုန်များအား ရှင်းလင်း ရေး”၊ “ဗုဒ္ဓသာသနာအား စော်ကားဖျက်စီးနေသော အကြမ်းဖက်သူပုန်မှန်သမျှ ဆန့်ကျင်ကြ”၊ “ဘုရားစေတီများအား ဖျက်ဆီးနေသည့် လူသတ်အကြမ်းဖက် သူပုန်မှန်သမျှ ကျဆုံးပါစေ” စသည့် စာသာများပါဝင်သည့် ဗီနိုင်များကိုင်ဆောင်၍ ကြွေးကြော်ကာ ကန့်ကွက်ရှုတ်ချခဲ့ကြသည်။
ထိုနောက် ကန်သာမင်္ဂလာကန်တော်တွင် ကန့်ကွက်ရှုတ်ချပွဲ ဦးဆောင်သူများက ဗုဒ္ဓဘာသာဝင်များ အထွဋ်အမြတ်ထားရာ စေတီပုထိုးများ၊ ဗုဒ္ဓဆင်းတုတော်များအား ဖျက်ဆီးနေသည့် အကြမ်းဖက်သောင်းကျန်းသူများ၊ ပြည်ဖျက်မိစ္ဆာများနှင့် ပတ်သက်၍ အသီးသီး ကန့်ကွက်ရှုတ်ချ ဟောပြောခဲ့ပြီး ဇာတိမာန်သီချင်းသီဆို၍ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

PAN