ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ ဥကၠ႒ ဦးခင္ရီ ရန္ကုန္တိုင္းေဒသႀကီးအတြင္းမွ ပါတီဝင္မ်ားႏွင့္ေတြ႕ဆုံပြဲသို႔တက္ေရာက္

ဇန္နဝါရီ ၁၊ ရန္ကုန္

ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ ဥကၠ႒ ဦးခင္ရီႏွင့္အဖြဲ႕ဝင္မ်ားသည္ ၂၀၂၄ ခုႏွစ္၊ ဇန္နဝါရီလ ၁ ရက္ေန႔၊ ၁၃၄၅ အခ်ိန္တြင္ ပါတီဌာနခ်ဳပ္႐ုံးခြဲ(ရန္ကုန္)၌ က်င္းပျပဳလုပ္သည့္ ရန္ကုန္တိုင္းေဒသႀကီးအတြင္းရွိ တိုင္း/ခရိုင္/ၿမိဳ႕နယ္ ပါတီတာဝန္ရွိသူမ်ား၊ ပါတီဝင္မ်ား စုစုေပါင္း အင္အား(၆၀၀)ေက်ာ္ႏွင့္ ေတြ႕ဆုံပြဲ အခမ္းအနားသို႔ တက္ေရာက္ခဲ့ပါသည္။
အခမ္းအနားကို နိုင္ငံေတာ္အလံအေလးျပဳျခင္း၊ နိုင္ငံေတာ္သီခ်င္းသီဆိုျခင္းျဖင့္ ဖြင့္လွစ္ၿပီး ပါတီဥကၠ႒ ဦးခင္ရီက ” ၂၀၂၂ ခုႏွစ္၊ တတိယအႀကိမ္ညီလာခံအၿပီး အလုပ္အမႈေဆာင္အဖြဲ႕သစ္ ဖြဲ႕စည္းၿပီးေနာက္ ေဆာင္ရြက္ခဲ့သည့္ လုပ္ငန္းစဥ္မ်ား၊ ရက္(၉၀)စီမံခ်က္မ်ား၊ ေရတိုေရရွည္အစီအမံမ်ား၊ ၂၀၂၄ ခုႏွစ္တြင္ ဆက္လက္‌ ေဆာင္ရြက္မည့္ လုပ္ငန္းစဥ္မ်ား၊ ၂၀၂၃ ခုႏွစ္အတြင္း ေဆာင္ရြက္ခ်က္မ်ားအေပၚ သုံးသပ္ခ်က္၊ စုစည္းစုဖြဲ႕၍ ညီညီညြတ္ညြတ္ ေဆာင္ရြက္ရမည့္ လုပ္ငန္းစဥ္မ်ား ” အပါအဝင္ ပါတီမွေဆာင္ရြက္ေနေသာ လုပ္ငန္းကိစၥရပ္မ်ားအား အက်ယ္တဝံ့ရွင္းလင္းေျပာၾကားခဲ့ၿပီး ၁၆၄၀ အခ်ိန္တြင္ အခမ္းအနား ႐ုတ္သိမ္းခဲ့ပါသည္။
အဆိုပါေတြ႕ဆုံပြဲအခမ္းအနားသို႔ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ ဥကၠ႒ ဦးခင္ရီႏွင့္အတူ ဒုတိယဥကၠ႒ ဦးမ်ိဳးေဇာ္သိန္း၊ ဗဟိုအလုပ္အမႈေဆာင္ ေကာ္မတီဝင္မ်ားျဖစ္ၾကသည့္ ရန္ကုန္တိုင္းေဒသႀကီး ပါတီဥကၠ႒ ဦးခင္ေမာင္စိုး၊ ရန္ကုန္တိုင္းေဒသႀကီး ေပါင္းစပ္ညႇိႏွိုင္းေရးမႉး ဦးေမာင္ျမင့္၊ ပဲခူးတိုင္းေဒသႀကီး(အေရွ႕ပိုင္း) ပါတီဥကၠ႒ ဦးရဲျမင့္ထြန္း၊ ပဲခူးတိုင္းေဒသႀကီး(အေနာက္ပိုင္း) ပါတီဥကၠ႒ ဦးေအာင္ခ်ိဳဦး၊ ရန္ကုန္တိုင္းေဒသႀကီးအတြင္းရွိ တိုင္း/ခရိုင္/ၿမိဳ႕နယ္မ်ားမွ ပါတီတာဝန္ရွိသူမ်ား၊ ပါတီဝင္မ်ား တက္ေရာက္ခဲ့ၾကပါသည္။

================

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှ ပါတီဝင်များနှင့်တွေ့ဆုံပွဲသို့တက်ရောက်

ဇန်နဝါရီ ၁၊ ရန်ကုန်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီနှင့်အဖွဲ့ဝင်များသည် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့၊ ၁၃၄၅ အချိန်တွင် ပါတီဌာနချုပ်ရုံးခွဲ(ရန်ကုန်)၌ ကျင်းပပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တိုင်း/ခရိုင်/မြို့နယ် ပါတီတာဝန်ရှိသူများ၊ ပါတီဝင်များ စုစုပေါင်း အင်အား(၆၀၀)ကျော်နှင့် တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။
အခမ်းအနားကို နိုင်ငံတော်အလံအလေးပြုခြင်း၊ နိုင်ငံတော်သီချင်းသီဆိုခြင်းဖြင့် ဖွင့်လှစ်ပြီး ပါတီဥက္ကဋ္ဌ ဦးခင်ရီက ” ၂၀၂၂ ခုနှစ်၊ တတိယအကြိမ်ညီလာခံအပြီး အလုပ်အမှုဆောင်အဖွဲ့သစ် ဖွဲ့စည်းပြီးနောက် ဆောင်ရွက်ခဲ့သည့် လုပ်ငန်းစဉ်များ၊ ရက်(၉၀)စီမံချက်များ၊ ရေတိုရေရှည်အစီအမံများ၊ ၂၀၂၄ ခုနှစ်တွင် ဆက်လက်‌ ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ ၂၀၂၃ ခုနှစ်အတွင်း ဆောင်ရွက်ချက်များအပေါ် သုံးသပ်ချက်၊ စုစည်းစုဖွဲ့၍ ညီညီညွတ်ညွတ် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ ” အပါအဝင် ပါတီမှဆောင်ရွက်နေသော လုပ်ငန်းကိစ္စရပ်များအား အကျယ်တဝံ့ရှင်းလင်းပြောကြားခဲ့ပြီး ၁၆၄၀ အချိန်တွင် အခမ်းအနား ရုတ်သိမ်းခဲ့ပါသည်။
အဆိုပါတွေ့ဆုံပွဲအခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီနှင့်အတူ ဒုတိယဥက္ကဋ္ဌ ဦးမျိုးဇော်သိန်း၊ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များဖြစ်ကြသည့် ရန်ကုန်တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုး၊ ရန်ကုန်တိုင်းဒေသကြီး ပေါင်းစပ်ညှိနှိုင်းရေးမှူး ဦးမောင်မြင့်၊ ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း) ပါတီဥက္ကဋ္ဌ ဦးရဲမြင့်ထွန်း၊ ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) ပါတီဥက္ကဋ္ဌ ဦးအောင်ချိုဦး၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တိုင်း/ခရိုင်/မြို့နယ်များမှ ပါတီတာဝန်ရှိသူများ၊ ပါတီဝင်များ တက်ရောက်ခဲ့ကြပါသည်။