ဗန်းမော်မြို့နယ်ပြည်ခိုင်ဖြိုးပါတီကော်မတီဝင် ကြားဖြတ်ရွေးချယ်ဖွဲ့စည်း

 

ကချင်ပြည်နယ် ဗန်းမော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီကြားဖြတ် ရွေးချယ်ဖွဲ့စည်းရေးကို ယနေ့ နံနက် ၁ဝ နာရီခွဲက သာစည်ရပ်ကွက် ခရိုင်ပြည်ခိုင်ဖြိုးပါတီရုံး၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ သဘာပတိဗဟိုပါတီကော်မတီဝင် ဦးသန်းအောင်က အဖွင့်အမှာစကားပြောကြား၍ မြို့နယ်ကြားဖြတ်ရွေးချယ် ဖွဲ့စည်းရေးကော်မတီဝင်၊ခရိုင်ပါတီဥက္ကဋ္ဌ ဦးသန်းဇော်လေးက         ကြားဖြတ်ရွေးချယ်ဖွဲ့စည်းရေး လုပ်ထုံးလုပ် နည်းများကို ရှင်းလင်းတင်ပြခဲ့ပြီး ခရိုင်ပါတီ ကော်မတီဝင်ဦးဇော်မင်းရင်က အရွေးချယ်ခံသူများ၏ အဆိုပြုအမည်စာရင်းများ တင်သွင်း ခဲ့သည်။

ဆက်လက်၍ ခရိုင်၊မြို့နယ်ပါတီကော်မတီနှင့် ရပ်/ကျေးပါတီ စည်ရုံးရေးမှူးများက အဆိုပြု အမည်စာရင်းများမှ လစ်လပ်လျက်ရှိသော ဗန်းမော်မြို့နယ်ပါတီကော်မတီဝင်နှစ်ဦးအဖြစ် ဒေါ်အိအိမိုးနှင့် ဒေါ်မီမီသန်းတို့အား ဆန္ဒမဲ လက်မှတ်ဖြင့် ဆန္ဒမဲပေး၍ရွေးချယ်ခဲ့ကြသည်။

ထို့နောက် ရွေးချယ်ခံရသူ နှစ်ဦး၏အမည်စာရင်းကို သဘာပတိကအတည်ပြုကြာင်း ကြေညာခဲ့ပြီး မြို့နယ်ပါတီကော်မတီဝင်အဖြစ် ဒေါ်မီမီသန်းနှင့် ဒေါ်အိအိမိုးတို့က သဘာပတိရှေ့မှောက်တွင် ကတိသစ္စာခံယူခဲ့သည်။

ထို့နောက် သဘာပတိက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပြီး အခမ်းအနားကို နံနက် ၁၁ နာရီ ၅၅ မိနစ်တွင် ကြွေးကြော်သံများ ဖြင့် ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ဆီမီးခုံ-နန်းရီ