ရန္ကုန္တိုင္းေဒသႀကီး ျပည္ခိုင္ၿဖိဳးပါတီမိသားစု၏ စုေပါင္းမဟာဘုံကထိန္ပြဲက်င္းပျပဳလုပ္

ရန္ကုန္ နိုဝင္ဘာ ၂၂

ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံၿဖိဳးေရးပါတီ ရန္ကုန္တိုင္းေဒသႀကီးပါတီ မိသားစု၏ “မဟာဘုံကထိန္စုေပါင္းေရစက္ခ် တရားနာျခင္း မဂၤလာအခမ္းအနား”အား နိုဝင္ဘာလ ၂၂ ရက္ေန႔နံနက္ (၀၉၃၀)အခ်ိန္က သဃၤန္းကၽြန္းၿမိဳနယ္ရွိ “ပရိယတၱိ ပဋိပတၱိသာသနာျပဳ မူလဆယ္ေတာင္ျပည့္ေက်ာင္းတိုက္ေတာ္”အတြင္း၌ က်င္းပျပဳလုပ္ခဲ့သည္။

အစီအစဥ္မ်ားအရ ရန္ကုန္တိုင္းေဒသႀကီးျပည္ခိုင္ၿဖိဳးပါတီဥကၠ႒ဦးခင္ေမာင္စိုးႏွင့္ တိုင္းေဒသႀကီးပါတီေကာ္မတီဝင္မ်ား၊ ခရိုင္ပါတီဥကၠ႒ႏွင့္ခရိုင္ပါတီေကာ္မတီဝင္မ်ား ၊ ၿမိဳနယ္ပါတီဥကၠ႒ႏွင့္ ၿမိဳနယ္ပါတီေကာ္မတီဝင္မ်ား ၊ အထူးဖိတ္ၾကားထားေသာ ဧည့္သည္ေတာ္ႀကီးမ်ားမွ နေမာတႆ(၃) ႀကိမ္ရြတ္ဆို၍ ၾသကာသ ကန္ေတာ့ခ်ိဳးျဖင့္ညီညာဖ်ဖ် ကန္ေတာ့ခဲ့ၾကၿပီး သီလေပးတရားေတာ္ျမတ္အား ခံယူေတာင္းခံၾကၿပီးတိုင္းပါတီဥကၠ႒ဦးခင္ေမာင္စိုးႏွင့္ပါတီတာဝန္ရွိသူမ်ားက ကထိန္သကၤန္းေတာ္ျမတ္ႏွင့္ ကထိန္ပေဒသာပင္မ်ား လႉဖြယ္ဝထၳဴမ်ားအား ဘုရားအမႉးရွိေသာ သံဃာေတာ္အရွင္သူျမတ္မ်ားထံ ဆပ္ကပ္လႉဒါန္းခဲ့ၾကၿပီး ႂကြေရာက္လာၾကေသာ သံဃာေတာ္အရွင္သူျမတ္မ်ားမွ ေမတၱာသုတ္အစခ်ီေသာ ပရိတ္တရားေတာ္မ်ားအား စုေပါင္းပူေဇာ္ ရြတ္ဆိုခဲ့ၾကပါသည္။

ထိုေနာက္ ေက်ာင္းတိုက္ေတာ္ႀကီး၏ ဦးစီးပဓာနနာယကဆရာေတာ္ ဥဳးဣဒၶိဗလမွ ကထိန္အလႉ အႏုေမာဒနာတရားေတာ္ျမတ္အား ခ်ီးျမႇင့္ခဲ့သည္။ ဆက္လက္၍ စုေပါင္းလႉဒါန္းမႈအစုစုတိုအား ေရစက္သြန္ခ်အမၽွေပးေဝခဲ့ၿပီး “ဗုဒၶသာသနံ စီရံတိ႒တု” သုံးႀကိမ္ရႊတ္ဆိုခဲ့ၿပီး အခမ္းအနားအား ေအာင္ျမင္စြာ႐ုပ္သိမ္းခဲ့ၿပီး ရတနာေရႊမိုး ေငြမိုးရြာသြန္းၿဖိဳးကာ ပင့္ဖိတ္ေလၽွာက္ထား၍ ႂကြေရာက္လာၾကေသာ သံဃာေတာ္အရွင္သူျမတ္မ်ားအား ေန႔ဆြမ္းမ်ားဆပ္ကပ္လႉဒါန္းခဲ့ၿပီး ေဘာဇဥ္ ခ်ိဳခ်ဥ္ အရသာအျဖာျဖာတိုကိုဆပ္ကပ္ လႉဒါန္းခဲ့ၿပီး ဧည့္ပရိတ္သတ္မ်ားအား ေန႔လည္စာျဖင့္ ဧည့္ခံေကၽြးေမြးဒါနျပဳခဲ့ေၾကာင္းသိရသည္။

ရန္ကုန္တိုင္းေဒသႀကီး ျပည္ခိုင္ၿဖိဳးပါတီမိသားစုအေနျဖင့္ မဟာဘုံကထိန္အလႉေတာ္အား ယခုႏွစ္တြင္ တိုင္း/ခရိုင္/ၿမိဳနယ္မ်ား၏ စုစုေပါင္းလႉဒါန္းမႈတန္ဖိုးမွာ ဝထၳဴေငြ(၅၄၈၇၀၀၀)က်ပ္ ၊ ပေဒသာပင္ပစၥည္းတန္ဘိုး စုစုေပါင္း(၅၇၉၄၄၆၀)က်ပ္ စုစုေပါင္းတန္ဘိုး (၁၁၂၈၁၄၆၀)သိန္းက်ပ္ ေၾကာင္း သိရသည္။

အဆိုပါ အခမ္းအနားသို ရန္ကုန္တိုင္းေဒသႀကီးအတြင္းရွိပါတီအဆင့္ဆင့္၏ ပါတီတာဝန္ရွိသူမ်ား ၊ ပါတီဝင္၏ မိသားစုဝင္မ်ား ၊ အထူးဖိတ္ၾကားထားေသာ ဧည့္သည္ေတာ္ႀကီးမ်ား တက္ေရာက္ခဲ့ၾကသည္။

===================

ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီမိသားစု၏ စုပေါင်းမဟာဘုံကထိန်ပွဲကျင်းပပြုလုပ်

ရန်ကုန် နိုဝင်ဘာ ၂၂

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ရန်ကုန်တိုင်းဒေသကြီးပါတီ မိသားစု၏ “မဟာဘုံကထိန်စုပေါင်းရေစက်ချ တရားနာခြင်း မင်္ဂလာအခမ်းအနား”အား နိုဝင်ဘာလ ၂၂ ရက်နေ့နံနက် (၀၉၃၀)အချိန်က သင်္ဃန်းကျွန်းမြိုနယ်ရှိ “ပရိယတ္တိ ပဋိပတ္တိသာသနာပြု မူလဆယ်တောင်ပြည့်ကျောင်းတိုက်တော်”အတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အစီအစဥ်များအရ ရန်ကုန်တိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးခင်မောင်စိုးနှင့် တိုင်းဒေသကြီးပါတီကော်မတီဝင်များ၊ ခရိုင်ပါတီဥက္ကဋ္ဌနှင့်ခရိုင်ပါတီကော်မတီဝင်များ ၊ မြိုနယ်ပါတီဥက္ကဋ္ဌနှင့် မြိုနယ်ပါတီကော်မတီဝင်များ ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်ကြီးများမှ နမောတဿ(၃) ကြိမ်ရွတ်ဆို၍ သြကာသ ကန်တော့ချိုးဖြင့်ညီညာဖျဖျ ကန်တော့ခဲ့ကြပြီး သီလပေးတရားတော်မြတ်အား ခံယူတောင်းခံကြပြီးတိုင်းပါတီဥက္ကဋ္ဌဦးခင်မောင်စိုးနှင့်ပါတီတာဝန်ရှိသူများက ကထိန်သင်္ကန်းတော်မြတ်နှင့် ကထိန်ပဒေသာပင်များ လှူဖွယ်ဝထ္ထူများအား ဘုရားအမှူးရှိသော သံဃာတော်အရှင်သူမြတ်များထံ ဆပ်ကပ်လှူဒါန်းခဲ့ကြပြီး ကြွရောက်လာကြသော သံဃာတော်အရှင်သူမြတ်များမှ မေတ္တာသုတ်အစချီသော ပရိတ်တရားတော်များအား စုပေါင်းပူဇော် ရွတ်ဆိုခဲ့ကြပါသည်။

ထိုနောက် ကျောင်းတိုက်တော်ကြီး၏ ဦးစီးပဓာနနာယကဆရာတော် ဥုးဣဒ္ဓိဗလမှ ကထိန်အလှူ အနုမောဒနာတရားတော်မြတ်အား ချီးမြှင့်ခဲ့သည်။ ဆက်လက်၍ စုပေါင်းလှူဒါန်းမှုအစုစုတိုအား ရေစက်သွန်ချအမျှပေးဝေခဲ့ပြီး “ဗုဒ္ဓသာသနံ စီရံတိဋ္ဌတု” သုံးကြိမ်ရွှတ်ဆိုခဲ့ပြီး အခမ်းအနားအား အောင်မြင်စွာရုပ်သိမ်းခဲ့ပြီး ရတနာရွှေမိုး ငွေမိုးရွာသွန်းဖြိုးကာ ပင့်ဖိတ်လျှောက်ထား၍ ကြွရောက်လာကြသော သံဃာတော်အရှင်သူမြတ်များအား နေ့ဆွမ်းများဆပ်ကပ်လှူဒါန်းခဲ့ပြီး ဘောဇဥ် ချိုချဥ် အရသာအဖြာဖြာတိုကိုဆပ်ကပ် လှူဒါန်းခဲ့ပြီး ဧည့်ပရိတ်သတ်များအား နေ့လည်စာဖြင့် ဧည့်ခံကျွေးမွေးဒါနပြုခဲ့ကြောင်းသိရသည်။

ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီမိသားစုအနေဖြင့် မဟာဘုံကထိန်အလှူတော်အား ယခုနှစ်တွင် တိုင်း/ခရိုင်/မြိုနယ်များ၏ စုစုပေါင်းလှူဒါန်းမှုတန်ဖိုးမှာ ဝထ္ထူငွေ(၅၄၈၇၀၀၀)ကျပ် ၊ ပဒေသာပင်ပစ္စည်းတန်ဘိုး စုစုပေါင်း(၅၇၉၄၄၆၀)ကျပ် စုစုပေါင်းတန်ဘိုး (၁၁၂၈၁၄၆၀)သိန်းကျပ် ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိပါတီအဆင့်ဆင့်၏ ပါတီတာဝန်ရှိသူများ ၊ ပါတီဝင်၏ မိသားစုဝင်များ ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်ကြီးများ တက်ရောက်ခဲ့ကြသည်။