တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ကော့သောင်းမြို့နယ် ပါတီ မျက်နှာစုံညီ အစည်းအဝေးကျင်းပ

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ကော့သောင်းမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမျက်နှာစုံညီအစည်းအဝေးကို ယမန်နေ့ နံနက် (၉) နာရီက ကော့သောင်းခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးချစ်သန်း၊ ဦးမြင့်ထွန်း၊ အရန်ဗဟိုကော်မတီဝင် ဒေါက်တာဝင်းအောင်၊ အရွေးချယ်ခံ ရပ်/ကျေးပါတီဝင် ကိုယ်စားလှယ် (၅၆) ဦးနှင့် ပါတီဝင်များ တက်ရောက်ကြသည်။

အခမ်းအနား ပထမပိုင်းအစီ အစဉ်အဖြစ် သဘာပတိ ကော့သောင်းခရိုင် ပြည်ခိုင်ဖြိုးပါတီ နာယက ဦးလှအေးက အဖွင့်အမှာစကားပြောကြား ပြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးထွန်းမြင့်က ရွေးချယ်ခံကိုယ်စားလှယ်အမည်စာရင်း၊ ပြန်လည် ပြင်ဆင်ရွေးချယ်ရေး ကော်မတီ နာယကအဖွဲ့အမည်စာရင်း၊ ရွေးချယ်ရေးကော်မတီ အမည်စာရင်းနှင့် ရွေးချယ် တင်မြှောက်ရေးလုပ်ငန်းစဉ်များကို ဖတ်ကြားရှင်းလင်းသည်။

ယင်းနောက် အစီအစဉ်ဒုတိယပိုင်းအဖြစ် မြို့နယ်ပါတီကော်မတီ ပြန်လည်ဖွဲ့စည်းနိုင်ရေး မဲစနစ်ဖြင့် မြို့နယ်ပါတီကော်မတီ (သစ်) နှင့် အရန်မြို့နယ်ပါတီ ကော်မတီဝင် (သစ်) ၁၅ ဦး စီအား ရွေးချယ်အတည်ပြုခဲ့ကြပြီး အဆိုပါမြို့နယ်ပါတီ ကော်မတီဝင်များထဲမှ မြို့နယ်ပါတီ ဥက္ကဋ္ဌအဖြစ် ဦးယုနိုင်၊ အတွင်းရေးမှူး ဦးအောင်ကြူနိုင်နှင့် ဘဏ္ဍာရေးမှူး ဒေါ်နွယ်ရည်လင်း တို့အား ထပ်မံဆန္ဒမဲပေးရွေးချယ် အတည်ပြုကာ ပါတီကော်မတီဝင်များအားလုံး သဘာပတိ ရှေ့မှောက်တွင် ကတိသစ္စာပြုကြသည်။

ထို့နောက် ခရိုင်ပါတီမျက်နှာစုံညီ အစည်းအဝေးသို့ တက်ရောက်မည့် ပါတီကိုယ်စားလှယ် များအားရွေးချယ်၍ အမည်စာရင်းအား အတည်ပြုကြေညာပြီး သဘာပတိက နိဂုံးချုပ် အမှာစကားပြောကြားကာ အခမ်းအနားကို ကြွေးကြော်သံများဖြင့် ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ကျော်စိုး(ကော့သောင်း)


Leave a Reply