နိုင္ငံကူးလက္မွတ္ (ပတ္စ္ပို႔စ္)မ်ား ပုံမွန္အတိုင္း ျပဳလုပ္ေပးေန

နိုဝင္ဘာ ၂၁

လူမႈကြန္ရက္တြင္ ပြဲစားမ်ားမွ ပတ္စ္ပို႔မ်ား အျမန္ျပဳလုပ္ေပးသည္ဟု လိမ္လည္မႈမ်ားအားသတိျပဳ ၾကရန္ႏွင့္ နိုင္ငံကူးလက္မွတ္ စာအုပ္ျပဳလုပ္ရာတြင္ ႀကိဳ တင္ရက္ခ်ိန္းရမႈကို ပုံမွန္အတိုင္းအြန္လိုင္းကသာ ျပဳ လုပ္ေပးေနေၾကာင္း အသိ ေပးထားပါသည္။ ပတ္စ္ပို႔စာအုပ္ ေလၽွာက္ထား ခ်က္မ်ားႏွင့္ပတ္သက္ေသာ ဝန္ေဆာင္မႈမ်ားကို ၂၀၂၃ ခုႏွစ္ ၁၂ လပိုင္း ၃၀ ရက္မွစတင္ၿပီး ယာယီအကန႔္အသတ္မရွိရပ္ဆိုင္းသြားမည္ဟု သတင္းမွားမ်ားလည္း ထြက္ေပၚေနသည္။

ယခုရက္ပိုင္းအတြင္း ပတ္စ္ပို႔ျပဳလုပ္ရန္ ႀကိဳတင္ရက္ခ်ိန္းယူထားသူမ်ား၏ မွတ္ပုံတင္စာရင္းတြင္ ဧၿပီလ အထိ ေရာက္ရွိေနၿပီ ျဖစ္ ေၾကာင္းလည္းသိရပါသည္။ ထို႔အျပင္ ပြဲစားမ်ားမွ ပတ္စ္ပို႔မ်ား အျမန္ျပဳလုပ္ေပးေနသည္ဟု လူမႈကြန္ရက္တြင္ လိမ္လည္မႈမ်ားရွိေနသည့္အတြက္ သတိထားေစလိုၿပီး နိုင္ငံကူးလက္မွတ္ ထုတ္ေပးေရး႐ုံးအဖြဲ႕ျဖင့္သာ တိုက္ရိုက္ခ်ိတ္ဆက္ေဆာင္ ရြက္ရန္လည္း သတိေပးထားပါသည္။

အြန္လိုင္းစနစ္သစ္(Online Appointment System)ျဖင့္ နိုင္ငံကူးလက္မွတ္ ေလၽွာက္ရန္ ရက္ခ်ိန္းယူျခင္းကို ၂၀၂၃ ခုႏွစ္ ေဖေဖာ္ဝါရီလ ၂၄ ရက္ကစ၍ ရန္ကုန္ၿမိဳ႕ရွိ ပတ္စ္ပို႔ ထုတ္ေပးေရး႐ုံးတြင္ ခြင့္ျပဳခဲ့ျခင္းျဖစ္ပါတယ္။ သို႔ေသာ္ ပတ္စ္ပို႔ေလၽွာက္ထားသူဦးေရမွာ အလြန္မ်ားျပားေနသည့္အတြက္ ျမန္မာနိုင္ငံကူးလက္မွတ္ထုတ္ေပးေရးအဖြဲ႕၏ ဝက္ဘ္ဆိုက္သို႔ ဝင္ေရာက္ရန္အခ်ိန္ၾကာျခင္း၊ ေဖာင္ျဖည့္ေငြေပးေခ်ၿပီး ေသာ္လည္း ရရွိမယ့္ရက္ခ်ိန္းအတြက္ ေန႔ရက္အခ်ိန္ကို ေလၽွာက္ထားသူထံ အေၾကာင္းျပန္ၾကားမႈ လက္ ခံမႈ မရရွိျခင္း၊ အုပ္စုလိုက္ေလၽွာက္သူမ်ားအကုန္မရဘဲ က်န္ခဲ့ျခင္းစသည့္ အဆင္မေျပမႈမ်ားက လက္ရွိအခ်ိန္အထိ ၾကဳံေတြ႕ေနရေၾကာင္း ေလၽွာက္ ထားသူအခ်ိဳ႕က ဆိုပါသည္။

ပတ္စ္ပို႔စာအုပ္ကို ယခု ၁၁ လပိုင္းႏွင့္ ၁၂ လပိုင္းအတြင္းသာ ျပဳလုပ္ေပးသည့္ အျမန္ဝန္ ေဆာင္မႈစနစ္သည္ လူဦးေရကန႔္သတ္ခ်က္ျဖင့္သာ ေဆာင္ရြက္ျခင္းျဖစ္ၿပီး ၎အျမန္ဝန္ေဆာင္ မႈမ်ားကို ၁၂ လပိုင္းအတြင္း ေနာက္ဆုံးထား ျပဳ လုပ္ေပးသြားမည္ျဖစ္ ေၾကာင္း သိရပါသည္။

====================

နိုင်ငံကူးလက်မှတ် (ပတ်စ်ပို့စ်)များ ပုံမှန်အတိုင်း ပြုလုပ်ပေးနေ

နိုဝင်ဘာ ၂၁

လူမှုကွန်ရက်တွင် ပွဲစားများမှ ပတ်စ်ပို့များ အမြန်ပြုလုပ်ပေးသည်ဟု လိမ်လည်မှုများအားသတိပြု ကြရန်နှင့် နိုင်ငံကူးလက်မှတ် စာအုပ်ပြုလုပ်ရာတွင် ကြို တင်ရက်ချိန်းရမှုကို ပုံမှန်အတိုင်းအွန်လိုင်းကသာ ပြု လုပ်ပေးနေကြောင်း အသိ ပေးထားပါသည်။ ပတ်စ်ပို့စာအုပ် လျှောက်ထား ချက်များနှင့်ပတ်သက်သော ဝန်ဆောင်မှုများကို ၂၀၂၃ ခုနှစ် ၁၂ လပိုင်း ၃၀ ရက်မှစတင်ပြီး ယာယီအကန့်အသတ်မရှိရပ်ဆိုင်းသွားမည်ဟု သတင်းမှားများလည်း ထွက်ပေါ်နေသည်။

ယခုရက်ပိုင်းအတွင်း ပတ်စ်ပို့ပြုလုပ်ရန် ကြိုတင်ရက်ချိန်းယူထားသူများ၏ မှတ်ပုံတင်စာရင်းတွင် ဧပြီလ အထိ ရောက်ရှိနေပြီ ဖြစ် ကြောင်းလည်းသိရပါသည်။ ထို့အပြင် ပွဲစားများမှ ပတ်စ်ပို့များ အမြန်ပြုလုပ်ပေးနေသည်ဟု လူမှုကွန်ရက်တွင် လိမ်လည်မှုများရှိနေသည့်အတွက် သတိထားစေလိုပြီး နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးအဖွဲ့ဖြင့်သာ တိုက်ရိုက်ချိတ်ဆက်ဆောင် ရွက်ရန်လည်း သတိပေးထားပါသည်။

အွန်လိုင်းစနစ်သစ်(Online Appointment System)ဖြင့် နိုင်ငံကူးလက်မှတ် လျှောက်ရန် ရက်ချိန်းယူခြင်းကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်ကစ၍ ရန်ကုန်မြို့ရှိ ပတ်စ်ပို့ ထုတ်ပေးရေးရုံးတွင် ခွင့်ပြုခဲ့ခြင်းဖြစ်ပါတယ်။ သို့သော် ပတ်စ်ပို့လျှောက်ထားသူဦးရေမှာ အလွန်များပြားနေသည့်အတွက် မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့၏ ဝက်ဘ်ဆိုက်သို့ ဝင်ရောက်ရန်အချိန်ကြာခြင်း၊ ဖောင်ဖြည့်ငွေပေးချေပြီး သော်လည်း ရရှိမယ့်ရက်ချိန်းအတွက် နေ့ရက်အချိန်ကို လျှောက်ထားသူထံ အကြောင်းပြန်ကြားမှု လက် ခံမှု မရရှိခြင်း၊ အုပ်စုလိုက်လျှောက်သူများအကုန်မရဘဲ ကျန်ခဲ့ခြင်းစသည့် အဆင်မပြေမှုများက လက်ရှိအချိန်အထိ ကြုံတွေ့နေရကြောင်း လျှောက် ထားသူအချို့က ဆိုပါသည်။

ပတ်စ်ပို့စာအုပ်ကို ယခု ၁၁ လပိုင်းနှင့် ၁၂ လပိုင်းအတွင်းသာ ပြုလုပ်ပေးသည့် အမြန်ဝန် ဆောင်မှုစနစ်သည် လူဦးရေကန့်သတ်ချက်ဖြင့်သာ ဆောင်ရွက်ခြင်းဖြစ်ပြီး ၎င်းအမြန်ဝန်ဆောင် မှုများကို ၁၂ လပိုင်းအတွင်း နောက်ဆုံးထား ပြု လုပ်ပေးသွားမည်ဖြစ် ကြောင်း သိရပါသည်။