ဂါဇာေျမာက္ပိုင္းရွိ အစၥေရးတပ္ဖြဲ႕မ်ား ပိတ္ဆို႔ထားသည့္ ေဆး႐ုံအတြင္း၌ လူရာေပါင္းမ်ားစြာရွိေန

နိုဝင္ဘာ ၂၂

ဂါဇာေျမာက္ပိုင္းရွိ အစၥေရးတပ္ဖြဲ႕မ်ားပိတ္ဆို႔ထားသည့္ အင္ဒိုနီးရွားေဆး႐ုံအတြင္း၌ လူရာေပါင္းမ်ားစြာရွိေနေၾကာင္း အင္န္အိတ္ခ်္ေက သတင္းတစ္ရပ္အရ သိရသည္။

ဂါဇာကမ္းေျမာင္ေဒသအတြင္း အစၥေရးတပ္ဖြဲ႕မ်ားက စစ္ဆင္ေရးမ်ား ထပ္မံေဆာင္ရြက္ေနေၾကာင္း သိရသည္။ လက္ရွိအခ်ိန္တြင္ ဟားမတ္စ္စစ္ေသြးႂကြမ်ားအပါအဝင္ စစ္ေသြးႂကြ ၃၀၀ ေက်ာ္ကို ထိန္းသိမ္းထားၿပီး ၎တို႔အား စစ္ေဆးရန္အတြက္ အစၥေရးနိုင္ငံသို႔ေခၚေဆာင္မည္ျဖစ္ ေၾကာင္း အစၥေရးတပ္ဖြဲ႕က ေျပာၾကားသည္။

နိုဝင္ဘာ ၂၀ ရက္တြင္ အယ္လ္ဂ်ာဇီးယား႐ုပ္ျမင္ သံၾကားဌာနမွ ထုတ္လႊင့္သည့္ဗီဒီယိုဖိုင္တြင္ ဂါဇာေဒသရွိ အင္ဒိုနီးရွားေဆး႐ုံသည္ အစၥေရး၏ တိုက္ ခိုက္မႈမ်ားေၾကာင့္ မ်က္ႏွာၾကက္မ်ားပ်က္စီးၿပီး လူနာမ်ားအပါအဝင္ ၁၂ ဦးေသဆုံးေၾကာင္းႏွင့္ ၎ေဆး႐ုံအတြင္း လူ ၇၀၀ ခန႔္ ပိတ္မိေနေၾကာင္း သိရသည္။

အစၥေရး၏ ယခုကဲ့သို႔ေသာ တိုက္ခိုက္မႈမ်ားကို ရပ္တန႔္ရန္ အင္ဒိုနီးရွားလူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာ အကူအညီေပးေရးအဖြဲ႕က ေမတၱာရပ္ခံခဲ့သည္။

=====================

ဂါဇာမြောက်ပိုင်းရှိ အစ္စရေးတပ်ဖွဲ့များ ပိတ်ဆို့ထားသည့် ဆေးရုံအတွင်း၌ လူရာပေါင်းများစွာရှိနေ

နိုဝင်ဘာ ၂၂

ဂါဇာမြောက်ပိုင်းရှိ အစ္စရေးတပ်ဖွဲ့များပိတ်ဆို့ထားသည့် အင်ဒိုနီးရှားဆေးရုံအတွင်း၌ လူရာပေါင်းများစွာရှိနေကြောင်း အင်န်အိတ်ချ်ကေ သတင်းတစ်ရပ်အရ သိရသည်။

ဂါဇာကမ်းမြောင်ဒေသအတွင်း အစ္စရေးတပ်ဖွဲ့များက စစ်ဆင်ရေးများ ထပ်မံဆောင်ရွက်နေကြောင်း သိရသည်။ လက်ရှိအချိန်တွင် ဟားမတ်စ်စစ်သွေးကြွများအပါအဝင် စစ်သွေးကြွ ၃၀၀ ကျော်ကို ထိန်းသိမ်းထားပြီး ၎င်းတို့အား စစ်ဆေးရန်အတွက် အစ္စရေးနိုင်ငံသို့ခေါ်ဆောင်မည်ဖြစ် ကြောင်း အစ္စရေးတပ်ဖွဲ့က ပြောကြားသည်။

နိုဝင်ဘာ ၂၀ ရက်တွင် အယ်လ်ဂျာဇီးယားရုပ်မြင် သံကြားဌာနမှ ထုတ်လွှင့်သည့်ဗီဒီယိုဖိုင်တွင် ဂါဇာဒေသရှိ အင်ဒိုနီးရှားဆေးရုံသည် အစ္စရေး၏ တိုက် ခိုက်မှုများကြောင့် မျက်နှာကြက်များပျက်စီးပြီး လူနာများအပါအဝင် ၁၂ ဦးသေဆုံးကြောင်းနှင့် ၎င်းဆေးရုံအတွင်း လူ ၇၀၀ ခန့် ပိတ်မိနေကြောင်း သိရသည်။

အစ္စရေး၏ ယခုကဲ့သို့သော တိုက်ခိုက်မှုများကို ရပ်တန့်ရန် အင်ဒိုနီးရှားလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့က မေတ္တာရပ်ခံခဲ့သည်။