


====================

စုပေါင်းမဟာဘုံကထိန် ခင်းကျင်းရေး လုပ်ငန်းညှိနှိင်းအစည်းအဝေး ပြုလုပ်

အောင်မြေသာစံ နိုဝင်ဘာ ၂၁

၂၁-၁၁-၂၀၂၃ ရက်နေ့ ၁၀:၃၀မှ၁၂:၀၀ အချိန်ထိ အောင်မြေသာစံမြိုနယ် ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေးခန်းမတွင် မြိုနယ်နှင့်ရပ်ကွက်များ စုပေါင်းမဟာဘုံကထိန် ကျင်းပရေး လုပ်ငန်းညှိနှိင်း အစည်းအဝေးပြုလုပ်ခဲ့ရာ အောင်မြေသာစံခရိုင်ပါတီဥက္ကဌ ဦးဘိုသင်း၊အတွင်းရေးမှုး ဦးသောင်းညွန့်နှင့်ကော်မတီဝင်များ၊အောင်မြေသာစံမြိုနယ်ပါတီဥက္ကဌ ဦးလှိင်ဝင်းထွန်း၊အတွင်းရေးမှုး ဦးသောင်းစိန်နှင့်ကော်မတီဝင်များ တက်ရောက်ခဲ့ကြပါသည်။အစည်းအဝေးတွင် မြိုနယ်နှင့်ရပ်ကွက်များ စုပေါင်းမဟာဘုံကထိန် ကျင်းပရေးနှင့် ပတ်သက်၍ ဆရာတော်၊သံဃာ တော်များအား ဆွမ်းဆက်ကပ်လှုဒါန်းရေး၊လှုဖွယ်ပစ္စည်းများ ဝယ်ယူ ခင်းကျင်းရေး၊အလှုငွေကောက်ခံရေး၊ဧည့်ပရိတ်သတ်များအား ဧည့်ခံကျွေးမွေးရေး၊ဖိတ်ကြားရေး လုပ်ငန်းစဥ်များအား ညှိနှိင်းဆွေးနွေးခဲ့ပါသည်။