၂၀၂၇ အထိ စာခ်ဳပ္သက္တမ္းတိုးလိုက္တဲ့ ဗီနီးစီးယပ္စ္

နိုဝင္ဘာ ၂

တိုက္စစ္မႉး ဗီနီးစီးယပ္စ္ဂ်ဴနီယာကို ရီးရဲလ္မက္ဒရစ္အသင္းမွ ၂၀၂၇ ခုႏွစ္အထိ စာခ်ဳပ္သက္တမ္းတိုးလိုက္ေၾကာင္း တရားဝင္ ထုတ္ျပန္ေၾကညာခဲ့ပါတယ္။

ဗီနီးစီးယပ္စ္ကို ၂၀၁၈ ခုႏွစ္တုန္းက ဘရာဇီးနိုင္ငံ ဖလာမင္ဂိုအသင္းမွ ရီးရဲလ္သို႔ ေရာက္ရွိခဲ့ၿပီး လာလီဂါရဲ့ ထိပ္တန္းကစားသမားတစ္ဦး ျဖစ္လာခဲ့ၿပီး ၂၀၂၂ ခုႏွစ္က လီဗာပူးနဲ႔ ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲမွာ အနိုင္ဂိုးကို သြင္းယူခဲ့ပါတယ္။

အသက္ ၂၃ ႏွစ္အရြယ္ရွိ ဗီနီးစီးယပ္စ္သည္ ၿပီးခဲ့တဲ့ Ballon d’Or ဆုေပးပြဲမွာလည္း Socrates Award(လူသားအက်ိဳးျပဳႀကိဳးပမ္းမႈဆု)ကို ရရွိထားသူလည္းျဖစ္ပါတယ္။

=========================

၂၀၂၇ အထိ စာချုပ်သက်တမ်းတိုးလိုက်တဲ့ ဗီနီးစီးယပ်စ်

နိုဝင်ဘာ ၂

တိုက်စစ်မှူး ဗီနီးစီးယပ်စ်ဂျူနီယာကို ရီးရဲလ်မက်ဒရစ်အသင်းမှ ၂၀၂၇ ခုနှစ်အထိ စာချုပ်သက်တမ်းတိုးလိုက်ကြောင်း တရားဝင် ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ဗီနီးစီးယပ်စ်ကို ၂၀၁၈ ခုနှစ်တုန်းက ဘရာဇီးနိုင်ငံ ဖလာမင်ဂိုအသင်းမှ ရီးရဲလ်သို့ ရောက်ရှိခဲ့ပြီး လာလီဂါရဲ့ ထိပ်တန်းကစားသမားတစ်ဦး ဖြစ်လာခဲ့ပြီး ၂၀၂၂ ခုနှစ်က လီဗာပူးနဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ အနိုင်ဂိုးကို သွင်းယူခဲ့ပါတယ်။

အသက် ၂၃ နှစ်အရွယ်ရှိ ဗီနီးစီးယပ်စ်သည် ပြီးခဲ့တဲ့ Ballon d’Or ဆုပေးပွဲမှာလည်း Socrates Award(လူသားအကျိုးပြုကြိုးပမ်းမှုဆု)ကို ရရှိထားသူလည်းဖြစ်ပါတယ်။