ေလာင္းကစားကိစၥေၾကာင့္ တိုနယ္လီကို ၁၀ လ ပြဲပယ္ျပစ္ဒဏ္ခ်မွတ္

ေအာက္တိုဘာ ၂၇

လက္ရွိ နယူးကာဆယ္အသင္းမွာ ကစားေနတဲ့ အီတလီကြင္းလယ္လူ တိုနယ္လီဟာ ေလာင္းကစားစည္းမ်ဥ္း ခ်ိဳးေဖာက္ခဲ့မႈနဲ႔ ၁၀ လ ပြဲပယ္ျပစ္ဒဏ္မွတ္ခံခဲ့ရပါတယ္။ တိုနယ္လီဟာ ၿပီးခဲ့တဲ့ ရက္ပိုင္းကတည္းက ေရွ႕ေနေတြငွားရမ္းၿပီး ေခ်ပခဲ့ေပမဲ့ ျပစ္မႈထင္ရွားခဲ့တာေၾကာင့္ ပြဲပယ္ျပစ္ဒဏ္ ခ်မွတ္ခံခဲ့ရပါတယ္။

ဒီပြဲပယ္ျပစ္ဒဏ္ေၾကာင့္ တိုနယ္လီဟာ ရာသီၿပီးဆုံးတဲ့အထိ ပြဲပယ္ခံရမွာျဖစ္လို႔ နယူးကာဆယ္အသင္းအတြက္ ဆက္လက္ကစားေပးနိုင္ေတာ့မွာ မဟုတ္ပါဘူး။ တိုနယ္လီရဲ့ ပြဲပယ္ျပစ္ဒဏ္ ခ်မွတ္ခံရတဲ့အေပၚ ဖီဖာနဲ႔ အီတလီေဘာလုံးအဖြဲ႕ခ်ဳပ္ေတြကလည္း အတည္ျပဳခဲ့ေၾကာင္း သိရပါတယ္။

======================

လောင်းကစားကိစ္စကြောင့် တိုနယ်လီကို ၁၀ လ ပွဲပယ်ပြစ်ဒဏ်ချမှတ်

အောက်တိုဘာ ၂၇

လက်ရှိ နယူးကာဆယ်အသင်းမှာ ကစားနေတဲ့ အီတလီကွင်းလယ်လူ တိုနယ်လီဟာ လောင်းကစားစည်းမျဉ်း ချိုးဖောက်ခဲ့မှုနဲ့ ၁၀ လ ပွဲပယ်ပြစ်ဒဏ်မှတ်ခံခဲ့ရပါတယ်။ တိုနယ်လီဟာ ပြီးခဲ့တဲ့ ရက်ပိုင်းကတည်းက ရှေ့နေတွေငှားရမ်းပြီး ချေပခဲ့ပေမဲ့ ပြစ်မှုထင်ရှားခဲ့တာကြောင့် ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံခဲ့ရပါတယ်။

ဒီပွဲပယ်ပြစ်ဒဏ်ကြောင့် တိုနယ်လီဟာ ရာသီပြီးဆုံးတဲ့အထိ ပွဲပယ်ခံရမှာဖြစ်လို့ နယူးကာဆယ်အသင်းအတွက် ဆက်လက်ကစားပေးနိုင်တော့မှာ မဟုတ်ပါဘူး။ တိုနယ်လီရဲ့ ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံရတဲ့အပေါ် ဖီဖာနဲ့ အီတလီဘောလုံးအဖွဲ့ချုပ်တွေကလည်း အတည်ပြုခဲ့ကြောင်း သိရပါတယ်။