ျပည္ခိုင္ၿဖိဳးပါတီ ဗဟိုအတြင္းေရးမႉး၊ အမ်ိဳးသမီးေရးရာတာ၀န္ခံ ႏွင့္ ၾကည့္ျမင္တိုင္၊ ဆပ္ႀကီးခေနာင္တိုၿမိဳ႕နယ္မ်ား မွ အမ်ိဳးသမီးလူငယ္တာ၀န္ခံမ်ား၊First Time Voter မ်ားႏွင့္ေတြ႕ဆုံပြဲက်င္းပ

ရန္ကုန္ ေအာက္တိုဘာ ၂၃
ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိးေရးပါတီ ဗဟိုအတြင္းေရးမႉး၊အမ်ိဳးသမီးေရးရာတာ၀န္ခံ ေဒၚစန္းစန္းႏြယ္၊ေအာက္ျမန္မာျပည္အမ်ိဳးသမီးေရးရာ တာဝန္ခံဗဟိုအလုပ္အမႈေဆာင္ ေဒၚခင္ေရႊျမင့္တို႔သည္ (၂၃.၁၀ .၂၀၂၃)တနလၤာေန႔ ေန႔လည္ (၁)နာရီက ၾကည့္ျမင္တိုင္ ၿမိဳ႕နယ္ ျပည္ခိုင္ၿဖိးပါတီ႐ုံးခန္းမ တြင္ ၾကည့္ျမင္တိုင္၊ ဆပ္ႀကီးခေနာင္တိုၿမိဳ႕နယ္မ်ား မွ အမ်ိဳးသမီး‌တာ၀န္ခံမ်ား၊First Time Voter မ်ားႏွင့္ေတြ႕ဆုံပြဲက်င္းပခဲ့ပါသည္။
ေရွးဦးစြာျပည္ခိုင္ၿဖိဳးပါတီဗဟိုအတြင္းေရးမႉး၊ ပါတီတာ၀န္ရွိသူမ်ား ႏွင့္ တ‌က္ေရာက္လာေသာအမ်ိဳးသမီး မ်ား ႏွင့္တစ္ဦးခ်င္း မိတ္ဆက္ခဲ့ၾကပါသည္။
ထို႔ေနာက္ရန္ကုန္တိုင္း အမ်ိဳးသမီး‌ေရးရာ တာ၀န္ခံ ေဒၚစန္းစန္း၀င္း၊ အလုံခရိုင္အမ်ိဳးသမီးေရးရာတာ၀န္ခံ ေဒၚဇင္ဇင္မ်ိဳးထြန္း၊ဆ္ိပ္ႀကီး‌ခေနာင္တို ၿမိဳ႕နယ္ ပါတီဥကၠဌ တြံ့‌ေတးခရိုင္ အမ်ိဳးသမီးေရးရာ တာ၀န္ခံေဒၚေအးေအးျမင့္တို႔မွ ေဆြးေႏြးခဲ့ၾကပါသည္။
ဆက္လက္၍ ေတြ႕ဆုံပြဲသို႔တက္ေရာက္လာသည့္ ဥပေဒေမဂ်ာ ေက်ာင္းသူေလးမွ တင္ျပရာတြင္ စာအုပ္ေဈးမ်ား အလြန္ေစ်းႀကီး ေနပါသျဖင့္မဝယ္နိုင္သည့္ေက်ာင္းသား အေတာ္မ်ားပါေၾကာင္း၊တခ်ိဳ႕ဆို ပိုက္စံစု ၿပီးေက်ာင္းေနာက္က်မွတက္ၾကေၾကာင္းတင္ျပေဆြးေႏြးပါသည္။
အထက ဆိပ္တို မွေက်ာင္းသူတစ္ဦးမွလည္း ေက်ာင္းသုံးစာအုပ္မ်ားဝယ္ယူရာတြင္ ေစ်းႀကီးျမင့္မႈ႔ေၾကာင့္ပညာသင္ၾကားရာတြင္ အခက္အခဲမ်ားႏွင့္ၾကဳံေတြ႕ေနရေၾကာင္း၊ ပညာသင္ၾကားမႈၿပီးေျမာက္သြားပါက ပါတီထဲတြင္ ထဲထဲ၀င္၀င္လုပ္ခ်င္ပါေၾကာင္း၊ျပည္ခိုင္ၿဖိဳးကိုအေပးသည့္အတြက္ေတာထဲတြင္ေနရသည့္အခ်ိန္မ်ားရွိခဲ့ပါေၾကာင္း၊အဂၤလိပ္စာကိုကၽြမ္းက်င္စြာသင္ယူလိုေၾကာင္း၊ လက္ရွိအေျခအေနမွာပတ္၀န္းက်င္ေၾကာင့္၊ေသြးထိုးစကားေတြေၾကာင့္ ထိတ္လန႔္ေနၾကေၾကာင္းျဖင့္တင္ျပေဆြးေႏြးပါသည္။
ေအာက္ျမန္မာျပည္တာ၀န္ခံ၊ဗဟိုအလုပ္အမႈေဆာင္ ေဒၚခင္ေရႊျမင့္မွလည္းယခုလိုအ‌‌ေျခအေနမွာ ပါတီသို႔၀င္ေရာက္သူမ်ား၊၀န္းရံသူမ်ားကိုႀကိဳဆိုပါ​ေၾကာင္း၊အခက္အခဲေတြၾကားက ပထမ‌ဆုံးအႀကိမ္ေတြဆုံမႈကို လာေရာက္ေပးၾကသူမ်ားအားေက်းဇူးတင္ရွိပါေၾကာင္းျဖင့္ေျပာၾကားခဲ့ၿပီး အမ်ိဳးသမီးေရးကာတာဝန္ခံ၊ဗဟိုအတြင္းေရးမႉးမွ နိဂုံးခ်ဳပ္ စကားေျပာၾကားရာတြင္ မိမိတို႔ပါတီအား၀န္ရံၿပီးေစာင့္ေရွာက္ေပးတာကိုေက်းဇူးတင္ေၾကာင္း၊ယခုတင္ျပေဆြးေႏြးမႈမ်ား
ကိုအားရေက်နပ္မိပါေၾကာင္း၊တင္ျပေဆြးေႏြး မႈ႔မ်ားအေပၚေပါင္းစပ္ညႇိႏွိုင္းေဆာင္ရြက္ ေပးသြားမည္ျဖစ္ေၾကာင္း၊ ယေန႔အခ်ိန္ေပးၿပီး အခက္အခဲၾကားမွ
လာေရာက္ၾကသည့္အတြက္လည္းအထူး ေက်းဇူးတင္ပါေၾကာင္းေျပာၾကားၿပီးေတြ႕ဆုံပြဲ ၿပီးဆုံးခဲ့ပါသည္။

===================

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး၊ အမျိုးသမီးရေးရာတာ၀န်ခံ နှင့် ကြည့်မြင်တိုင်၊ ဆပ်ကြီးခနောင်တိုမြို့နယ်များ မှ အမျိုးသမီးလူငယ်တာ၀န်ခံများ၊First Time Voter များနှင့်တွေ့ဆုံပွဲကျင်းပ

ရန်ကုန် အောက်တိုဘာ ၂၃
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိးရေးပါတီ ဗဟိုအတွင်းရေးမှူး၊အမျိုးသမီးရေးရာတာ၀န်ခံ ဒေါ်စန်းစန်းနွယ်၊အောက်မြန်မာပြည်အမျိုးသမီးရေးရာ တာဝန်ခံဗဟိုအလုပ်အမှုဆောင် ဒေါ်ခင်ရွှေမြင့်တို့သည် (၂၃.၁၀ .၂၀၂၃)တနင်္လာနေ့ နေ့လည် (၁)နာရီက ကြည့်မြင်တိုင် မြို့နယ် ပြည်ခိုင်ဖြိးပါတီရုံးခန်းမ တွင် ကြည့်မြင်တိုင်၊ ဆပ်ကြီးခနောင်တိုမြို့နယ်များ မှ အမျိုးသမီး‌တာ၀န်ခံများ၊First Time Voter များနှင့်တွေ့ဆုံပွဲကျင်းပခဲ့ပါသည်။
ရှေးဦးစွာပြည်ခိုင်ဖြိုးပါတီဗဟိုအတွင်းရေးမှူး၊ ပါတီတာ၀န်ရှိသူများ နှင့် တ‌က်ရောက်လာသောအမျိုးသမီး များ နှင့်တစ်ဦးချင်း မိတ်ဆက်ခဲ့ကြပါသည်။
ထို့နောက်ရန်ကုန်တိုင်း အမျိုးသမီး‌ရေးရာ တာ၀န်ခံ ဒေါ်စန်းစန်း၀င်း၊ အလုံခရိုင်အမျိုးသမီးရေးရာတာ၀န်ခံ ဒေါ်ဇင်ဇင်မျိုးထွန်း၊ဆ်ိပ်ကြီး‌ခနောင်တို မြို့နယ် ပါတီဥက္ကဌ တွံ့‌တေးခရိုင် အမျိုးသမီးရေးရာ တာ၀န်ခံဒေါ်အေးအေးမြင့်တို့မှ ဆွေးနွေးခဲ့ကြပါသည်။
ဆက်လက်၍ တွေ့ဆုံပွဲသို့တက်ရောက်လာသည့် ဥပဒေမေဂျာ ကျောင်းသူလေးမှ တင်ပြရာတွင် စာအုပ်ဈေးများ အလွန်စျေးကြီး နေပါသဖြင့်မဝယ်နိုင်သည့်ကျောင်းသား အတော်များပါကြောင်း၊တချို့ဆို ပိုက်စံစု ပြီးကျောင်းနောက်ကျမှတက်ကြကြောင်းတင်ပြဆွေးနွေးပါသည်။
အထက ဆိပ်တို မှကျောင်းသူတစ်ဦးမှလည်း ကျောင်းသုံးစာအုပ်များဝယ်ယူရာတွင် စျေးကြီးမြင့်မှု့ကြောင့်ပညာသင်ကြားရာတွင် အခက်အခဲများနှင့်ကြုံတွေ့နေရကြောင်း၊ ပညာသင်ကြားမှုပြီးမြောက်သွားပါက ပါတီထဲတွင် ထဲထဲ၀င်၀င်လုပ်ချင်ပါကြောင်း၊ပြည်ခိုင်ဖြိုးကိုအပေးသည့်အတွက်တောထဲတွင်နေရသည့်အချိန်များရှိခဲ့ပါကြောင်း၊အင်္ဂလိပ်စာကိုကျွမ်းကျင်စွာသင်ယူလိုကြောင်း၊ လက်ရှိအခြေအနေမှာပတ်၀န်းကျင်ကြောင့်၊သွေးထိုးစကားတွေကြောင့် ထိတ်လန့်နေကြကြောင်းဖြင့်တင်ပြဆွေးနွေးပါသည်။
အောက်မြန်မာပြည်တာ၀န်ခံ၊ဗဟိုအလုပ်အမှုဆောင် ဒေါ်ခင်ရွှေမြင့်မှလည်းယခုလိုအ‌‌ခြေအနေမှာ ပါတီသို့၀င်ရောက်သူများ၊၀န်းရံသူများကိုကြိုဆိုပါ​ကြောင်း၊အခက်အခဲတွေကြားက ပထမ‌ဆုံးအကြိမ်တွေဆုံမှုကို လာရောက်ပေးကြသူများအားကျေးဇူးတင်ရှိပါကြောင်းဖြင့်ပြောကြားခဲ့ပြီး အမျိုးသမီးရေးကာတာဝန်ခံ၊ဗဟိုအတွင်းရေးမှူးမှ နိဂုံးချုပ် စကားပြောကြားရာတွင် မိမိတို့ပါတီအား၀န်ရံပြီးစောင့်ရှောက်ပေးတာကိုကျေးဇူးတင်ကြောင်း၊ယခုတင်ပြဆွေးနွေးမှုများ
ကိုအားရကျေနပ်မိပါကြောင်း၊တင်ပြဆွေးနွေး မှု့များအပေါ်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ ယနေ့အချိန်ပေးပြီး အခက်အခဲကြားမှ
လာရောက်ကြသည့်အတွက်လည်းအထူး ကျေးဇူးတင်ပါကြောင်းပြောကြားပြီးတွေ့ဆုံပွဲ ပြီးဆုံးခဲ့ပါသည်။