႐ုရွားနိုင္ငံျခားေရးဝန္ႀကီးဌာနက ၎တို႔နိုင္ငံအေပၚ အေရးယူပိတ္ဆို႔မႈမ်ား ျပဳလုပ္ခဲ့သည့္ အတြက္ လက္တုံ႔ျပန္ေသာ အေနျဖင့္ ၿဗိတိန္ လူမ်ိဳး ၂၃ဦးအား ဒဏ္ခတ္ ပိတ္ဆို႔ မႈမ်ားျပဳလုပ္ခဲ့

႐ုရွားနိုင္ငံ၏ နိုင္ငံျခားေရးဝန္ႀကီး ဌာနက ၿဗိတိန္နိုင္ငံအား လက္တုံ႔ျပန္ေသာ ဒဏ္ခတ္ပိတ္ဆို႔မႈ အျဖစ္ ၿဗိတိန္ လူမ်ိဳး လူ ၂၃ ဦးပါဝင္ေသာ လူစာရင္းအား ဒဏ္ခတ္ ပိတ္ဆို႔အေရးယူ မႈမ်ား ထပ္မံတိုးခ်ဲ႕ ျပဳလုပ္ လိုက္ေၾကာင္း ယေန႔ စက္တင္ဘာ ၂၇ရက္ေန႔တြင္ သတင္း ထုတ္ျပန္ေၾကညာ ခဲ့တာျဖစ္ပါတယ္။

႐ုရွား နိုင္ငံ နိုင္ငံျခားေရးဝန္ႀကီးဌာနမွ ထုတ္ျပန္ခဲ့သည့္ အမည္စာရင္းတြင္ ၿဗိတိန္စစ္တပ္၏ ကာကြယ္ေရးဦးစီးခ်ဳပ္ Tony Radakin၊ ၿဗိတိန္ေထာက္လွမ္းေရးေကာ္မတီ အႀကီးအကဲ Madeleine Alessandri ႏွင့္ ႐ုရွားနိုင္ငံအား တိုက္ခိုက္ရာတြင္ အသုံးျပဳသည့္ သတင္း အခ်က္အလက္မ်ားကို ခြဲျခမ္းစိတ္ျဖာမႈတြင္ ပါဝင္သည့္ နိုင္ငံေရးသိပၸံပညာရွင္ အမ်ားအျပားကို စီးပြားေရးဆိုင္ရာ ပိတ္ဆို႔မႈမ်ား ျပဳလုပ္ခဲ့ၿပီး ႐ုရွား နိုင္ငံအတြင္းသို႔ ဝင္ေရာက္ခြင့္ မ်ားကိုပါ ပိတ္လိုက္ၿပီျဖစ္ေၾကာင္း ထုတ္ျပန္ ေၾကညာခဲ့တာျဖစ္ပါတယ္။

႐ုရွားနိုင္ငံအေနျဖင့္ ၿဗိတိန္နိုင္ငံအေပၚ လက္တုံ႔ ျပန္ ဒဏ္ခတ္ပိတ္ဆို႔မႈမ်ားျပဳလုပ္ခဲ့သည့္ ၿဗိတိန္ လူမ်ိဳး ၂၃ ဦးကို စာရင္း၏ အေသးစိတ္ အခ်က္အလက္မ်ားမွာ ၿဗိတိန္စစ္တပ္၏ ကာကြယ္ေရးဦးစီးခ်ဳပ္ Tony Radakin ၿဗိတိန္နယ္ေျမရွိ ယူကရိန္း တပ္ဖြဲ႕မ်ား ၏ေလ့က်င့္မႈကို ႀကီးၾကပ္ ကြပ္ကဲသည့္ ပူးတြဲေထာက္ လွမ္းေရးဥကၠ႒၊ ၿဗိတိသၽွ အစိုးရလက္ေအာက္ရွိ ေကာ္မတီဝင္၊ ကာကြယ္ေရးကုမၸဏီ BAE Systems Cressida Hogg ၏ ဒါရိုက္တာ ဘုတ္ အဖြဲ႕ဥကၠ႒လည္း ျဖစ္သည့္ Madeleine Alessandri ၊ Royal United Services Institute (Justin Bronk၊ Sidharth Kaushal၊ Nick Reynolds)၊ Henry Jackson Foundation (Alan Mendoza) ကဲ့သို႔ေသာ ႐ုရွားတို႔အား တိုက္ခိုက္ရန္အတြက္ အခ်က္အလက္စုေဆာင္းျခင္းႏွင့္ ခြဲျခမ္းစိတ္ျဖာမႈမ်ား တြင္ ပါဝင္သည့္ ၿဗိတိန္နိုင္ငံေရး သိပၸံစင္တာမ်ား၏ ဝန္ထမ္းမ်ား လည္း ပါဝင္ေနတာျဖစ္ပါတယ္လို႔ သတင္း ဌာနမ်ားကေဖာ္ျပေျပာဆိုထားၾကပါတယ္။

======================

ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ၎င်းတို့နိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုများ ပြုလုပ်ခဲ့သည့် အတွက် လက်တုံ့ပြန်သော အနေဖြင့် ဗြိတိန် လူမျိုး ၂၃ဦးအား ဒဏ်ခတ် ပိတ်ဆို့ မှုများပြုလုပ်ခဲ့

ရုရှားနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီး ဌာနက ဗြိတိန်နိုင်ငံအား လက်တုံ့ပြန်သော ဒဏ်ခတ်ပိတ်ဆို့မှု အဖြစ် ဗြိတိန် လူမျိုး လူ ၂၃ ဦးပါဝင်သော လူစာရင်းအား ဒဏ်ခတ် ပိတ်ဆို့အရေးယူ မှုများ ထပ်မံတိုးချဲ့ ပြုလုပ် လိုက်ကြောင်း ယနေ့ စက်တင်ဘာ ၂၇ရက်နေ့တွင် သတင်း ထုတ်ပြန်ကြေညာ ခဲ့တာဖြစ်ပါတယ်။

ရုရှား နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည့် အမည်စာရင်းတွင် ဗြိတိန်စစ်တပ်၏ ကာကွယ်ရေးဦးစီးချုပ် Tony Radakin၊ ဗြိတိန်ထောက်လှမ်းရေးကော်မတီ အကြီးအကဲ Madeleine Alessandri နှင့် ရုရှားနိုင်ငံအား တိုက်ခိုက်ရာတွင် အသုံးပြုသည့် သတင်း အချက်အလက်များကို ခွဲခြမ်းစိတ်ဖြာမှုတွင် ပါဝင်သည့် နိုင်ငံရေးသိပ္ပံပညာရှင် အများအပြားကို စီးပွားရေးဆိုင်ရာ ပိတ်ဆို့မှုများ ပြုလုပ်ခဲ့ပြီး ရုရှား နိုင်ငံအတွင်းသို့ ဝင်ရောက်ခွင့် များကိုပါ ပိတ်လိုက်ပြီဖြစ်ကြောင်း ထုတ်ပြန် ကြေညာခဲ့တာဖြစ်ပါတယ်။

ရုရှားနိုင်ငံအနေဖြင့် ဗြိတိန်နိုင်ငံအပေါ် လက်တုံ့ ပြန် ဒဏ်ခတ်ပိတ်ဆို့မှုများပြုလုပ်ခဲ့သည့် ဗြိတိန် လူမျိုး ၂၃ ဦးကို စာရင်း၏ အသေးစိတ် အချက်အလက်များမှာ ဗြိတိန်စစ်တပ်၏ ကာကွယ်ရေးဦးစီးချုပ် Tony Radakin ဗြိတိန်နယ်မြေရှိ ယူကရိန်း တပ်ဖွဲ့များ ၏လေ့ကျင့်မှုကို ကြီးကြပ် ကွပ်ကဲသည့် ပူးတွဲထောက် လှမ်းရေးဥက္ကဋ္ဌ၊ ဗြိတိသျှ အစိုးရလက်အောက်ရှိ ကော်မတီဝင်၊ ကာကွယ်ရေးကုမ္ပဏီ BAE Systems Cressida Hogg ၏ ဒါရိုက်တာ ဘုတ် အဖွဲ့ဥက္ကဋ္ဌလည်း ဖြစ်သည့် Madeleine Alessandri ၊ Royal United Services Institute (Justin Bronk၊ Sidharth Kaushal၊ Nick Reynolds)၊ Henry Jackson Foundation (Alan Mendoza) ကဲ့သို့သော ရုရှားတို့အား တိုက်ခိုက်ရန်အတွက် အချက်အလက်စုဆောင်းခြင်းနှင့် ခွဲခြမ်းစိတ်ဖြာမှုများ တွင် ပါဝင်သည့် ဗြိတိန်နိုင်ငံရေး သိပ္ပံစင်တာများ၏ ဝန်ထမ်းများ လည်း ပါဝင်နေတာဖြစ်ပါတယ်လို့ သတင်း ဌာနများကဖော်ပြပြောဆိုထားကြပါတယ်။