တိုင္းေပါင္းစပ္ညႇိႏွိုင္းေရးမႉး၊ ပါတီဗဟိုအတြင္းေရးမႉး ဦးသန္းထြန္းႏွင့္ ဧရာဝတီတိုင္းေဒသႀကီးတိုင္း၊ ခရိုင္၊ၿမိဳ႕နယ္ပါတီတာဝန္ရွိသူမ်ားေတြ႕ဆုံ

​ပုသိမ္ စက္တင္ဘာ ၂၇
ဧရာဝတီတိုင္းေဒသႀကီး ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ႐ုံး၊ တိုင္းျပည္ခိုင္ၿဖိဳးခန္းမတြင္(တိုင္းျပည္ခိုင္ၿဖိဳးခန္းမတြင္ (၂၇.၉.၂၀၂၃) ညေနပိုင္း(၁၅:၃၀)
နာရီအခ်ိန္ကတိုင္းပါတီေကာ္မတီဝင္ (၁၁) ဦး၊ ပုသိမ္ခရိုင္အတြင္းေရးမႈးႏွင့္ဘ႑ာေရးမႈး၊ ပုသိမ္ၿမိဳ႕ နယ္မွပါတီဥကၠ႒အပါအဝင္(၁၅)ဦး တို႔ႏွင့္ တိုင္းေပါင္းစပ္ညႇိႏွိုင္းေရးမႉး၊ပါတီဗဟို အတြင္းေရးမႉးဦးသန္းထြန္းႏွင့္ေတြ႕ဆုံခဲ့​ပါသည္။
ေတြ႕ဆုံပြဲတြင္ဗဟိုအတြင္းေရးမႉးမွ ပါတီဝင္အင္အားစီစစ္ျခင္း၊ပါတီဝင္သစ္စုေဆာင္းျခင္း၌လူငယ္မ်ိဳးဆက္သစ္မ်ားပါဝင္လာေစေရးကို၎၊အသြင္သစ္ျဖင့္ျပည္သူသို႔ဆက္ဆံေရး၊Smart Partyျဖစ္ရန္ေဆာက္ရြက္ေရး၊ ပါတီေအာင္နိုင္ေရးအတြက္အသင့္ျပင္ဆင္ထားရန္၊တိုက္ရိုက္ တန္းတူဆက္ဆံေရးျဖင့္ နယ္ပယ္က႑ ၌ေဆာင္ရြက္ရန္၊သတင္းရရွိေရး သတင္းကြန္ယက္တည္ေဆာက္ရန္၊ပါတီဝင္မ်ား၏လုံျခဳံေရး၊ေဒသမ်ား၌ရပ္ရြာလုံျခဳံေရး၊ ေဒသရွိမသန္စြမ္းအင္အားကိုေကာက္ခံ၍ အင္အားတစ္ရပ္အျဖစ္ေပါင္းစည္းနိုင္ေရး ၊ျပည့္မ႑ိဳင္ေတြ႕ဆုံပြဲ၏ရလာဒ္၊လားရာတူသူမ်ားေပါင္းစည္းနိုင္မွရည္မွန္းခ်က္တူ ေရြးေကာက္ပြဲေအာင္နိုင္မွာျဖစ္ေၾကာင္းေဆြးေႏြးခဲ့ပါသည္။
၎ေနာက္ တိုင္းပါတီဥကၠ႒ဦးသိန္းထြန္းမွသက္ဆိုင္ရာၿမိဳ႕နယ္UEC ႏွင့္ ပါတီဝင္အင္အားတိုက္ဆိုင္စီစစ္ေရးကိုအားစိုက္၍သတ္မွတ္ခ်ိန္မတိုင္မွီၿပီးစီးေရး၊အလုပ္အကိုင္ရွာေဖြေရးလုပ္ငန္းစဥ္တြင္အားလုံးပါဝင္ေဆာင္ရြက္ေရးကိစၥမ်ား ေဆြးေႏြးခဲ့ပါသည္။
ဆက္လက္၍တိုင္းပါတီအတြင္းေရးမႉး ေဒၚခင္ေစာမူမွပါတီဝင္စီစစ္ၿပီးစီးမႈ႔အေျခအေနမ်ားကိုတင္ျပေဆြးေႏြးခဲ့ၿပီး (၁၉:၂၀)နာရီတြင္ၿပီးဆုံးခဲ့ပါသည္။

===========================

တိုင်းပေါင်းစပ်ညှိနှိုင်းရေးမှူး၊ ပါတီဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းနှင့် ဧရာဝတီတိုင်းဒေသကြီးတိုင်း၊ ခရိုင်၊မြို့နယ်ပါတီတာဝန်ရှိသူများတွေ့ဆုံ

​ပုသိမ် စက်တင်ဘာ ၂၇
ဧရာဝတီတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး၊ တိုင်းပြည်ခိုင်ဖြိုးခန်းမတွင်(တိုင်းပြည်ခိုင်ဖြိုးခန်းမတွင် (၂၇.၉.၂၀၂၃) ညနေပိုင်း(၁၅:၃၀)
နာရီအချိန်ကတိုင်းပါတီကော်မတီဝင် (၁၁) ဦး၊ ပုသိမ်ခရိုင်အတွင်းရေးမှုးနှင့်ဘဏ္ဍာရေးမှုး၊ ပုသိမ်မြို့ နယ်မှပါတီဥက္ကဋ္ဌအပါအဝင်(၁၅)ဦး တို့နှင့် တိုင်းပေါင်းစပ်ညှိနှိုင်းရေးမှူး၊ပါတီဗဟို အတွင်းရေးမှူးဦးသန်းထွန်းနှင့်တွေ့ဆုံခဲ့​ပါသည်။
တွေ့ဆုံပွဲတွင်ဗဟိုအတွင်းရေးမှူးမှ ပါတီဝင်အင်အားစီစစ်ခြင်း၊ပါတီဝင်သစ်စုဆောင်းခြင်း၌လူငယ်မျိုးဆက်သစ်များပါဝင်လာစေရေးကို၎င်း၊အသွင်သစ်ဖြင့်ပြည်သူသို့ဆက်ဆံရေး၊Smart Partyဖြစ်ရန်ဆောက်ရွက်ရေး၊ ပါတီအောင်နိုင်ရေးအတွက်အသင့်ပြင်ဆင်ထားရန်၊တိုက်ရိုက် တန်းတူဆက်ဆံရေးဖြင့် နယ်ပယ်ကဏ္ဍ ၌ဆောင်ရွက်ရန်၊သတင်းရရှိရေး သတင်းကွန်ယက်တည်ဆောက်ရန်၊ပါတီဝင်များ၏လုံခြုံရေး၊ဒေသများ၌ရပ်ရွာလုံခြုံရေး၊ ဒေသရှိမသန်စွမ်းအင်အားကိုကောက်ခံ၍ အင်အားတစ်ရပ်အဖြစ်ပေါင်းစည်းနိုင်ရေး ၊ပြည့်မဏ္ဍိုင်တွေ့ဆုံပွဲ၏ရလာဒ်၊လားရာတူသူများပေါင်းစည်းနိုင်မှရည်မှန်းချက်တူ ရွေးကောက်ပွဲအောင်နိုင်မှာဖြစ်ကြောင်းဆွေးနွေးခဲ့ပါသည်။
၎င်းနောက် တိုင်းပါတီဥက္ကဋ္ဌဦးသိန်းထွန်းမှသက်ဆိုင်ရာမြို့နယ်UEC နှင့် ပါတီဝင်အင်အားတိုက်ဆိုင်စီစစ်ရေးကိုအားစိုက်၍သတ်မှတ်ချိန်မတိုင်မှီပြီးစီးရေး၊အလုပ်အကိုင်ရှာဖွေရေးလုပ်ငန်းစဉ်တွင်အားလုံးပါဝင်ဆောင်ရွက်ရေးကိစ္စများ ဆွေးနွေးခဲ့ပါသည်။
ဆက်လက်၍တိုင်းပါတီအတွင်းရေးမှူး ဒေါ်ခင်စောမူမှပါတီဝင်စီစစ်ပြီးစီးမှု့အခြေအနေများကိုတင်ပြဆွေးနွေးခဲ့ပြီး (၁၉:၂၀)နာရီတွင်ပြီးဆုံးခဲ့ပါသည်။