

==============================

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ဗဟိုအလုပ်အမှုဆောင်၊ ကချင်ပြည်နယ်ပေါင်းစပ်ညှိနှိုင်းရေးမှူးဒေါက်တာအောင်မြတ်ဦးနှင့် ကချင်ပြည်နယ်၊ ခရိုင်၊မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ၊ ကော်မတီဝင်များတွေ့ဆုံ

မြစ်ကြီးနား စက်တင်ဘာ ၂၇
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ဗဟိုအလုပ်အမှုဆောင်၊ကချင်ပြည်နယ်ပေါင်းစပ်ညှိနှိုင်းရေးမှူးဒေါက်တာအောင်မြတ်ဦးနှင့်ကချင်ပြည်နယ်၊ခရိုင်၊မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ၊ကော်မတီဝင်များတွေ့ဆုံပွဲကို (၂၇.၉.၂၀၂၃)ရက်နေ့၊(၀၉း၀၀)နာရီအချိန်မှ(၁၂း၀၀)နာရီအချိန်အထိ၊ ကချင်ပြည်နယ် ပြည်ခိုင်ဖြိုးခန်းမကြီး၌ ပြုလုပ်ရာကချင်ပြည်နယ်ပေါင်းစပ်ညှိနှိုင်းရေးမှူးဒေါက်တာအောင်မြတ်ဦး၊ ကချင်ပြည်နယ်ပါတီ ဥက္ကဋ္ဌဦးရားဝမ်ဂျုံနှင့်ပြည်နယ်၊ခရိုင်၊မြို့နယ်ပါတီဥက္ကဋ္ဌနှင့်ကော်မတီဝင်စုစုပေါင်းအင်အား(၄၆)ဦးတက်ရောက်ကြပါသည်။
အစီအစဥ်အရပေါင်းစပ်ညှိနှိုင်းရေးမှူးဒေါက်တာအောင်မြတ်ဦးနှင့်ပြည်နယ်ပါတီဥက္ကဋ္ဌဦးရားဝမ်ဂျုံတို့ကအဖွင့်အမှာစကားအသီးသီးပြောကြားကြပြီး၊ တက်ရောက်လာကြသည့် မြစ်ကြီးနားမြို့နယ်၊ဝိုင်းမော်မြို့နယ်၊ ခရိုင်ဥက္ကဋ္ဌများ၊ပြည်နယ်အတွင်းရေးမှူးဦးသိန်ထွန်အေး တို့ကပထမ၊ ဒုတိယ၊ တတိယအကြိမ်ရက်၉၀စီမံချက်များနှင့် စတုတ္ထအကြိမ်ရက်၉၀စီမံချက်အကောင်အထည်ဖော်ဆောင်ရွက်မှုအခြေအနေ၊ ပြည့်မဏ္ဍိုင်လုပ်ငန်းစဥ်များ၊Key Performance Index Check listအခြေအနေများကို ဆွေးနွေးတင်ပြကြပါသည်။
ထို့နောက်ပြည်နယ်၊ခရိုင်၊မြို့နယ်လူငယ်နှင့်အမျိုးသမီးရေးရာတာဝန်ခံများနှင့်တက်ရောက်လာသူများကလည်း အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး၊ ပေါင်းစပ်ညှိနှိုင်းရေးမှူးဒေါက်တာအောင်မြတ်ဦးနိဂုံးချုပ်အမှာစကားပြောကြား၍ တွေ့ဆုံပွဲပြီးမြှောက်ခဲ့ပါသည်။