ေဒါပုံ ၿမိဳ႕နယ္ ျပည္ခိုင္ၿဖိဳးပါတီ ေသြးလႈရွင္မ်ား ဂုဏ္ျပဳ ပြဲႏွင့္ ပါတီဝင္မ်ား၏ သား၊ သမီး ေက်ာင္းသား/ေက်ာင္းသူမ်ားမ်ား စာအုပ္ႏွင့္ စာေရးကရိယာ ပစၥည္း မ်ား ေထာက္ပံ့ ပြဲ က်င္းပ

ေဒါပုံ။ ။ ၾသဂုတ္လ (၇)
ရန္ကုန္တိုင္းေဒသႀကီး ဗိုလ္တေထာင္ ခရိုင္ ေဒါပုံၿမိဳနယ္ ျပည္ေထာင္စု ႀကံခိုင္ေရးႏွင့္ ဖြံၿဖိဳးေရးပါတီ သည္ ရန္ကုန္တိုင္ေဒသႀကီး ျပည္ခိုင္ၿဖိဳးပါတီ မွ ဦးေဆာင္က်င္းပသည့္ (၄)လ လၽွင္ တစ္ႀကိမ္ စုေပါင္း ေသြးလႈဒါန္းပြဲမ်ားတြင္ ေဒါပုံၿမိဳနယ္ ပါတီအတြက္ ပါဝင္လႈဒါန္းေပးလ်က္ရွိေသာ (၅)ႀကိမ္ႏွင့္အထက္ ပါတီဝင္ေသြးလႈရွင္မ်ားအား ဂုဏ္ျပဳမွတ္တမ္းလႊာေပးအပ္ပြဲနႏွင့္ ၿမိဳနယ္ ႏွင့္ရပ္ကြက္ ပပါတီအမႈေဆာင္မ်ား၏ သားသမီး ေက်ာင္းသား/ေက်ာင္းသူမ်ားအား စာအုပ္ ႏွင့္စာေရးကရိယာ ပစၥည္းမ်ား ေထာက္ပံ့လႈဒါန္းျခင္း အခမ္းအနားကို ေဒါပုံၿမိဳနယ္ ပါတီ႐ုံးခန္းမတြင္(၆.၈.၂၀၂၃) ေန႔လည္(၁)နာရီက က်င္းပျပဳလုပ္ခဲ့ပါသည္။
အခမ္းအနားတြင္ ဗိုလ္တေထာင္ခရိုင္ ပါတီဥကၠ႒ ကအဖြင့္အမွာစကားေျပာၾကား ၿပီး ေသြးလႉရွင္(၁၀)ဦး အားဂုဏ္ျပဳမွတ္တမ္းလႊာေပးအပ္ျခင္းႏွင့္ ဂုဏ္ျပဳခ်ီးျမႇင့္ေငြမ်ားေပးအပ္ျခင္း၊ ရပ္ကြက္အမူေဆာင္မ်ား၏ သားသမီးေက်ာင္းသူေက်ာင္းသား(၁၉)ဦးအားဗလာစာအုပ္(၁)ဒါဇင္ႏွင့္စာေရးကရိယာပစၥည္းမ်ားအား ေထာက္ပံ့ကူညီေပးျခင္း၊က်န္းမာေရးမေကာင္းေနေသာ ရပ္စည္းအမူေဆာင္ မ်ားအား က်န္းမာေရး ေဆးကုသမူစရိတ္ေထာက္ပံ့ကူညီမူမ်ားကိုေဆာင္ရြက္ခဲ့ၾကပါသည္။
အဆိုပါဂုဏ္ျပဳပြဲအခမ္းအနားသို ျပည္ခိုင္ၿဖိဳး ပါတီ အရန္ ဗဟိုေကာ္မတီဝင္ ဗိုလ္တေထာင္ခရိုင္ ပါတီ ဥကၠဌ ဦးညဏ္ဝင္းထိုက္ ၊ ဗိုလ္တေထာင္ခရိုင္ ျပည္ခိုင္ၿဖိဳးပါတီ နာယက ဦးေဝဇင္ ၊ခရိုင္ပါတီအတြင္းေရးမႉး ေဒၚလဲ့လဲ့ေအး၊ ဘ႑ာေရးမႉး ေဒၚေအးေအးမြန္၊ ေဒါပုံၿမိဳနယ္ ပါတီ ဥကၠဌ ဦးသက္နိုင္ ႏွင့္ၿမိဳနယ္ ပါတီေကာ္မတီဝင္မ်ား ရပ္ကြက္ပါတီအမူေဆာင္မ်ား ဂုဏ္ျပဳခံေသြးလႉရွင္မ်ား၊ ေက်ာင္းသူေက်ာင္းသားမ်ား ရပ္ကြက္အမာခံပါတီဝင္မ်ား ၅၅ဦးအင္အား တက္ေရာက္ခဲ့ၾကၿပီး ဂုဏ္ျပဳပြဲအခမ္းအနားအား ညေန (၃)နာရီ အခ်ိန္ထိက်င္းပျပဳလုပ္ခဲ့ၾကပါသည္။

=======================================

ဒေါပုံ မြို့နယ် ပြည်ခိုင်ဖြိုးပါတီ သွေးလှုရှင်များ ဂုဏ်ပြု ပွဲနှင့် ပါတီဝင်များ၏ သား၊ သမီး ကျောင်းသား/ကျောင်းသူများများ စာအုပ်နှင့် စာရေးကရိယာ ပစ္စည်း များ ထောက်ပံ့ ပွဲ ကျင်းပ

ဒေါပုံ။ ။ သြဂုတ်လ  (၇)

ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင် ခရိုင် ဒေါပုံမြိုနယ် ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ သည် ရန်ကုန်တိုင်ဒေသကြီး ပြည်ခိုင်ဖြိုးပါတီ မှ ဦးဆောင်ကျင်းပသည့် (၄)လ လျှင် တစ်ကြိမ် စုပေါင်း သွေးလှုဒါန်းပွဲများတွင် ဒေါပုံမြိုနယ် ပါတီအတွက် ပါဝင်လှုဒါန်းပေးလျက်ရှိသော (၅)ကြိမ်နှင့်အထက် ပါတီဝင်သွေးလှုရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲနနှင့် မြိုနယ် နှင့်ရပ်ကွက် ပပါတီအမှုဆောင်များ၏ သားသမီး ကျောင်းသား/ကေျာင်းသူများအား စာအုပ် နှင့်စာရေးကရိယာ ပစ္စည်းများ ထောက်ပံ့လှုဒါန်းခြင်း အခမ်းအနားကို ဒေါပုံမြိုနယ် ပါတီရုံးခန်းမတွင်(၆.၈.၂၀၂၃) နေ့လည်(၁)နာရီက ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင် ဗိုလ်တထောင်ခရိုင် ပါတီဥက္ကဋ္ဌ ကအဖွင့်အမှာစကားပြောကြား ပြီး  သွေးလှူရှင်(၁၀)ဦး အားဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်းနှင့် ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခြင်း၊ ရပ်ကွက်အမူဆောင်များ၏ သားသမီးကျောင်းသူကျောင်းသား(၁၉)ဦးအားဗလာစာအုပ်(၁)ဒါဇင်နှင့်စာရေးကရိယာပစ္စည်းများအား ထောက်ပံ့ကူညီပေးခြင်း၊ကျန်းမာရေးမကောင်းနေသော ရပ်စည်းအမူဆောင် များအား ကျန်းမာရေး ဆေးကုသမူစရိတ်ထောက်ပံ့ကူညီမူများကိုဆောင်ရွက်ခဲ့ကြပါသည်။

အဆိုပါဂုဏ်ပြုပွဲအခမ်းအနားသို ပြည်ခိုင်ဖြိုး ပါတီ အရန် ဗဟိုကော်မတီဝင် ဗိုလ်တထောင်ခရိုင် ပါတီ ဥက္ကဌ ဦးညဏ်ဝင်းထိုက်  ၊ ဗိုလ်တထောင်ခရိုင် ပြည်ခိုင်ဖြိုးပါတီ နာယက ဦးဝေဇင် ၊ခရိုင်ပါတီအတွင်းရေးမှူး ဒေါ်လဲ့လဲ့အေး၊ ဘဏ္ဍာရေးမှူး ဒေါ်အေးအေးမွန်၊ ဒေါပုံမြိုနယ် ပါတီ ဥက္ကဌ ဦးသက်နိုင် နှင့်မြိုနယ် ပါတီကော်မတီဝင်များ ရပ်ကွက်ပါတီအမူဆောင်များ  ဂုဏ်ပြုခံသွေးလှူရှင်များ၊ ကျောင်းသူကျောင်းသားများ ရပ်ကွက်အမာခံပါတီဝင်များ ၅၅ဦးအင်အား တက်ရောက်ခဲ့ကြပြီး ဂုဏ်ပြုပွဲအခမ်းအနားအား ညနေ (၃)နာရီ အချိန်ထိကျင်းပပြုလုပ်ခဲ့ကြပါသည်။